Wonder Woman (2) ဇာတ်ကား ရိုက်ကွင်းမှာတွေ့ရတဲ့ ဂယ်လ်ဂါဒေါ့နဲ့ ခရစ္စပိုင်း

 ပရိသတ်များ အ ကြိုက်တွေ့ခဲ့သည့် နာမည်ကျော် စူပါဟီးရိုးရုပ်ရှင်ဇာတ်လမ်း Wonder Woman ၏နောက် ဆက်တွဲဇာတ်ကား Wonder Woman (2) ကို စတင်ရိုက်ကူးနေ  ပြီး ရိုက်ကွင်းသို့ရောက်ရှိလာ သော ဂယ်လ်ဂါဒေါ့နှင့် ခရစ္စပိုင်း တို့၏ ဓာတ်ပုံများပေါ်ထွက်လာ သည်။ Wonder Woman (2) ရိုက်ကူးရေး ပထမဆုံးနေ့ ဇွန်လ ၁၃ ရက်တွင်အဓိက ဇာတ်ဆောင် များဖြစ်သည့် အစ္စရေးမင်းသမီး ဂယ်လ်ဂါဒေါ့နှင့် မင်းသားခရစ္စ ပိုင်းတို့ ရိုက်ကွင်းသို့ အတူတကွ ရောက်ရှိလာသည့် ပုံရိပ်များက Wonder Woman ပရိသတ် များအကြားရေပန်းစားခဲ့သည်။

အဆိုပါ ဇာတ်ကားကို ၂၀၁၉ နိုဝင်ဘာ ၁ ရက်တွင်စတင် ရုံတင်ပြသမည်ဖြစ်သည်။

အမျိုးသမီးဒါရိုက်တာ ပက် တီဂျင်ကင်ရိုက်ကူးသည့် ၂၀၁၇ တွင် ပထမဆုံးထွက်ရှိလာသော Wonder Woman ဇာတ်ကား သည် တစ်ကမ္ဘာလုံးတွင် ရုံတင် ငွေ ကန်ဒေါ်လာသန်း ၈၀၀ ကျော် အထိ စံချိန်တင်ရရှိပြီး  အမေရိ ကန်ရုပ်ရှင် အစည်းအရုံးအဖွဲ့က ရွေးချယ်သော အကောင်းဆုံး ရုပ် ရှင်ကား ၁၀ ကား၌ ပါဝင်ခဲ့ကာ (၂၃) ကြိမ်မြောက် Critics’ Choice Awards ဆုပေး ပွဲတွင်လည်း Best Action Movie ဆုချီးမြှင့်ခံရသည်။    justjared

Top News