အိမ်ရှင်အားသာချက်ဖြင့် ဆော်ဒီအာရေးဗီးယားကို ရုရှားအနိုင်ကစားမည်

အိမ်ရှင်ဖြစ်၍ ခြေစစ် ပွဲအဆင့်ကို ရှောင်လွှဲကာဝင်ခွင့်ရခဲ့သော ရုရှားသည် ဆော်ဒီအာ ရေးဗီးယားနှင့် ကမ္ဘာ့ဖလားပထမ ဆုံးပွဲတွင် အိမ်ရှင်အားသာချက် ဖြင့် အနိုင်ကစားမည်ဖြစ်သည်။


၂၀၀၈ နောက်ပိုင်းအုပ်စုအ ဆင့် မကျော်လွှားနိုင်ခဲ့သောရုရှား အသင်းတွင် ကွင်းပြင်ပပြဿနာ များလည်း ရှိနေကာ ကစားသမား များနှင့် နည်းပြများကြား အငြင်း ပွားမှုများရှိနေကြောင်း သတင်း ထွက်နေသည်။ ရုရှားသည်၂၀၁၇ အောက်တိုဘာက တောင်ကိုရီး ယားကိုနိုင်ပြီး နောက်ပိုင်းငါးပွဲအ ထိ နိုင်ပွဲပျောက်ဆုံးကာ ဖီဖာအ ဆင့်သတ်မှတ်ချက် နံပါတ်(၇၀) နေရာသို့ ကျဆင်းခဲ့သည်။

အိမ်ရှင်ကို ရင်ဆိုင်မည့် ဆော်ဒီအာရေးဗီးယားသည် ယခု နှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် ပြီးနောက် နည်းပြနှစ်ဦးကို ထုတ် ပယ်ထားပြီး မကြာမီက ခန့်ထား သော နည်းပြဟွန်အန်တိုနီယိုပီဇီ က ဦးဆောင်မည်ဖြစ်သည်။ ၎င်း သည် ချီလီကိုခြေစစ်ပွဲအောင်မြင် အောင် စွမ်းဆောင်နိုင်ခြင်းမရှိဖြစ် ခဲ့ပြီးနောက် ဆော်ဒီအာရေးဗီးယားကို ကိုင်တွယ်ခဲ့သည်။

အုပ်စု (A) တွင် ဆော်ဒီအာ ရေးဗီးယားအပြင် အီဂျစ်၊ ဥရုဂွေး တို့နှင့် ရင်ဆိုင်ရမည့် ရုရှားသည် အုပ်စုအဆင့်မှ လွတ်မြောက်ရေး အခြေအနေ ကောင်းစေရန် ပွဲဦး ထွက်အနေဖြင့် ဆော်ဒီအာရေးဗီး ယားကို အနိုင်ကစားရမည်ဖြစ် သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၃၂ သင်းတွင် ကမ္ဘာ့အဆင့်သတ်မှတ် ချက် အနိမ့်ဆုံးရုရှားသည် ၂၀၁၆ ကချီလီကို ကိုပါအမေရိကချန်ပီ ယံဖြစ်အောင် ဦးဆောင်ခဲ့သည့် နည်းပြပီဇီ၏ ဆော်ဒီအာရေးဗီး ယားအသင်းကို အနိုင်ရရေး ကြို တင်ပြင်ဆင်မှုများ ကောင်းစွာပြု လုပ်ထားသည်။

ဆော်ဒီအာရေးဗီးယား အဓိ ကကွင်းလယ်လူအဗ္ဗဒူလာအိုတေ က ယခုပြိုင်ပွဲတွင် ၎င်းတို့အနေ ဖြင့် အခြားအသင်းများတုန်လှုပ် အောင် လုပ်ဆောင်နိုင်မည်ဟု ယုံ ကြည်ကြောင်း ပြောကြားသည်။

ရုရှားဘောလုံးသမဂ္ဂဒုဥက္ကဋ္ဌ ဆာဂျေးအနော့ခ်ဟင်က ဆော် ဒီအာရေးဗီးယားနှင့်ပွဲတွင် ၎င်းတို့ အသင်း ရလဒ်ကောင်းထွက်ပေါ် မည်ဟု မျှော်လင့်ကြောင်း ပြော သည်။ သို့သော် ရုရှားလိဂ်တွင် တစ်သင်းစီတွင်တစ်ပွဲ၌ ရုရှား ကစားသမား အနည်းဆုံး ငါးဦး ပါဝင်ကစားရမည်ဆိုသော စည်း မျဉ်းကြောင့် လက်ရွေးစင်အသင်း တိုးတက်ရေး အဟန့်အတားဖြစ်ခဲ့ ရသည်။ ယခုပြိုင်ပွဲကို အိမ်ရှင်အ ဖြစ် ငွေကြေးမြောက်မြားစွာ ကုန် ကျခံထားသည့် ရုရှားသည် သမိုင်းသစ်ရေးထိုးရန် ကြိုးပမ်း မည်ဖြစ်သည်။

—Ref:Guardia/Soccer

Top News