ကော့မှူးတွင် ဘက်စုံသုံးဆိပ်ကမ်းဆောက်လုပ်ရန် လွှတ်တော်က မှတ်တမ်းတင်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ဇွန်လ ၁၃ ရက်တွင် ကျင်းပနေစဉ်(ဓာတ်ပုံ − yangonregiongovernment)

 ကော့မှူးမြို့နယ်တွင် စက်သုံးဆီ တင်သွင်းသိုလှောင် ရောင်းချရန် ရည်ရွယ်သည့်ဘက် စုံသုံးဆိပ်ကမ်းအသစ် ဆောက် လုပ်မည့်စီမံကိန်းကို လွှတ်တော် က မှတ်တမ်းတင်သည်။

 ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ သရက်တော ကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည် ဆောက်မည့် လုပ်ငန်းစီမံကိန်းအ စီရင်ခံစာကို တိုင်းအစိုးရက လွှတ် တော်သို့ တင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ်များဆွေးနွေး အကြံပြုချက်နှင့်အတူ မှတ်တမ်းအဖြစ် ဆုံးဖြတ်လက်ခံခဲ့သည်။


တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယခုတင်ပြသော စီမံကိန်းအစီ ရင်ခံစာသည် ဥပဒေအရ လွှတ်တော်က မှတ်တမ်းအဖြစ် အတည်ပြုပေးရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ ပြန်လည်တင်ပြလာမှသာ ပယ်ဖျက်လိုသည့်အချက်များကို လွှတ်တော်၌မဲခွဲ၍ ပယ်ဖျက်နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆိုသည်။

‘‘အကောင်းဆုံးဖြစ်အောင် အစီရင်ခံစာတင်ခိုင်းမယ်။ တင် ပြီးမှ ကျွန်တော်တို့မကြိုက်ရင် မဲခွဲ ဆုံးဖြတ်ပြီးတော့ တီးထည့်လိုက် မယ်။ တီးလို့ရသေးတဲ့ ဟာတွေ ရှိသေးတယ်’’ဟု ၎င်းက ပြော ကြားသည်။

ယင်းဆိပ်ကမ်းကို ပြည်ပ မှ စက်သုံးဆီတင်သွင်းသို့လှောင် နိုင်ရန် အဓိကထား လုပ်ဆောင်မည်ဟု လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့သည်။

‘‘တစ်နိုင်ငံလုံး အတိုင်းအ တာအနေနဲ့ နှစ်စဉ် ဂါလန်သန်း ၇၀၀ သုံးစွဲနေတာဖြစ်ပေမယ့် သို လှောင်နိုင်စွမ်းက ဂါလန်သန်းငါး ဆယ်ကျော်ပဲ ရှိပါတယ်။ ဒီအ တွက် ကျွန်မတို့ အဓိကအစီရင်ခံ တင်ပြတာကတော့ စက်သုံးဆီအ တွက်ပဲ ဖြစ်ပါတယ်’’ဟု ဒေါ်နီလာကျော်က ပြောသည်။

ထို့အပြင် ယင်းဆိပ်ကမ်းကို အိမ်နီးချင်းနိုင်ငံများ၏ကုန်းတွင်း ပိတ်ဒေသများမှ ထုတ်ကုန်များကို သယ်ယူတင်ပို့ပေးနိုင်သည်အထိ လုပ်ငန်းချဲ့ထွင်နိုင်ရန် မျှော်လင့် ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပင်လယ်မှ ပို့ကုန်တင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းကို ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့နေပြီး အနာဂတ်၌ ဖြစ်ပေါ်မည့် ပို့ကုန်၊ သွင်းကုန်အရေအတွက် တိုးမြှင့်လာနိုင်ခြင်းကြောင့် ယခုဆိပ်ကမ်း ကို တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။

၂၀၁၆ တွင် ရန်ကုန်ဆိပ် ကမ်းမှ စက်သုံးဆီကဲ့သို့ အရည် များတင်သွင်းမှုသည် တန်ချိန် ၄ ဒသမ ၂၂ သန်းရှိပြီး ၂၀၃၀ အ ရောက်၌ တန်ချိန် ၉ ဒသမ ၁ သန်းသို့ ၂၀၁၆ တွင် ကွန်တိန်နာအရေအတွက် ၁ ဒသမ ၀၆ သန်းရှိရာမှ ၂၀၃၀ တွင် ၃ ဒသမ ၆ သန်းအထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးက ပြောသည်။

ယင်းစီမံကိန်းကို အစိုးရ ဘတ်ဂျက်နှင့် နိုင်ငံတကာချေးငွေ တို့ဖြင့် တည်ဆောက်မည်မဟုတ် ဘဲ ပုဂ္ဂလိကကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဟု လည်း ၎င်းက ဆိုသည်။

ယခုတင်ပြသော အစီရင်ခံ စာသည် ကနဦးတင်ပြချက်သာ ဖြစ်ပြီး စီမံကိန်းအကောင်အထည် ဖော်မည်ဆိုပါက လုပ်ငန်းအသေး စိတ်ကို လွှတ်တော်သို့တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှသာ ဆက်လက်ဆောင်ရွက်မည်ဟု ဒေါ်နီ လာကျော်က ပြောသည်။

 အဆိုပါဆိပ်ကမ်းအသစ် တည်ဆောက်မည့် သတင်းကို ယခင်အစိုးရလက်ထက်ကတည်း က ကြားနေရပြီး စီမံကိန်းကြောင့် မြေဈေးလှုပ်ခတ်မှု မရှိသေး ကြောင်း ကော့မှူးမြို့တွင် ကုန်စုံ ဆိုင်ဖွင့်လှစ်ထားသူ ဦးစံလှက ဆိုသည်။

‘‘နေရာတော့ သေသေချာ ချာမသိဘူး။ လုပ်မယ်ဆိုတာ တော့ ကြားနေတာကြာပြီ။ စီမံ ကိန်းလုပ်ဖြစ်ရင်တော့ မြို့က ပိုပြီး ဖွံ့ဖြိုးလာနိုင်တာပေါ့’’ဟု ၎င်းကပြောသည်။

ယင်းစီမံကိန်းနှင့်ပတ်သက် ၍ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်စေရန် အသေးစိတ် တွက်ချက်စိစစ်ပြီးမှသာ ဆောင် ရွက်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု သည်။

ဝန်ကြီး ဒေါ်နီလာကျော်က ဆိပ်ကမ်းအသစ်တည်ဆောက်ရ ခြင်းအကြောင်း ရှင်းလင်းပြော ကြားပြီးနောက် လွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်မင်းက ပြန်လည်ဆွေးနွေးတင်ပြခဲ့သော်လည်း ၎င်းတင်ပြမှုမပြီးမီ လွှတ်တော်ဥက္ကဋ္ဌက တားမြစ်ခဲ့သည်။ မိုးမင်း

ရန်ကုန် - ကော့မှူးမြို့နယ်တွင် စက်သုံးဆီ တင်သွင်းသိုလှောင် ရောင်းချရန် ရည်ရွယ်သည့်ဘက် စုံသုံးဆိပ်ကမ်းအသစ် ဆောက် လုပ်မည့်စီမံကိန်းကို လွှတ်တော် က မှတ်တမ်းတင်သည်။

 ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ သရက်တော ကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်းတည် ဆောက်မည့် လုပ်ငန်းစီမံကိန်းအ စီရင်ခံစာကို တိုင်းအစိုးရက လွှတ် တော်သို့ တင်သွင်းပြီး လွှတ်တော် ကိုယ်စားလှယ်များဆွေးနွေး အကြံပြုချက်နှင့်အတူ မှတ်တမ်းအဖြစ် ဆုံးဖြတ်လက်ခံခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယခုတင်ပြသော စီမံကိန်းအစီ ရင်ခံစာသည် ဥပဒေအရ လွှတ်တော်က မှတ်တမ်းအဖြစ် အတည်ပြုပေးရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ ပြန်လည်တင်ပြလာမှသာ ပယ်ဖျက်လိုသည့်အချက်များကို လွှတ်တော်၌မဲခွဲ၍ ပယ်ဖျက်နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆိုသည်။

‘‘အကောင်းဆုံးဖြစ်အောင် အစီရင်ခံစာတင်ခိုင်းမယ်။ တင် ပြီးမှ ကျွန်တော်တို့မကြိုက်ရင် မဲခွဲ ဆုံးဖြတ်ပြီးတော့ တီးထည့်လိုက် မယ်။ တီးလို့ရသေးတဲ့ ဟာတွေ ရှိသေးတယ်’’ဟု ၎င်းက ပြော ကြားသည်။

ယင်းဆိပ်ကမ်းကို ပြည်ပ မှ စက်သုံးဆီတင်သွင်းသို့လှောင် နိုင်ရန် အဓိကထား လုပ်ဆောင်မည်ဟု လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ရှင်းလင်းပြောကြားခဲ့သည်။

‘‘တစ်နိုင်ငံလုံး အတိုင်းအ တာအနေနဲ့ နှစ်စဉ် ဂါလန်သန်း ၇၀၀ သုံးစွဲနေတာဖြစ်ပေမယ့် သို လှောင်နိုင်စွမ်းက ဂါလန်သန်းငါး ဆယ်ကျော်ပဲ ရှိပါတယ်။ ဒီအ တွက် ကျွန်မတို့ အဓိကအစီရင်ခံ တင်ပြတာကတော့ စက်သုံးဆီအ တွက်ပဲ ဖြစ်ပါတယ်’’ဟု ဒေါ်နီလာကျော်က ပြောသည်။

ထို့အပြင် ယင်းဆိပ်ကမ်းကို အိမ်နီးချင်းနိုင်ငံများ၏ကုန်းတွင်း ပိတ်ဒေသများမှ ထုတ်ကုန်များကို သယ်ယူတင်ပို့ပေးနိုင်သည်အထိ လုပ်ငန်းချဲ့ထွင်နိုင်ရန် မျှော်လင့် ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပင်လယ်မှ ပို့ကုန်တင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းကို ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့နေပြီး အနာဂတ်၌ ဖြစ်ပေါ်မည့် ပို့ကုန်၊ သွင်းကုန်အရေအတွက် တိုးမြှင့်လာနိုင်ခြင်းကြောင့် ယခုဆိပ်ကမ်း ကို တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။

၂၀၁၆ တွင် ရန်ကုန်ဆိပ် ကမ်းမှ စက်သုံးဆီကဲ့သို့ အရည် များတင်သွင်းမှုသည် တန်ချိန် ၄ ဒသမ ၂၂ သန်းရှိပြီး ၂၀၃၀ အ ရောက်၌ တန်ချိန် ၉ ဒသမ ၁ သန်းသို့ ၂၀၁၆ တွင် ကွန်တိန်နာအရေအတွက် ၁ ဒသမ ၀၆ သန်းရှိရာမှ ၂၀၃၀ တွင် ၃ ဒသမ ၆ သန်းအထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးက ပြောသည်။

ယင်းစီမံကိန်းကို အစိုးရ ဘတ်ဂျက်နှင့် နိုင်ငံတကာချေးငွေ တို့ဖြင့် တည်ဆောက်မည်မဟုတ် ဘဲ ပုဂ္ဂလိကကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဟု လည်း ၎င်းက ဆိုသည်။

ယခုတင်ပြသော အစီရင်ခံ စာသည် ကနဦးတင်ပြချက်သာ ဖြစ်ပြီး စီမံကိန်းအကောင်အထည် ဖော်မည်ဆိုပါက လုပ်ငန်းအသေး စိတ်ကို လွှတ်တော်သို့တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှသာ ဆက်လက်ဆောင်ရွက်မည်ဟု ဒေါ်နီ လာကျော်က ပြောသည်။

 အဆိုပါဆိပ်ကမ်းအသစ် တည်ဆောက်မည့် သတင်းကို ယခင်အစိုးရလက်ထက်ကတည်း က ကြားနေရပြီး စီမံကိန်းကြောင့် မြေဈေးလှုပ်ခတ်မှု မရှိသေး ကြောင်း ကော့မှူးမြို့တွင် ကုန်စုံ ဆိုင်ဖွင့်လှစ်ထားသူ ဦးစံလှက ဆိုသည်။

‘‘နေရာတော့ သေသေချာ ချာမသိဘူး။ လုပ်မယ်ဆိုတာ တော့ ကြားနေတာကြာပြီ။ စီမံ ကိန်းလုပ်ဖြစ်ရင်တော့ မြို့က ပိုပြီး ဖွံ့ဖြိုးလာနိုင်တာပေါ့’’ဟု ၎င်းကပြောသည်။

ယင်းစီမံကိန်းနှင့်ပတ်သက် ၍ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်စေရန် အသေးစိတ် တွက်ချက်စိစစ်ပြီးမှသာ ဆောင် ရွက်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု သည်။

ဝန်ကြီး ဒေါ်နီလာကျော်က ဆိပ်ကမ်းအသစ်တည်ဆောက်ရ ခြင်းအကြောင်း ရှင်းလင်းပြော ကြားပြီးနောက် လွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်မင်းက ပြန်လည်ဆွေးနွေးတင်ပြခဲ့သော်လည်း ၎င်းတင်ပြမှုမပြီးမီ လွှတ်တော်ဥက္ကဋ္ဌက တားမြစ်ခဲ့သည်။

Top News