ချင်းတွင်း မဂ္ဂဇင်း

ချင်းတွင်းဆိုပါက မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီး လေးစင်းတွင် အပါအ၀င်ဟု သိကြသည်။ ဤအ မည်ကိုယူ၍ စာရေးဆရာကိုတာက မဂ္ဂဇင်းထုတ်ဝေ ခဲ့ရာ ရသနှင့်သုတပေါင်းစပ်ထားသော စာအုပ်အဖြစ်ဖတ်ရှုခဲ့ရသည်။ သို့သော် ဤသို့ရည်ရွယ်ချက်ကောင်း ကောင်းဖြင့် ထုတ်ဝေသော ချင်းတွင်းသည် ကျန်းမာ ရေးမကောင်း၊ ဘက်ဆဲလားစာအုပ်တွေကြား လူး လွန့်ရုန်းကန်ရကာ ရပ်နားခဲ့ရသည်။

ယခုမူ ချင်းတွင်းကို အသစ်တစ်ဖန်မြင်ရပြန် သည်။ အမှတ်(၈၄) ဇွန်၊ ဇူလိုင်အတွက် ရည်ရွယ်ထုတ်ဝေသောချင်းတွင်းအသစ်ကို ယခင်ပုံစံအတိုင်း ရိုးရိုးရှင်းရှင်း တွေ့ရသည်။ စာကောင်းငတ်နေသူ များ အာလျပြေစေမည့်ချင်းတွင်းဖြစ်သည်။ ‘သည်လ စကား’ဆိုသော အဖွင့်တွင် ‘ချစ်ခြင်းမေတ္တာဆိုတာ ကျွန်မတို့ အားလုံးမှာ မွေးရာပါ အခြေအနေပါ။ ကြောက်ရွံ့စိတ်ဆိုတာက သင်ကြားထည့်သွင်းခံရ တာ။ ကျွန်မတို့ရဲ့ စိတ်ရင့်ကျက်မှုခရီးဆိုတာက မလို မုန်းထားအာဃာတတရားနဲ့ ကြောက်စိတ်ကို ဖယ် ရှားပြီး ချစ်ခြင်းမေတ္တာကို နှလုံးသားမှာ ပြန်လက်ခံနိုင်ဖို့ပါ’ဟူ၍ ဆိုစကားတစ်ခု ဖော်ပြထားသည်။

စာအုပ်တွင် ကဗျာ၊ ပညာရေး၊ ကမ္ဘာ့အတွေး အမြင်၊ အရှေ့တိုင်းအတွေးအမြင်၊ ယဉ်ကျေးမှု၊ မှတ်စု၊ ရသစာတမ်း၊ နှစ်ပါးသွား၊ အမွေ၊ ၀တ္ထုနှင့် အထူးကဏ္ဍဟူ၍ခွဲကာ ဖော်ပြထားသည်။ ချင်းတွင်း သည် စာအုပ်ဆိုဒ်ခပ်ပါးပါး ဖြစ်သော်လည်း ဖတ် စရာတွေ တင်းကျမ်းပြည့်နေသည်။ ဖော်ပြပါစာအားလုံးသည် တစ်ပုဒ်မျှ စွန့်ပစ်ဖွယ်မရှိ။ အနှစ်သာရပြည့်ဝသော စာများသာပါဝင်သည်။ ဂျူး၏ ရသစာ တမ်းတွင် ‘စာရေးဆရာတွေ၊ အနုပညာသမားတွေမှာ တစ်ခါတစ်ရံ Solitude လိုအပ်သည့်နည်းတူ တစ်ခါတစ်ရံ အဖော်လိုအပ်သည်။ နာကျင်မှုတွေကို မျှဝေခံစားဖို့၊ စိတ်ဒဏ်ရာတွေကို ကုသဖို့၊ အလင်း ရောင်ပျောက်နေသည့်အခါ အလင်းရောင်ဆီလမ်း ညွှန်ဖို့။ သို့ပေမယ့် အဲသည်အဖော်ဟာ ထာဝရကြင် ဖော်အိမ်ထောင်ဖက်ဖြစ်ဖို့ လိုချင်မှလိုပေလိမ့်မည်။  စာရေးဆရာညီမတစ်ယောက်က ကျွန်မကို ပြောဖူး သည်။ ‘‘ငါ့ယောက်ျားဟာ ငါ့အတွက် အဖော်မဖြစ် ဘူး’’ တဲ့’ ဟူ၍ရေးထားသည်။ ထို့အတူ မြင့်သန်း၏ ဆောင်းပါးတွင် ‘လူ့အခွင့်အရေး’ဆိုတာက တစ်ကမ္ဘာ လုံး သဘောတူလက်ခံထားတာ (လက်ခံမိလိုက်ကြ တာ) ဖြစ်ကောင်းဖြစ်မယ်။ လက်ခံထားတဲ့အတိုင်း တော့လည်း မကျင့်သုံးကြဘူး။ သီးခြားနိုင်ငံတွေကိုစိုးမိုးအုပ်ချုပ်တဲ့ နိုင်ငံရေးအာဏာရှင်တွေရဲ့ စိတ်နေ စိတ်ထားနဲ့အာဏာအရ ရရှိထားတဲ့ ‘မာန်’မှာ မူတည် တယ်။ ကုလသမဂ္ဂက ဘာပြောပြော တို့လုပ်ချင်ရာ လုပ်လို့ဖြစ်တယ်ဆိုတဲ့မူနဲ့ ရပ်တည်နေတဲ့နိုင်ငံတွေက အများသား။ ပြောစရာရှိနေတဲ့တစ်ချက်က ‘လူ့အခွင့် အရေးကြေညာစာတန်း’ဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့နောက် အနိုင်ရတဲ့နိုင်ငံတွေဆီက ထွက် ပေါ်လာတဲ့အမြင်ဆိုတာ။ ပြောမယ်ဆိုရင် သူတို့ပေ တံနဲ့ တိုင်းထွာကြည့်ရာက ရတဲ့အမြင်။ ဟိုကတည်း က ပြဿနာတစ်ခုရှိနေတယ်။ ရုရှဟာ ကွန်မြူနစ်နိုင် ငံ။ ကွန်မြူနစ်လက်ခံတဲ့ လူ့အခွင့်အရေးနဲ့ အမေရိ ကန်၊ အင်္ဂလိပ်၊ ပြင်သစ်တို့ရဲ့ လူ့အခွင့်အရေးနဲ့ တစ် သားတည်းမကျဘူး။ စံတစ်ခုတည်းမဟုတ်ဘူး။ ကို လိုနီအောက်က လွတ်မြောက်စ အိန္ဒိယမှာလည်း ဒီ လိုပဲ (အထူးသဖြင့် ဇာတ်နိမ့်၊ ဇာတ်မြင့်ကိစ္စမျိုးမှာ..။) စင်ကာပူ၊ မလေးရှား စတဲ့ တိုင်းပြည်တွေမှာလည်း ပြောစရာတွေရှိလာတယ်။ မတတ်နိုင်ဘူး။ ဒီကနေ့ ခေတ်ကာလမှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း  NGO ဆိုတာတွေက လူ့အခွင့်အရေးနဲ့ပတ်သက်လာ ရင် နိုင်ငံကြီးတွေအနေနဲ့ စစ်ရေးအရ ပါဝင်ဖို့ တိုက် တွန်းကြတယ်။ ခက်နေတာတစ်ခုက အစိုးရက ဦး ဆောင်တာမဟုတ်ပေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အ စည်းတွေကိုယ်တိုင်က အစိုးရတွေနဲ့ မကင်းကြဘူး။ ကုလသမဂ္ဂဆိုတာကြီးကိုယ်တိုင်က အဖွဲ့ဝင်နိုင်ငံ တစ်ခုခုက ငါ့နိုင်ငံကို နင်တို့မလာကြနဲ့လို့ဆိုရင်ကို မတ်တတ်ရပ်လို့ လမ်းမှာငိုပဲ။ ရှေ့ကို ဘယ်လိုတိုးရ မှန်းမသိတော့ဘူး။ နောက်ဆုံးတော့ နိုင်ငံတစ်နိုင်ငံ မှာ ဘယ်လိုနည်းအရဖြစ်ဖြစ်(ဆိုလိုတာက အာဏာ သိမ်း-သိမ်း။ မဲရွေးလို့ နိုင်-နိုင်) နိုင်ငံကို အုပ်ချုပ်ဖို့ နိုင်ငံရေးအရ လုပ်ကိုင်စွမ်းဆောင်နိုင်ခွင့်ရတဲ့ လူတစ် စု(တစ်နည်း။ နိုင်ငံရေးအာဏာရ လူတစ်စု။)ကို မကျော်လွှားနိုင်ဘူး။ ကမ္ဘာ့နိုင်ငံရေးစနစ်ဟာ ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ..။ နိုင်တာဟာ တရားတယ်ဆိုတဲ့ မာကီယာဗလ်လေရဲ့မင်းသားလေး ဆီ ပြန်သွားနေတော့တာပဲ’ ဟု ဖတ်ရပါမည်။ စာအုပ် ကို မုံရွေးစာအုပ်တိုက်က တန်ဖိုး ၂,၅၀၀ ကျပ်ဖြင့် ဖြန့်ချိပြီး ဖုန်း ၀၁-၂၉၇၀၇၂ သို့ ဆက်သွယ်နိုင်သည်။

Top News