လေပြင်းတိုက်၊ ရေကြီးခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ရေယာဉ်ပြေးဆွဲမှုများ ရပ်နားထား

 လေပြင်းတိုက်ခတ်ခြင်း နှင့် ရေကြီးရေလျှံခြင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ဘူး သီးတောင်၊ မြောက်ဦးနှင့် မြေပုံ မြို့နယ်တို့တွင် ပြေးဆွဲနေသည့် ရေကြောင်းသင်္ဘောများနှင့် အမြန်ရေယာဉ်များ ယာယီရပ်နားထားသည်။

ရေယာဉ်ဖြတ်သန်းသွားလာ မည့် ပင်လယ်နှင့် မြစ်ပြင်တို့၌ ရေလှိုင်းကြီးသည့်အပြင် ရေ ယာဉ်ရပ်နားမည့် ဆိပ်ကမ်းများ တွင် ရေလျှံနေသဖြင့် ရပ်နားထား ခြင်းဖြစ်ကြောင်း ရေယာဉ်လိုင်းတာဝန်ခံများက ပြောသည်။

ပြည်တွင်းရေကြောင်း ဦးစီး ဌာနက ပြေးဆွဲနေသည့် ကျောက် ဖြူနှင့် ဘူးသီးတောင်ခရီးစဉ်များ ရပ်နားထားပြီး သင့်လျော်သော ကာလတွင် ပြန်လည်ပြေးဆွဲမည် ဟု စစ်တွေဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။

‘‘လှိုင်းကြီးပြီး လေတွေတိုက် နေတော့ ခရီးသည်တွေ အန္တ ရာယ်ကင်းဖို့ ကြိုကာတဲ့အနေနဲ့ နားထားတာပါ’’ဟု ၎င်းက ဆို သည်။

ထို့အပြင် ပုဂ္ဂလိကပိုင် ရွှေ ပြည်တန်အမြန်ရေယာဉ်လိုင်း သည် ကျောက်ဖြူ၊ ဘူးသီး တောင်၊ ပေါက်တော၊ မြေပုံနှင့် မြောက်ဦးခရီးစဉ်များ ရပ်နားထား ကြောင်း ရွှေပြည်တန်အမြန်ယာဉ် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ် ခရီးစဉ်အားလုံး ရပ်နားထား သည်မှာ ခြောက်ရက်ခန့်ရှိနေပြီး ပြန်လည် ပြေးဆွဲမည့်ရက်ကို အတိအကျ မပြောနိုင်သေး ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

ရွှေပြည်တန် အမြန်ရေ ယာဉ် ပြေးဆွဲနေသော စစ်တွေ -ပေါက်တော-မြေပုံ ခရီးစဉ် သည် နေ့စဉ် အသွား၊ အပြန် ပြေး ဆွဲသည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ကျောက်ဖြူ -ဘူးသီးတောင်-မြောက်ဦးခရီးစဉ်သည် တစ်ပတ် သုံးကြိမ်ခန့် ပြေးဆွဲသည့်ခရီးစဉ် ဖြစ်သည်။

ပြည်တွင်း ရေကြောင်းဌာန က ပြေးဆွဲနေသည့် သင်္ဘောများ သည် ဘူးသီးတောင် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့တွင် ပြေးဆွဲပြီး ကျောက်ဖြူခရီးစဉ်ကို အပတ်စဉ် အင်္ဂါနှင့် သောကြာနေ့၌ ပြေးဆွဲ သည်။

ရခိုင်ပြည်နယ်အနှံ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် ရေကြီးရေလျှံခြင်းနှင့် လမ်း၊ တံတားအချို့ ကျိုးပျက်နေသည်။

Top News