■ အားကစား သတင်းတိုများ

သြဂုတ် ၁၁ ရက်မှ မေလ ၁၉ ရက်အထိ ကျင်းပမည့် ၂၀၁၈-၁၉ပရီးမီးယားလိဂ် ရာသီပွဲ ၃၈၀ အတွက် ရက်စွဲများကို ဇွန်လ ၁၄ရက်တွင်ဗြိတိန်စံတော်ချိန် ၉ နာရီ၌ ကြေညာမည်ဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ်သုံးခဲ့သောစပါးအသင်းက ယင်းကိုအိမ်ကွင်းအဖြစ် ဆက်သုံး၊ မသုံး ဇွန်လ ၁၅ ရက်၌အတည်ပြုရမည်ဖြစ် သည်။


ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲ မစတင်မီ အင်္ဂလန်ဘောလုံးပရိသတ်များ အနက် ပြဿနာရှာလေ့ရှိသူ ၁,၂၀၀ ကျော်ကို ယင်းပြိုင်ပွဲသွားရောက် မကြည့်ရှုရန် တားမြစ်ပြေီး နိုင်ငံကူးလက်မှတ်များကို သိမ်းယူထား ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနကပြောပြီး နောက်ထပ်ကျန်ရှိသူ ၅၈ ဦးကို ဆက်လက်ခြေရာခံမည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်သည် အီဂျစ်အတွက် ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှု ပြည့်ဝရန် ကြိုးပမ်းနေစဉ် အီဂျစ်နည်းပြ ဟတ်တာကူးပါးက မိမိတို့အသင်းသည် ဆာလက်တစ်ဦးတည်းအပေါ် မှီခိုနေရသော အသင်းမဟုတ်ဘဲ ၎င်းမပါဘဲ အထင်ကြီးလောက်စရာ များ လုပ်ပြနိုင်သည်ဟု ပြောသည်။

ဘိုလော့ဂ်နာအသင်းက အေစီမီလန်တိုက်စစ်မှူးဟောင်း အင်ဇာ ဂီကို ရောဘတ်တို ဒိုနာဒိုနီ၏ နေရာတွင် အစားထိုးကာ ၂၀၂၂ ဇွန်လအထိ သက်တမ်းရှိသော စာချုပ်ဖြင့် နည်းပြသစ်အဖြစ်ခန့်အပ် ကြောင်း တရားဝင်ကြေညာသည်။

ယခုလအစောပိုင်းက ဂျေရုဆလင်မြို့တွင် ကျင်းပရန် စီစဉ်ထား သောပွဲ ပျက်ခဲ့သည့်အစ္စရေး- အာဂျင်တီးနား ခြေစမ်းပွဲမတိုင်မီ လှုံ့ ဆော်သည်ဆိုသော ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာဂျော် ကို ဖီဖာက စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ် စတင် နေကြောင်း အစ္စရေးဘောလုံးအဖွဲ့ချုပ်က ကြေညာ သည်။

ကမ္ဘာ့ဖလားအကြိုနေ့က မော်စကိုမြို့တွင် ပြုလုပ်သော ဖီဖာညီ လာခံတွင် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ယင်းဥက္ကဋ္ဌရာထူးအတွက် ထပ် မံရွေးကောက်ခံမည်ဟု ပြောသည်။ ၂၀၁၆ ဖေဖော်ဝါရီက ဥက္ကဋ္ဌဖြစ် လာသူ အင်ဖာတီနိုက ၂၀၁၉ ဇွန်လ၌ပါရီမြို့တွင် ပြုလုပ်မည့် ရွေး ကောက်ပွဲ၌ပါဝင်မည်ဟု ပြောသည်။

Top News