ရုပ်ရှင် အကြိုခံစားခြင်း

SAAT DIN MOHABBATIN

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍ လေးမှာတော့ ပါကစ္စတန်အချစ် ဟာသရုပ်ရှင်ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ ဇာတ်ကား နာမည်လေးရဲ့ အဓိပ္ပာယ်ကLove in 7 Daysဖြစ်ပြီး ဒါရိုက်တာ Meenu-Farijad ရဲ့ လက်ရာ ဖြစ်ပါတယ်။


ဇာတ်လမ်းရဲ့ အဓိကဇာတ် ကောင်ကတော့ တီပူဆိုတဲ့ ကောင်လေးဖြစ်ပြီး သူ့ရဲ့ ဘဝ လက်တွဲဖော်ကို ရှာပုံတော်ဖွင့် ရင်း ကြုံဆုံရတာတွေကို ဇာတ် အိမ်တည်ထားတာ ဖြစ်ပါတယ်။

တစ်ရက်မှာတော့ ကြောင် တောင်တောင် ဂေါက်တောက် တောက် ကောင်လေးတီပူဟာ ကာရာချီဝန်းကျင်မှာ သူ့ဘဝ လက်တွဲဖော်အစစ်အမှန်ကို ရှာ တွေ့ဖို့ အတော်လေးကို အခက် တွေ့နေပါတယ်။

အဲဒါနဲ့ပဲ အချစ်စစ်အတွက် သူ့ရဲ့ ဆုတောင်းကြောင့် နတ်တွေ ရောက်လာပြီး တစ်ပတ်အတွင်း မိန်းကလေးတစ်ယောက်က တီပူ ကို မေတ္တာရှိတယ်လို့ ပြောလာခဲ့ ရင် တီပူဟာ တကယ့်ကို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ပြောင်း လဲလာမယ်လို့ အသိပေးခဲ့ပါ တယ်။ အဲဒါနဲ့ တစ်ရက်မှာတော့ တီပူကို ကောင်မလေးတစ်ယောက် က ချစ်ကြိုက်ကြောင်း ပြောလာခဲ့ သလို တီပူဟာလည်း နတ်တွေ ပြောသလိုပဲ မိန်းကလေးတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။ အဲဒီမိန်းကလေးတွေထဲမှာ သူ့ သူငယ်ချင်းနီလီလည်း ပါလာခဲ့ပါ တယ်။ မိန်းကလေးတွေက တီပူကို ချဉ်းကပ်လာတဲ့အခါမှာလည်း အချစ်စစ်ဆိုတာ ဘယ်လိုမျိုးဆို တာ နတ်တွေက ပြောပြထားတာ မို့ တီပူတစ်ယောက် အချစ်စစ် ဟုတ်၊ မဟုတ် ဘယ်လိုရှာမလဲဆို တာ စိတ်ဝင်စားစရာပါ။

နီလီက တီပူရဲ့ ဘဝလက်တွဲ ဖော်အစစ်အမှန်လား၊ တီပူတစ် ယောက် နီလီအပေါ် မေတ္တာသက် ဝင်ခါမှ ဘယ်လိုအဖျက်အမှောင့် တွေက ဒုက္ခပေးဦးမှာလဲ။ တီပူရဲ့  တစ်ပတ်တာကံကြမ္မာ အလှည့် အပြောင်းက ဘယ်လိုအဆုံးသတ် မှာလဲဆိုတာကိုတော့ မြူးမြူးကြွ ကြွ အကတွေ၊ ရယ်စရာ၊ ကြည် နူးစရာ၊ ဝမ်းနည်းစရာရသမျိုးစုံနဲ့ တင်ဆက်ထားတာမို့ ပရိသတ် တွေ သဘောကျမယ်ထင်လို့ ဖော် ပြလိုက်ပါတယ်။

ပါဝင်သရုပ်ဆောင်ထားသူ တွေက Mahira Khan, Sheher -yar Munawar, Javed Sheikh, Amma Ilyas, Ayesha Omer တို့ဖြစ်ပါတယ်။

Top News