ရုပ်ရှင် အကြိုခံစားခြင်း

THE PRESENCE

ဒီကနေ့တော့ ပရိသတ်တွေအ တွက် ရုံတင်ပြသတော့မယ့် ထိုင်း သည်းထိတ်ရင်ဖိုဇာတ်ကားလေး ကို ဖော်ပြလိုက်ပါတယ်။


ဩောမ်ဟာ ထိတ်လန့်စရာ ကောင်းတဲ့ အိပ်မက်တွေကို ခုတစ်လော ဆက်တိုက်ဆိုသလို မက်နေပြီး ဘာတွေကို ဘယ်လို မက်မှန်းမသိ၊ အကြောင်းအရာ လည်း ရှင်းပြလို့မရဖြစ်နေခဲ့ပါ တယ်။ အဲဒီလို အိပ်မက်ဆိုးတွေ မက်ပြီးတိုင်းမှာ သူ့ကျန်းမာရေး အခြေအနေကလည်း ပိုပိုဆိုးလာ ခဲ့ပါတယ်။

တစ်ရက်မှာတော့ အပြောင်း အလဲဖြစ်အောင်လို့ဆိုပြီး ဩောမ် ဟာ သူ့သူငယ်ချင်းတွေနဲ့အတူ သူ့အဘွားနေတဲ့ရွာဆီကို အလည် အပတ်ခရီးထွက်ခဲ့ပါတယ်။ နေ ရာလည်း သေချာမသိဘဲသွားရင်း ညအချိန်မတော်မှ သူ့အဘွားအိမ် ကို ရောက်သွားခဲ့ပါတယ်။

အဲဒီအိမ်မှာ ဩောမ်ရဲ့ အဘွားအပြင် တခြားအမျိုးသမီး တွေလည်းရှိနေပြီး ဩောမ်ရဲ့ အဘွားက အိပ်ရာထဲမှာ လှဲအိပ် နေတဲ့ ပုံစံမျိုးနဲ့ တွေ့ခဲ့ပါတယ်။ ဘာတွေဖြစ်ကုန်လဲ မေးမြန်းတဲ့ အခါမှာလည်း ရွာခံအမျိုးသမီး တွေက ဩောမ်ရဲ့ အဘွားဟာ သူ့ဘာသာတစ်ယောက်တည်းနေ ထိုင်ကြောင်း၊ အခုလိုအိပ်ရာထဲ လဲနေတာဟာ နှစ်နဲ့ချီနေပြီဖြစ်ပြီး သူ့မြေးတွေကလည်း စွန့်ပစ်ခဲ့တာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

နောက်ပြီး အဘွားကို ရပ်ထဲ ရွာထဲကလည်း လေးစားချစ်ခင် ကြကြောင်း ပြောပြခဲ့ပါတယ်။ အဲဒါနဲ့ ဩောမ်နဲ့ သူငယ်ချင်းတွေ ဟာ အဘွားရဲ့အိမ်မှာပဲ စတည်း ချခဲ့ကြပါတယ်။ ဒီလိုနဲ့နေရင်း အဘွားရဲ့ ထူးဆန်းတဲ့ အဖြစ်အ ပျက်တွေ ကြုံခဲ့ရပါတယ်။ အဘွားလမ်းလျှောက်နေတာကို တွေ့သူ တွေ့နဲ့ ချောက်ချားစရာတွေ ကြုံ ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ဩောမ်နဲ့ သူငယ်ချင်းတွေဟာ အဘွားရဲ့ အိမ်ကနေထွက်သွားဖို့ လုပ်ခဲ့ပေ မယ့် ဘယ်သူမှ ထွက်သွားခွင့်မရ ဘဲ ထိတ်လန့်စရာတွေနဲ့ချည်း ထိပ်တိုက်တိုးပါတော့တယ်။

ဩောမ်ရဲ့ အဘွားအိမ်မှာ ဘယ်လိုကျိန်စာမျိုးတွေရှိနေတာ လဲ၊ ဩောမ်ရဲ့ အိပ်မက်ဆိုးတွေ က သူ့အဘွားနဲ့ ဆက်စပ်မှုရှိနေ တာလား၊ ဩောမ်နဲ့ သူငယ်ချင်း တွေ အခြောက်အလှန့်တွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကြည့်ဖို့ဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာ Chanaphon Rinla ရဲ့ လက်ရာဖြစ်ပြီး KongnatChoeisuwan Waraporn, Wiphak Nattapat Tananonkit-tiyot, Aujjima Kosuma Ratchaphon Charoenkusol တို့က သရုပ်ဆောင်ထားတာပါ။