ဆိုင်ကယ်ကယ်ရီမောင်းသူကိုသတ်ပြီး လုယက်သည့် အမျိုးသားသုံးဦးကို ဖမ်းမိ

 ထောက်ကြန့်မြို့နယ် တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင် သူအမျိုးသားတစ်ဦးကို စတီးရိုး တပ်ကတ်ကြေးဖြင့်ထိုးသတ်ကာ ဆိုင်ကယ်လုယက်သည့်အမျိုး သားသုံးဦးကို ဖမ်းဆီးအရေးယူ ထားကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လူသတ်မှုနှင့်ပတ်သက်၍ စွပ် စွဲခံထားရသူသုံးဦးသည်လွန်ခဲ့ သည့်သုံးလခန့်က လုယက်မှုဖြင့် ထောင်မှလွတ်လာသူများဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သွားလာတတ် သည့် လက်နက်အမျိုးအစားနှင့် ယခုလူသတ်မှုဖြစ်ပွားရာနေရာ အနီး တွေ့ရှိသည့်လက်နက်အမျိုး အစားတူနေသဖြင့် ဇွန်လ ၁၂ ရက်မွန်းလွဲတွင် ဖမ်းဆီးစစ်ဆေး ရာမှ လူသတ်မှုပေါ်ပေါက်ခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ထုတ်ပြန် ချက်၌ဖော်ပြထားသည်။

လူသတ်မှုဖြင့် ဖမ်းဆီးခံထား ရသူသုံးဦးသည် အသက်(၂၇)နှစ် အရွယ်ဖိုးလပြည့်၊ (၂၄)နှစ်အ ရွယ်ရဲနိုင်လင်းနှင့် (၂၁)နှစ်အရွယ် နိုင်လင်းထွန်းတို့ဖြစ်ပြီး ၎င်းတို့ သည် ဇွန်လ ၁၁ ရက်နံနက်က လူ သတ်မှု ကျူးလွန်ခြင်းဖြစ် ကြောင်း၊ ဖိုးလပြည့်က ဆိုင်ကယ် ၀ယ်ရန်ငွေလိုနေသည်ကို ပြောပြ သဖြင့် ၎င်းတို့သုံးဦးဆိုင်ကယ် လုရန်တိုင်ပင်ခဲ့ပြီး ကိုသန်းဇော် ၀င်းဆိုသူထံမှ ဆိုင်ကယ်တစ်စီး ကျပ် ၅,၀၀၀ ဖြင့်ငှားရမ်းကာ ကျိုက္ကလဲ့ဘုရားရှေ့ရှိ ကယ်ရီ ဂိတ်သို့ သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက်ဖိုးလပြည့်က ဆိုင် ကယ်ကယ်ရီသမားတစ်ဦးကို တိုက်ဂါးဘီယာစက်ရုံဘက်သို့ လိုက်ပို့ရန် ကျပ် ၃,၀၀၀ ဖြင့် ငှား ခဲ့ပြီး နိုင်လင်းထွန်းနှင့် ရဲနိုင်လင်း တို့နှစ်ဦးက အခြားဆိုင်ကယ်ဖြင့် နောက်မှလိုက်ခဲ့ကြောင်း ရဲတပ် ဖွဲ့က စစ်ဆေးဖော်ထုတ်ချက်ကို ထုတ်ပြန်ထားသည်။

တိုက်ဂါးဘီယာစက်ရုံလမ်း ကြားအရောက်တွင် ဖိုးလပြည့်ကပိုက်ဆံမပါလာသဖြင့် ရဲနိုင်လင်းထံ လိုက်ယူရမည်ဟုပြောဆိုကာ ရွှေနံ့သာကျေးရွာရှိ လူပြတ်သည့်လမ်းကြားသို့ ခေါ်ဆောင်ကာ လမ်းကြားသို့အရောက်၌ နိုင်လင်းထွန်းနှင့် ရဲနိုင်လင်းတို့နှစ်ဦးရောက်လာပြီး ဆိုင်ကယ်လုယက်ခဲ့သည်။

ထိုသို့လုယူနေစဉ် နိုင်လင်း ထွန်းက စတီးရိုးတပ်ကတ်ကြေး တစ်ဖက်ချွန်ဖြင့် ဆိုင်ကယ်ကယ် ရီမောင်းနှင်သူကို ထိုးပြီး သေ ဆုံးသူ၏လက်ကိုင်ဖုန်းကို အခင်း ဖြစ်နေရာအနီးရှိ ရေမြောင်းအ တွင်းလွှင့်ပစ်ကာ လုယူသည့်ဆိုင် ကယ်ကို ရဲနိုင်လင်း၏နေအိမ်အ နောက်ဘက်တွင် ၀ှက်ထား ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ကလူသတ်မှုဖြစ် စဉ်တစ်လျှောက်ပတ်သက်နေ သည့် ဆိုင်ကယ်နှစ်စီး၊ သေဆုံးသူ လက်ကိုင်ဖုန်း၊ အနီရောင်တိတ် ပတ်ထားသည့် စတီးရိုးတပ်ကတ် ကြေး၊ စတီးတူချွန်တို့ကို သက် သေအဖြစ် သိမ်းဆည်းခဲ့ပြီးအခြား ပြစ်မှုများကျူးလွန်ထားခြင်းရှိ၊ မရှိဆက်လက်စစ်ဆေးနေသည်။

ဇွန်လ ၁၁ ရက် ညနေက ရွှေနံ့သာကျေးရွာ နှင်းဆီလမ်းတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အသက် (၂၅)နှစ်အရွယ်အမျိုးသားအလောင်း တွေ့ရှိခဲ့မှုအပေါ် ထောက်ကြန့်နယ်မြေရဲစခန်းက လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူဟုယူဆရသည့်အမျိုးသားသုံးဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

Top News