ကျော်ထူးနဲ့တွဲပြီး ဟာသဇာတ်လမ်းတိုတွေ ရိုက်ကူးထားတဲ့ ဖြိုးငွေစိုး

 ဟာသသရုပ်ဆောင် ကျော်ထူးနှင့် တွဲဖက်၍ဟာသမီနီ စီးရီးများဖန်တီးထားပြီး ပထမဆုံး အနေဖြင့် ‘ထို့ကြောင့် ဤအရာကို အရက်ဟုခေါ်သည်’ ဟု အမည် ပေးထားသည့်စီးရီးတိုကို မကြာမီ အွန်လိုင်းတွင် တင်ပေးမည်ဖြစ် ကြောင်း သရုပ်ဆောင်ဖြိုးငွေစိုးက ပြောသည်။

‘‘ကျွန်တော်နဲ့ကိုကျော်ထူးနဲ့ အပျော်စကြ နောက်ကြတာကို ပရိသတ်ကကြိုက်ကြတယ်။ တ ချို့ကလည်း ထပ်ပြီးလုပ်စေချင် တယ်။ ကျွန်တော်နဲ့သူနဲ့အတွဲကိုမှ ပရိသတ်ကြိုက်တဲ့ပုံစံမျိုးလေးဖြစ် အောင် ဇာတ်လမ်းပုံစံလေးရိုက် ထားတယ်။ အားလုံးစုပြီး ကြိုးစား ထားတာပါ’’ ဟု ၎င်းကပြော သည်။ယင်းဟာသဇာတ်လမ်းတို တွင် ဇာတ်ကောင်အဖြစ် အရက် ပုလင်းတစ်လုံးနှင့် လူသုံးဦးပါဝင် ပြီး အပိုင်းသုံးဆယ်ခန့်ရှိသည်။

ဟာသစီးရီးတိုတွင် ၎င်းက ဇာတ်လမ်းပိုင်း တာဝန်ယူပြီး ကျော်ထူးနှင့်၎င်းက ပင်တိုင်အနေ ဖြင့် ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး အွန်လိုင်းမှ တင်မည်ဖြစ်သော ကြောင့် ဖုန်းနှင့်အလွယ်တကူ ကြည့်နိုင်ရန် အချိန်ပိုင်းခြားသတ် မှတ်၍ တင်ပေးမည်ဆိုသည်။

ဖြိုးငွေစိုးသည် ယခင်က ဟာသဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ဖူးကာ အမူအရာ နှင့်ဟာသကိုဖော်ပြသည့် သရုပ် ဆောင်မှုကို ရိုက်ကူးလေ့ရှိသည်။

Top News