မကွေးတိုင်းအတွင်း ရေကြီးမှုများကြောင့် လူငါးဦးသေ၊ ၃,၀၀၀ ကျော် ပြောင်းရွှေ့ရ

ရွှေစက်​​တော်​ ​အောက်​စက်​တော်​ရာ ပန်းဆွဲအထိ မန်း​ချောင်း​ရေမြင့်​တက်နေစဉ် (ဓာတ်ပုံ − ဇော်ဇော်အောင်)

မကွေးတိုင်းအတွင်း ရေ ကြီးရေလျှံမှုများဖြစ်ပွားနေ၍ ဧရာဝတီမြစ်အနောက်ဘက်ရှိ မြို့နယ် အသီးသီးမှ ဒေသခံ ၃,၀၀၀ ကျော်ပြောင်းရွှေ့နေထိုင်နေရပြီး ငါးဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

ဇွန်လ ၉ ရက်ကစ၍ မိုးအ ဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ ချောင်းရေလျှံခြင်းများ ဖြစ်ပွားနေပြီး မကွေးတိုင်းမြို့နယ် များမှ အိမ် ၆၃ လုံး ရေမျောပါခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် လူလေးဦးရေတွင်မျောပါ သေဆုံးခဲ့ပြီး မင်းတုန်းမြို့နယ်တွင် တစ်ဦးဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဦးမြင့်စိုးက ပြောသည်။

မကွေးတိုင်း ပခုက္ကူ၊ မင်း ဘူး၊ ကံမ၊ သရက်၊ မင်းတုန်း၊ ပွင့်ဖြူ၊ စလင်း၊ ရေနံချောင်းနှင့် ငဖဲမြို့နယ်များမှ ရေဘေးရှောင် သူများကို အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်း၊ ဆန်နှင့် ရေသန့်တို့ကို ထောက်ပံ့ပေးထားကြောင်း ဦးမြင့်စိုးက ပြောသည်။

ကျောင်းတော်ရာကျေးရွာ ဒေသခံ ဦးအောင်ဇော်က ‘‘မုန်း ချောင်းဘေးက ရွာတချို့က ပြောင်းရွှေ့နေရတာတော့ရှိပါတယ်။ မုန် ချောင်းက အခုအချိန်မှာ ရေအရမ်းကြီးမြင့်တက်နေတာမဟုတ်ပေ မယ့် ဒီနေ့ ၁၄ ရက်မှာ မုန်းတမံနဲ့ ကြီးအုံကြီးဝတမံက ရေဖောက်ချ နေပြီဆိုတော့ ခဏဆိုရင် မုန်း ချောင်းရေမြင့်တက်လာပြီး ပြောင်းရွှေ့ရတာတွေ ပိုများလာနိုင်ပါ တယ်’’ဟု ပြောသည်။

ထို့အပြင် မင်းဘူးခရိုင်အ တွင်း မန်းချောင်းရေမြင့်တက်ခဲ့ ခြင်းကြောင့် ရွှေစက်တော်ဘုရား အောက်စက်တော်ရာ (အောက် ခြေတော်ရာ) အမိုးပန်းဆွဲအထိ ချောင်းရေမြင့်တက်နေကြောင်း ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

‘‘ခုဆို မန်းချောင်းရေက ရွှေ စက်တော်ဘုရား အောက်စက် တော်ရာရဲ့ ပန်းဆွဲကိုရောက်နေ ပါပြီ။ ၁၉၈၉ ခုနှစ်က ရွှေစက် တော်ဘုရားရေကြီးခဲ့တာကိုမီဖို့ တစ်ပေပဲလိုပါတော့တယ်’’ဟု ဦးသိန်းလှိုင်က ပြောသည်။

၁၉၈၉ ရွှေစက်တော်ဘုရား နွေရာသီဘုရားပွဲတော်ချိန်တွင် ရုတ်တရက် မန်းချောင်းရေပြင်း ထန်စွာကျရောက်ခဲ့ခြင်းကြောင့် ဘုရားဈေးတန်းဆိုင်ခန်း၊ တည်း ခိုဆောင်နှင့် ပွဲဈေးတန်း တစ်လျှောက် အဆောက်အအုံများ၊ ယာဉ်များ၊ မန်းချောင်းထဲသို့ မျောပါဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုရှိခဲ့သည်။‘‘အောက်စက်တော်ရာ ခြေ တော်ရာအနေနဲ့တော့ စိုးရိမ်စရာ မရှိပါဘူး။ ဘုရားခြေတော်ရာကို သေချာ မှန်ပေါင်းချောင်အုပ် ဆောင်းနဲ့ အုပ်ထားတယ်။ ချောင်းရေမှာ မျောပါလာမယ့် အမှိုက်သရိုက်တွေ၊သစ်ပင်တွေရဲ့ ထိခိုက်မှုတွေဖြစ်မလာအောင် သံပန်း တွေနဲ့ကာထားပါတယ်’’ ဟု ဦးသိန်းလှိုင်က ဆိုသည်။

သို့သော် တောင်ယာစိုက်ပျိုး သည့် ဒေသခံများ၏ တဲအိမ်များ၊ စိုက်ပျိုးသီးနှံနှင့် ငှက်ပျောပင်များ ချောင်းအတွင်းမျောပါဆုံးရှုံးခြင်း များ ရင်ဆိုင်နေရပြီး၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များလည်း ချောင်းအတွင်း မျောပါနေကြောင်း ဒေသခံများက ပြောသည်။