ရန်ကုန်မြစ်အတွင်း သမ္ဗန်နစ်မြုပ် လေးဦး ပျောက်ဆုံး

ရန်ကုန်မြစ်အတွင်း မော်တင်စဥ့်အိုးတန်း သမ္ဗန်ဆိပ်မှ ဒလဘက် ခြမ်း ကမာကသွယ်သမ္ဗန်ဆိပ်သို့ ထွက်ခွာလာသည့် ခရီးသည်တင်သမ္ဗန် သည် ယမန်နေ့ည ၈ နာရီခွဲတွင် နစ်မြုပ်ပြီး လေးဦးပျောက်ဆုံးနေသည်။

သမ္ဗန်သည်  ပန်ကာဒိုက်ပတ်ကာ အင်ဂျင်ရပ်တန့်၍ ဆူးလေ ဆိပ်ခံတံတားအမှတ်(၂)နှင့် အမှတ်(၃)အကြား၌ နစ်မြုပ်ခြင်းဖြစ်သည်။

သမ္ဗန်ပေါ်တွင် မောင်းနှင်သူအပါအဝင် ၁၃ ဦးလိုက်ပါပြီး ဇွန်လ ၁၃ ရက် ည ၉ နာရီခွဲအထိ ကိုးဦးရှာဖွေတွေ့ရှိကာ လေးဦးပျောက် ဆုံးနေသည်။ ရှာဖွေတွေ့ရှိသူများအနက် သုံးဦးကို ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ဆိပ် ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။‘‘ခရီးသည်တွေ ပြောတာ တော့ စက်ပျက်ပြီး Jetty (ဆိပ်ခံ တံတား)နဲ့ ပေ ၄၀ အကွာက တည်းက သမ္ဗန်သမားကို လှော် တက်နဲ့ ခတ်ခိုင်းတော့ လှော်တက် ကလည်း တစ်ချောင်းပဲပါတယ်။ Jetty နဲ့ ပေ ၂၀ လောက်အကွာ ရောက်တော့ သမ္ဗန်သမားက ခုန် ဆင်းသွားတယ်။ ခရီးသည်တစ် ယောက်က ရသလောက် ခတ် သေးတယ်။ ပထမသင်္ဘောနဲ့ လွတ်ပြီး ဒုတိယသင်္ဘောမှာ ကန့် လန့်ခံပြီး မှောက်သွားတာ’’ဟု အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေး သွားရောက် ကူညီပေးနေသည့် အမျိုးသားတစ်ဦးကပြောသည်။

ပျောက်ဆုံးနေသူများကို ရေ ကြောင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူ များက ရှာဖွေနေခြင်းဖြစ်ပြီး ယ မန်နေ့ည ၁၁ နာရီကျော်အထိ မ တွေ့ရှိသေးပေ။

၂၀၁၇ ဒီဇင်ဘာ ၂၀ ရက် နံနက်အစောပိုင်းကလည်း ကမာ ကဆစ် ဆိပ်ကမ်းဘက်မှ ရန်ကုန် ဘက်သို့ ကူးလာသည့် စက်တပ် သမ္ဗန်တစ်စီး ကမ်းစပ်နှင့် ပေ ၂၀၀ အကွာသို့အရောက်တွင် ပန် ကာဒိုက်ပတ်ကာ စက်ရပ်တန့် သွားပြီး ရေစီးဖြင့်မျော၍ စီဘီ ကုန်တွဲနှင့်တိုက်မိပြီး နစ်မြုပ်ခဲ့သ ဖြင့် သမ္ဗန်မောင်းသူ အပါအဝင် လူသုံးဦး ပျောက်ဆုံးခဲ့သည်။

Top News