သရုပ်ဆောင်ကြေးကျပ်သိန်းတစ်ထောင်ကျော် အကုန်ကျခံရိုက်ကူးထုတ်လုပ်တဲ့ဇာတ်ကားအကြောင်းပြောတဲ့ ခန့်စည်သူ

ရုံတင်စနစ်အပြောင်းအလဲအရ ဇာတ်ကားများ ရုံတင်ရာတွင် ယခင်ကဲ့သို့ အကျိုးအမြတ်ရရန် မသေချာသော်လည်း ရိုက်ကူးရေးစရိတ် ကို ယခင်ထက် အကုန်အကျခံ ရိုက်ကူးနေကြောင်း ခန့်စည်သူက ပြောသည်။

‘‘ဒီအချိန်မှာတော့ ရုပ်ရှင် လောကအဆင့်အတန်းနိမ့်တယ် ပဲပြောပြော ရုံရှင်၊ ကားရှင်တွေ ကွဲ သွားတယ်၊ ဝင်ငွေတွေနည်းသွား တယ်၊ ဒါပေမဲ့ ကိုယ်တို့သည် ပို အားထည့်မယ်၊ ပိုအကုန်အကျခံ မယ်’’ဟု ခသုံးလုံးရုပ်ရှင်ထုတ် လုပ်ရေးတည်ထောင်ထားသည့် ခန့်စည်သူက ပြောသည်။

ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည် တို့နှင့်ပေါင်း၍ အဆိုပါထုတ်လုပ်ရေးမှ ပထမဆုံးအနေဖြင့် ‘ဝေါ်အိုက်နီ’ ဇာတ်ကားရိုက်ကူးထား သည်။

‘‘ဝေါ်အိုက်နီက ဟာသကား ပဲ။ ဟာသကားလည်း ပိုက်ဆံအ ကုန်အကျခံပြီး ရိုက်ထားတယ်။ အကတွေဆိုရင်လည်း Dancer အဖွဲ့တွေရော၊ မန္တလေးက တရုတ်အကအဖွဲ့တွေရော၊ ရန်ကုန်က နဂါးကတဲ့အဖွဲ့တွေရော၊ ပြင်ဦး လွင်က အဖွဲ့တွေရော အကုန် ပေါင်းပြီး တော်တော်အကုန်အ ကျခံရိုက်ထားတယ်’’ဟု ၎င်းတို့ ထုတ်လုပ်ရေး၏ပထမဆုံးရုပ်ရှင် နှင့်ပတ်သက်၍ ပြောသည်။

ယင်းဇာတ်ကားအတွက် ရိုက်ကူးရေးစရိတ်များမပါဝင်ဘဲ သရုပ်ဆောင်ကြေး သီးသန့် ကျပ် သိန်း ၁,၁၀၀ အကုန်အကျခံထား ပြီး လူမင်း၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာ ဗိုနှင့် ခိုင်သင်းကြည်တို့ ပါဝင်ကာ ဟာသသရုပ်ဆောင် အင်အား ကောင်းကောင်းဖြင့် ရိုက်ကူးခဲ့ သည်ဟု ၎င်းက ဆိုသည်။

‘‘ဟာသကားမို့လို့ အထင် သေးတယ်။ ပေါကားလို့ ထင်ရင် လည်း ထင်၊ ဒါပေမဲ့ အကုန်အကျ ခံပြီး ရိုက်ကိုရိုက်မှာ’’ဟု ခန့်စည် သူက ၎င်း၏ခံယူချက်ကို ပြော သည်။ လတ်တလောတွင် ဒါရိုက် တာ ကိုပေါက်ရိုက်ကူးသည့် ‘လူလည်ကြီးများရွာ’ ဇာတ်ကားကို ပြေတီဦး၊ ခိုင်သင်းကြည်၊ အိချော ပိုတို့နှင့် ရိုက်ကူးနေသည်ဟု ၎င်း က ဆိုသည်။

ခသုံးလုံးရုပ်ရှင်ထုတ်လုပ် ရေးအနေဖြင့် ဒုတိယဇာတ်ကား ကို ဟာသကားပင် ရိုက်ကူးမည် ဖြစ်ပြီး အောက်တိုဘာအတွင်း ငပလီတွင် ရိုက်ကူးမည်ဟု ခန့် စည်သူက ပြောသည်။

ထို့အပြင် လက်ရှိ ရုံတင်စနစ် နှင့်ပတ်သက်၍ ‘‘အများကြီး ထိ ခိုက်တာပေါ့။ အခုဆိုရင် ရုံက နှစ်ခြမ်းကွဲသွားတဲ့အပြင် ရုံရှင် တွေပေါင်းပြီး ထုတ်လုပ်ရေးလုပ် ဦးမှာ။ ထုတ်လုပ်ရေးလုပ်တဲ့အခါ ကျရင် အပြင်ပရိုဂျူဆာတွေရိုက် တဲ့ကားထက်စာရင် သူတို့ကား သူတို့ဦးစားပေးမယ့် အစီအစဉ် လည်း ဖြစ်လာလိမ့်မယ်။ အပြင် ပရိုဂျူဆာတွေ ရိုက်တဲ့ကားတွေ လည်း ရုံပေါ်ကို တစ်နေ့တစ်ချိန် မနက်ဖြန်(သို့မဟုတ်)ဘယ်သော အခါ ရောက်ချင်လည်း ရောက် လာလိမ့်မယ်၊ မရောက်ချင်လည်း မရောက်ဘူး။ အဲဒီလိုကြားထဲက  ရုပ်ရှင်ကိုချစ်လို့ ပရိုဂျူဆာတွေ က စွန့်စားပြီးတော့ ရိုက်ထားကြ တာ’’ဟု ခန့်စည်သူက ပြောသည်။ လက်ရှိအထိ ရုံတင်ပြသရန် စောင့်ဆိုင်းနေသည့် ဇာတ်ကား ၃၀၀ ကျော်ရှိသောကြောင့် ယင်းရုပ်ရှင်များမှ အချို့သည် ရုံပေါ် သို့ ရောက်လာရန်ပင် မသေချာ ကြောင်း ၎င်းက သုံးသပ်သည်။

‘‘အကျိုးအမြတ်မမြင်ရဘူး။ မြတ်ချင်လည်း မြတ်မယ်၊ ရှုံးချင် လည်း ရှုံးမယ်။ ဒါပေမဲ့ ကိုယ်တို့ သည် ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံး လုပ်နေတယ်။ ကိုယ်တို့က ဟာသအားသန် တယ်။ ဒီနှစ်နာရီအတွင်းမှာ ပရိသတ်ကို တကယ်ကို စိတ်အမော ပြေစေချင်တယ်’’ဟု ခန့်စည်သူ က ပြောသည်။

Top News