အက်သလက်တီကိုက သောမတ်စ်လီမာကို ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူ

 မိုနာကို ကြယ်ပွင့် သောမတ်စ်လီမာကို ခေါ်ယူရန် သဘောတူညီချက်ရရှိခဲ့သည်ဟု အက်သလက်တီကိုမက်ဒရစ်အ သင်းက ကြေညာပြီး ယူရိုသန်း ၆၀ ပေးချေခဲ့ရသည်ဟု သတင်း များက ဖော်ပြသည်။


အသက် (၂၂) နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကို အာဆင် နယ်နှင့် လီဗာပူးတို့က စိတ်ဝင်စား ခဲ့သော်လည်း ယခုအခါ ၎င်းသည် လာလီဂါသို့ ဦးတည်တော့မည့်ပုံ ပေါ်သည်။

လီမာသည် ၂၀၁၅-၁၆  ဘောလုံးရာသီမတိုင်မီက ကာ အင်မှ မိုနာကိုသို့ ပြောင်းရွှေ့ခဲ့ ပြီး လီဂူးဝမ်း၏ အကောင်းဆုံးဘယ် တောင်ပံ ကစားသမားဖြစ်လာ သည်။

မိုနာကိုအသင်း လီဂူးဝမ်း ချန်ပီယံ ဖြစ်ခဲ့သော ၂၀၁၆-၁၇ ရာသီတွင် လီမာက ၁၄ ဂိုးသွင်း ယူပြီး ဂိုး သွင်းခွင့် ၁၇ ကြိမ်ဖန်တီး ကာ အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက်အောင် ကူ ညီခဲ့သည်။

ဂရစ်ဇ်မန်းသာ အက်သ လက်တီကိုတွင် ဆက်နေပါက လီမာသည် ၎င်း၏လက်ရွေးစင်အ သင်း ဖော်နှင့်အတူ အက်သလက် တီကိုတွင် ကစားခွင့်ရမည်ဖြစ် သည်။

ဂရစ်ဇ်မန်းက နွေရာ သီတွင် ဘာစီလိုနာသို့ ပြောင်းရွေ့နိုင်ခြေ နှင့် ပတ်သက်၍ ၎င်းအနေဖြင့် ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင်း၊ သို့သော် လူသိရှင်ကြားထုတ်ဖော် ပြောကြားရန် အဆင်သင့်မဖြစ် သေးကြောင်း ယမန်နေ့က ဖွင့်ဟ ခဲ့သည်။

အက်သလက်တီကို အနေ ဖြင့် အသင်းအပေါ် ရင်းနှီးမြှုပ်နှံမှု လုပ်ရန် ဂရစ်ဇ်မန်းက တိုက်တွန်း ပြီး ယခုအခါ လီမာရောက်ရှိလာ ခြင်းသည် အက်သလက်တီကိုက ၎င်းတို့ ကြယ်ပွင့်၏ အကြံပေး ချက်ကို လက်ခံသည့် သဘောဖြစ် သည်။

လီမာနှင့် ဂရစ်ဇ်မန်းသည် စနေနေ့တွင် သြစတြေးလျနှင့် ကစားမည့် ပြင်သစ်အသင်း၌ ပါဝင်နေပြီး ပီရူး၊ ဒိန်းမတ်တို့နှင့် လည်း ဆက်လက်ရင်ဆိုင်ရမည် ဖြစ်သည်။

—Ref:Goal

Top News