ရခိုင်ဒေသ အခြေအနေကြောင့် ယမန်နှစ်က ခရီးစဉ် ၅၀ရာခိုင်နှုန်းခန့် ပယ်ဖျက်ဆိုင်းငံ့ခဲ့

အမရပူရမြို့နယ်ရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

၂၀၁၇ အတွင်း ရခိုင်ဒေသ  အခြေအနေများနှင့် အနောက် နိုင်ငံ မီဒီယာအချို့၏ လှုံ့ဆော် ရေးသားမှုများကြောင့် မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်မည့် ခရီး  စဉ်များ၏ ၅၀ရာခိုင်နှုန်းခန့် ပယ်ဖျက်ခြင်းနှင့် ဆိုင်းငံ့ခြင်းများ   ကြုံတွေ့ခဲ့ရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်ကပြောသည်။

 ဇွန်လ ပထမပတ်အတွင်း  ပြုလုပ်သည့် ကမ္ဘာလှည့်ခရီး သွားများ ပိုမိုလာရောက်လည်ပတ် ရေးနှင့် လာရောက်လည်ပတ်မှု လွယ်ကူရေး အစည်းအဝေး၌ ၎င်းကပြောကြားသည်။

လက်တလောအခြေအနေ အရ ရခိုင်ဖြစ်စဉ်ကြောင့် ဥရောပ နိုင်ငံသားများလာရောက်လည် ပတ်မှု လျော့နည်းနေသော်လည်း   အာဆီယံ +၃နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံသားများ ၀င်ရောက် မှုလျော့ကျခြင်းမရှိဘဲ တိုးတက် နေဖြင့် ဈေးကွက်ကြီးမားသည့် အဆိုပါနိုင်ငံများသို့ ပစ်မှတ်ထား ကာ လာရောက်လည်ပတ်မှုမြင့် တက်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့သည်။

‘‘ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံများသို့ ဈေးကွက်ပစ် မှတ်ထားပြီးလာရောက်လည်ပတ် မှုမြင့်မားရေးရည်မှန်းချက်ချမှတ် ဆောင်ရွက်နေရသလို အနောက် နိုင်ငံများရဲ့ အထင်အမြင်လွဲမှားစိုး ရိမ်မှုများအပေါ်အဖြစ်မှန်သိရှိရေး ကြိုးစားဆောင်ရွက်နေရာ လာ မယ့်ခရီးသွားကာလအတွက် ယ ခုအခါခရီးစဉ်ဝယ်ယူမှုများ ပြန် လည်ချိတ်ဆက်မှု ရှိနေပြီဖြစ် ပါတယ်’’ ဟု ဦးအုန်းမောင်  ကဆက်လက်ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် အ ပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေ ဆိပ်များ၊ နယ်စပ်ဝင်၊ထွက်ပေါက် ဂိတ်များတိုးချဲ့ဖွင့်လှစ်ခြင်း၊ ဗီဇာ စနစ်များ ပြင်ဆင်ဆောင်ရွက် ခြင်း၊ လျှော့ချခြင်း၊ ဗီဇာကင်း လွတ်ခွင့်ပေးခြင်းများဖြင့် ခရီး သည်တိုးမြှင့် ၀င်ရောက်လာစေ ရေးဆောင်ရွက်နေသည်။

ထို့ကြောင့် ဆက်စပ်ဝန်ကြီး ဌာနများ အနေဖြင့်ခရီးစဉ်ဒေ သများတွင် အေးချမ်းတည်ငြိမ်မှုရှိ သည့် အခြေအနေများကို နိုင်ငံ တကာသို့အသိပေးရေးနှင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ၀ိုင်းဝန်းကူညီ ပူးပေါင်းဆောင် ရွက်ပေးစေလိုကြောင်း ၀န်ကြီးက တိုက်တွန်းသည်။

၂၀၁၇အတွင်း နိုင်ငံတကာ  ခရီးသွားဧည့်သည် ၃ဒသမ၄သန်း ကျော်လာရောက်ပြီး ၂၀၁၆ က ထက် ၁၈ရာခိုင်နှုန်းတိုးတက်လာခဲ့ သော်လည်း မျှော်မှန်းထားသည် ထက်လျော့နည်းခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီးကဆိုသည်။

ခရီးစဉ်များပယ်ဖျက် ဆိုင်းငံ့ ခဲ့ခြင်းနှင့် ပတ်သက်၍မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက် အထွေထွေအတွင်းရေး မှူး ဦးနောင်းနောင်းဟန်က ‘‘အခု လိုဖြစ်ပြီးသွားရင် ချက်ချင်းပြန် တက်ဖို့မလွယ်ပါဘူး။ တစ်နှစ်၊  ၂ နှစ်လောက် အချိန်ပြန်ယူရတယ်။ ဒါတောင်အရမ်းကြိုးစားမှ တက်လာနိုင်တာပါ။ ရှေ့နှစ်မှာလည်း ဒီအတိုင်းဆိုကျတဲ့ဟာ ရပ်ရင်ရပ် မဟုတ်ရင် ထပ်ကျနေဦးမယ့် သဘောမှာ ရှိနေသေးတယ်’’ ဟု ပြောသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး နိုင်ငံတော်အဆင့် ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဦးဆောင် သော အမျိုးသား ခရီးသွား  ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ကို ဖွဲ့စည်းပြီး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နှစ် ဧပြီ ၂၆  ရက်၌ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးကို ဇွန်လ ပထမပတ်တွင်ပြုလုပ်ခဲ့သည်။