ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးစကားဝိုင်းကို ကျေနပ်အားရမှုမရှိဟု တက်ရောက်သူအချို့ ပြောကြား

မော်လမြိုင်တက္ကသိုလ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ၏ စကားဝိုင်းဆွေးနွေးပွဲကို ပရိုဂျက်တာဖြင့် ပြသခဲ့ရာ မိုးရေထဲတွင် လာရောက်နားထောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

မွန်ပြည်နယ်မော်လ မြိုင်မြို့တွင် ကျင်းပခဲ့သည့် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်ပါ ၀င်သော လူငယ်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းအပေါ် ကျေနပ်အားရမှု မရှိကြောင်း တက်ရောက်သူအချို့ ကပြောသည်။ 


ဇွန်လ ၁၄ ရက်တွင်နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြည်နယ်ရှိတိုင်းရင်းသား လူငယ် များဖြစ်သော မွန်လူငယ်နှစ်ဦး၊ ကရင်လူငယ် နှစ်ဦး၊ ပအိုဝ်းလူ ငယ် နှစ်ဦးနှင့် ဗမာလူငယ်နှစ်ဦးက လူငယ်နှင့် ငြိမ်းချမ်းရေးစကား ၀ိုင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ သည်။ 

အဆိုပါ စကားဝိုင်းသည်  ငြိမ်းချမ်းရေး စကားဝိုင်းဖြစ်သော် လည်း ငြိမ်းချမ်းရေးကိစ္စတစ်ခု တည်းကို ဦးတည်ပြောခြင်းမဟုတ် ဘဲ အခြားအကြောင်းအရာများ  လည်း ပါဝင်ကြောင်း၊ ထို့အပြင် ဒေသလိုအပ်ချက်များကို တင်ပြ ရန်လိုအပ်မှုရှိကြောင်း သထုံမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခိုင်ခိုင်လဲ့ကဆိုသည်။ 

‘‘ငြိမ်းချမ်းရေးကို ဦးတည် တယ်။ တိုင်းရင်းသားတွေရဲ့ လူမှု စီးပွားခက်ခဲမှုတွေကို ပါဝင်သူ တွေ ဆွေးနွေးသွားတာတွေ့ တယ်။ ငြိမ်းချမ်းရေး ခေါင်းစဉ်က ကျယ်ပြန့်တယ်။ တွေ့ရတာတော့ ယေဘုယျကျတာတွေပဲ ပြောနေ ကြတယ်ပေါ့။  ကျွန်တော်ကတော့ ငြိမ်းချမ်းရေးဆိုင်ရာ ယန္တရားကို  အခြေခံဆွေးနွေးတာ ပိုကောင်း မယ်လို့ထင်ပါတယ်။ တက္ကသိုလ် မှာလုပ်တဲ့ပွဲမှာ ကျောင်းသားတွေ ထက်ဌာနဆိုင်ရာဝန်ထမ်းတွေက ဦးစားပေးခံနေရတာက နည်း နည်းတော့ အဆင်မပြေဘူးမြင် ပါတယ်’’ ဟု မော်လမြိုင်မြို့ခံ ကိုကြည်ဇော်လွင်က ပြောသည်။ 

မေးမြန်းမှုများသည် အတ္တ အခြေခံပြီး မေးမြန်းသဖြင့် အရာ ရောက်မည့် ငြိမ်းချမ်းရေးနှင့်ဆက် နွှယ်သည့်မေးခွန်းများ မေးမြန်း မည်ဆိုပါက ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေး စကားဝိုင်းသည် ပြည်နယ်အတွက်အရေးပါပြီးခရီးရောက်နိုင်ကြောင်း မော်လမြိုင် မြို့သား ကိုညိုမင်းက၎င်း၏အမြင် ကို သုံးသပ်ပြောကြားသည်။ 

‘‘ဒီနေ့ ဒေါ်အောင်ဆန်းစု ကြည် ဖြေတာလိုအပ်ချက်ရှိတယ်။ တိုင်းရင်းသားကိစ္စနဲ့ အပစ်ခတ် ရပ်စဲရေးကိစ္စက ဆွေးနွေးပွဲမှာပြန်မဖြေဘူး။ တကယ်ဒေသခံလူထု တွေအတွက်တော့ ဖွံ့ဖြိုးရေးကိစ္စ ကို ဖြေသွားတာတော့ အားသာ ချက်ရှိတယ်’’ ဟု ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့သည့် မိ ငွေလေးကပြောသည်။ 

အဆိုပါစကားဝိုင်းတွင်တိုင်းရင်းသား လူငယ်များက ငြိမ်းချမ်း ရေး၊ ပြည်နယ်စီးပွားရေး၊ မူးယစ် ဆေးဝါးပြဿနာ၊ တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု စသည့်ကဏ္ဍ များ အဓိကဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားရာတွင် တိတိကျကျဖြေ ကြားခြင်းမရှိကြောင်း မိငွေလေး ကဆိုသည်။ 

More in Politics Section

Top News