မီးလောင်ပြင်အတွင်းမောင်းနှင်နိုင်သော ပိုလန်နိုင်ငံထုတ် မီးသတ်ကား သုံးစီးကို စစ်ကိုင်းတိုင်းသို့ လွှဲပေး

ပိုလန်နိုင်ငံထုတ် မီးသတ်ကားကို တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 မီးလောင်ပြင် အတွင်း မောင်းနှင် ငြှိမ်းသတ်နိုင်သည့် စနစ်ပါဝင်သော ပိုလန်နိုင်ငံထုတ် မီးသတ်ကားသုံးစီးကို ပြည်ထဲ ရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်း အစိုးရသို့ ထောက်ပံ့မည်ဖြစ်ရာ ဇွန်လ ၁၄ ရက်တွင် မုံရွာမြို့သို့ တစ်စီးစတင်ရောက်ရှိလာသည်။

‘‘ဒီမီးငြှိမ်းသတ်ရေးနဲ့ အ သက်ကယ်လုပ်ငန်းသုံးယာဉ်မှာ မီးလောင်ပြင်ထဲမှာ ကားမောင်း လို့ရအောင် ကားဘေးပတ်လည်နဲ့ ကားဘီးတွေမှာ ရေဖျန်းမီးငြှိမ်း သတ်စနစ်ပါတယ်’’ဟု စစ်ကိုင်း ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော် ကျော်နိုင်က ပြောသည်။

အဆိုပါမီးသတ်ကားတွင် မီး ငြှိမ်းသတ်ရေး ဆီဖြင့်လောင်သော မီးကို ငြှိမ်းသတ်နိုင်သောဆေးရည် လီတာ ၆၀၀၊ ရေဂါလန်လီတာ ၅,၀၀၀ ပါဝင်ပြီး မီးငြှိမ်းသတ်ရေး နှင့်အသက်ကယ် လုပ်ငန်းဆောင်ရွက်ရန် ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ် ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မီးငြှိမ်းသတ်ရေးနှင့် အ သက်ကယ်လုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ပိုလန်နိုင်ငံထုတ် Medium Recue and Fire Fighting Behicle ယာဉ်တစ်စီး၊ Heavy Recue and Towing (44 Ton) ယာဉ်တစ်စီးနှင့် Heavy Recue and Lifting (44 Ton) ယာဉ်တစ်စီးတို့ကို ပြည်ထောင် စုအစိုးရအဖွဲ့က ယခုဘဏ္ဍာနှစ် အတွင်း ထောက်ပံ့ပေးအပ်မည် ဖြစ်သည်။

Top News