ပဲခူးခရိုင်တရားရုံးတွင် အချုပ်သားတစ်ဦးကို ရုံးထုတ်စစ်ဆေးစဉ် အော်ဟစ်ဆူပူ၍ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ထိန်းသိမ်း

လူသတ်မှုအပြင် အ ခြားပြစ်မှုတစ်ခုပါ ကျူးလွန်ခဲ့ ကြောင်း စွပ်စွဲခံရကာ တရားရင် ဆိုင်နေရသည့် အချုပ်သားတစ် ဦး အော်ဟစ်ဆူပူသောင်းကျန်း သဖြင့် ရဲတပ်ဖွဲ့က သေနတ် ပစ်ဖောက်ထိန်းသိမ်းခဲ့ရသည်။ 

ပဲခူးခရိုင်တရားရုံးနှင့် မြို့ နယ်တရားရုံးတွင် ပြစ်မှုနှစ်ခုဖြင့် တရားရင်ဆိုင်နေရသည့် အ သက် (၃၉)နှစ်အရွယ် ဦးခင် မောင်ထွေးကို ဇွန်လ ၁၂ရက်က တရားရုံးအချုပ်တွင် တရားရုံးမှ  အမှုစစ်ဆေးရာ၌ ကြာမြင့်သည့် အပေါ်မကျနပ်ကြောင်း အော် ဟစ်ပြောသည့်အပြင်  ထောင်သို့ ပြန်ပို့ရန် အချုပ်ယာဉ်ပေါ်ခေါ် ဆောင်မှုကိုလည်း ငြင်းဆန်ကာ ၎င်းမကျေနပ်သည်များ အော် ဟစ်ပြောဆိုနေခဲ့ကြောင်း  ပဲခူး တိုင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲ အရာရှိတစ်ဦးက ပြောသည်။ 

‘‘ဖြစ်သွားတာဟုတ်တယ်။ ရုံးထုတ်လာရင်မအော်တော့ဘူး။  ရုံးထုတ်ရင်မဖြစ်ဘူး။ တရားရုံး အချုပ်မှာထားတဲ့အချိန်ဆို အော် ဟစ်ဆူပူသောင်းကျန်းတာ။ ရုံး ထုတ်တုန်းဖြစ်ရင်တော့ တို့က ထိန်းသိမ်းမှာ။ အချုပ်ထဲမှာဖြစ် တာဆိုတော့ ရဲကထိန်းသိမ်းရ မှာ။ သူကလည်း အချုပ်ထဲပဲအဲ ဒီလိုဖြစ်တယ်’’ ဟုပဲခူးတိုင်းတရား  ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ထို့နောက်ရဲအရာရှိများက ဦးခင်မောင်ထွေးကို အချုပ် ယာဉ်ပေါ်တက်ရန် ပြောဆိုနေ စဉ်နာခံမှုမရှိဘဲ အော်ဟစ်ပြော  ဆိုကာ ရုန်းကန်နေသဖြင့် တရား ရုံးရဲတပ်ဖွဲ့ဝင်များက အသင့်အ နေအထားဖြင့် စောင့်ကြပ်နေစဉ် ရဲတပ်သားတစ်ဦးက ၎င်းကိုင် ဆောင်ထားသည့် ၁၂ ဗို့ပြောင်း ချောသေနတ်ဖြင့် မြေကြီးပေါ်သို့ စိုက်ကာခြောက်လှန့်ပစ်ခတ်ခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှ အကြီး  တန်းရဲအရာရှိတစ်ဦးကပြော သည်။ 

‘‘သူကအပေါ်ထောင်ရင်လူ တွေမှန်မှာစိုးလို့ မြေကြီးကို စိုက် ပြီးပစ်လိုက်ရတာ။ တရားခံက အချုပ်ကားပေါ်မတက်လိုဘူးပေါ့ ဗျာ။ ဆူပူသောင်းကျန်းရတဲ့ အဓိ ကအကြောင်းရင်းက တရားရုံးကို မကျေနပ်လို့ပေါ့’’ ဟု ၎င်းကဆို သည်။ 

ခြောက်လှန်ပစ်ခတ်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။၎င်းသည် ပဲခူးမြို့နယ်တရားသူကြီး (၁) တရားခွင်တွင် ရာဇ၀တ်မကင်းသောကျော်နင်းမှု၊ နာကျင်စေမှု၊ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှုတို့ဖြင့် တရားရင်ဆိုင်နေရပြီး ပဲခူးခရိုင် တရားသူကြီး (၄) တရားခွင်တွင်လည်း လူသတ်မှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှု၊ အားပေးကူညီမှုတို့ဖြင့်တရားရင်ဆိုင်နေ ရသူဖြစ်သည်။  

Top News