ဟုမ္မလင်းဆိပ်ကမ်းတွင် စက်လှေမှောက်၍ အမျိုးသမီးတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရေယာဉ်နစ်မြုပ်သည့်နေရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ဓာတ်ပုံ − မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ဟုမ္မလင်းဆိပ်ကမ်းတွင် ချင်းတွင်းမြစ်အတွင်း စက်လှေ  တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး  သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။ 

ဟုမ္မလင်းမြို့ဆိပ်ကမ်းတွင် ဟုမ္မလင်း-ကောယားပြေးဆွဲနေ သော သစ်သားခွံစက်လှေတစ်စီး သည် ဇွန်လ ၁၃ ရက်မွန်းလွဲ ၁ နာရီခန့်က တိမ်းမှောက်ခဲ့သည်။ 

‘‘သေဆုံးတာတစ်ဦးတည်း ပါ။ အသက် (၅၂)နှစ် ကောယား ကျေးရွာ နေထိုင်တဲ့အမျိုးသမီးပါ။  ရေစီးအားကြောင့် ပဲ့ထိန်းတာ ကျွမ်းကျင်မှုမရှိလို့ တိမ်းမှောက် သွားတယ်လို့ သိရပါတယ်။ ဟုမ္မလင်းဆိပ်ကမ်းကထွက်တဲ့ အချိန်ရေစီးနဲ့ စက်လှေက တိမ်းမှောက်သွားလို့ ရစက (ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီ)၊ ရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရတယ်’’ ဟု ဟုမ္မလင်းမြို့မရဲစခန်း ခေတ္တစခန်းမှူး  ရဲအုပ်နိုင်ဌေးက ပြောသည်။ 

ဟုမ္မလင်း-ကောယား ပြေး ဆွဲနေသော စက်လှေသည် ဟုမ္မ လင်းမြို့မှ စတင်ထွက်ခွာစဉ် တိမ်းမှောက်ခဲ့သည်။ စက်လှေ ပေါ်တွင် ရေယာဉ်မောင်းအပါအ ၀င်  ၂၉ ဦး လိုက်ပါခဲ့ပြီး ရေယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်  သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ စိုး ရိမ်ဖွယ်မရှိကြောင်း ၎င်းကဆို သည်။ 

‘‘မိုးကလည်း ရွာနေတဲ့အ ချိန် မြစ်ထဲမှာ လှိုင်းလည်းပုတ် နေတယ်။ အခုတိမ်းမှောက်တဲ့ စက်လှေက ဟုမ္မလင်း-ကော ယား နေ့စဉ်ပြေးဆွဲနေတဲ့ စက် လှေပါ။ ရေလှိုင်းနဲ့ ပုတ်ပြီး တိမ်း မှောက်တယ်လို့ပြောတယ်’’ ဟု ဟုမ္မလင်းမြို့ဒေသခံ တစ်ဦးက ပြောသည်။ 

အဆိုပါစက်လှေ တိမ်း မှောက်မှုနှင့် ပတ်သက်ပြီး ကော ယားကျေးရွာနေအသက် (၂၃) နှစ် အရွယ်ရေယာဉ်မောင်းသူကို ဟုမ္မလင်းမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က (မဆင်မခြင် ပေါ့လျော့မှု ကြောင့်လူသေမှု) ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။ 

Top News