ဖမ်းမိသည့်ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို အွန်လိုင်းဝန်ဆောင်မှုဖြင့် တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ဟု ကယားအစိုးရထုတ်ပြန်

 လွိုင်ကော်စက်မှုဇုန် ဂိုဒေါင်အတွင်း ဖမ်းဆီးရမိသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံမှ ဂိုဒေါင်အရောက် အွန်လိုင်းဝန်ဆောင်မှုဖြင့် ငွေပေး ၀ယ်ယူသည်ကို စစ်ဆေးတွေ့ရှိ ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံသားများနှင့် စပ်တူလုပ်ကိုင်မည့် ကျောက်မိုင်းခွဲလုပ်ငန်းတွင် အသုံးပြုရန် မအားတုံ (ခ) ဒေါ်မြမြစိမ်းဆိုသူက Wechat အကောင့်မှတစ်ဆင့် တရုတ်နိုင်ငံရှိ ယမ်း ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှ အွန်လိုင်းဝန်ဆောင်မှု စနစ်ဖြင့် ၀ယ်ယူပြီး ရွှေလီမြို့နေ သူငယ်ချင်း မအားရှန်က ငွေပေးချေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သည်။


ဇွန်လ ၄ ရက်က ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးနှင့် သက် ဆိုင်ရာဌာန တာဝန်ရှိသူများပါဝင် သော ကော်မတီဖွဲ့စည်း၍ ဇွန်လ ၁၁ ရက်တွင် အဆိုပါကိစ္စကို အပြီးသတ်စုံစမ်းစစ်ဆေးကာ ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြရန် ညွှန်ကြားခဲ့သည်။

သို့သော် အချိန်မီတင်ပြနိုင် ခြင်းမရှိတွင် ၀န်ကြီးချုပ်က ဇွန်လ ၁၁ ရက်တွင် ပြုလုပ်သည့် အစိုးရ အဖွဲ့ တံခါးဖွင့်အစည်းအဝေး၌ အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူအားလုံးကို ဇွန်လ ၁၈ ရက်အထိ အပြီးသတ်စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးမယူနိုင်ပါက ပြည်ထောင်စုအစိုးရသို့ တင်ပြ မည်ဖြစ်ကြောင်း ဦးအယ်လ် ဖောင်းရှိုက သတိပေးခဲ့သည်။

ထိုသို့ သတိပေးပြီးနောက် ဇွန်လ ၁၁ ရက် ညတွင်းချင်း အ ဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကနဦး စုံစမ်းဖော်ထုတ်မှုများကို ပြည် နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ ကြောင်း အစိုးရအဖွဲ့ရုံးတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

လက်ရှိတွင် တရားမ၀င် ပစ္စည်းများဝယ်ယူ၍ သိုလှောင်ရန် ဂိုဒေါင်ငှားရမ်းသည့် မအားတုံ (ခ) ဒေါ်မြမြစိမ်းကို လက်နက် ဥပဒေပုဒ်မ ၉ (စ)အရ အမှုဖွင့်အ ရေးယူထားပြီး ဂိုဒေါင်ပိုင်ရှင်အပါ အ၀င် အဆိုပါအမှုနှင့် သက်ဆိုင် သည့် ကွင်းဆက်တရားခံများအား လုံးကို ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဖြစ်စဉ်မှာ လွိုင်ကော်မြို့နယ်ရှိ စက်မှုဇုန်အတွင်း တရားမ၀င် ပစ္စည်းများ သိုလှောင်ထားကြောင်း ပြည်သူများသတင်းပေးချက်အရ ဇွန်လ ၃ ရက်တွင် ၀န်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်၍ သက်ဆိုင် ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူသွား ရောက်စစ်ဆေးခဲ့ရာ စက်မှုဇုန် ရှိ ဂိုဒေါင်တစ်ခုအတွင်း အရှည် ကိုးလက်မခန့် ၊လုံးပတ် သုံးလက်မခန့်ရှိ ယမ်းချောင်း ၄,၈၀၀ နှင့် အရှည် ၁၂ ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနှင့် တွဲလျက်အရှည် နှစ်လက်မခန့် ဒီတိုနေတာအချောင်း ၄,၀၀၀ တို့ကို တွေ့ရှိခြင်းဖြစ်သည်။

Top News