ကျောက်ဆည်မြို့က ပရီးမီးယားလိဂ်

ဓာတ်ပုံ−Taryar Sithu

မြန်မာနိုင်ငံနှင့် မိုင်ငါး ထောင်ကျော်ကွာ ဝေးသည့် ဗြိတိန်နိုင်ငံတွင်ကျင်းပသော ကမ္ဘာကျော် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲ ပုံစံကိုအတုယူ၍ ဒေသတွင်း အပျော်တမ်းလိဂ်တစ်ခု မြန်မာ နိုင်ငံအလယ်ပိုင်း မြို့ငယ်တစ်ခု၌ ကျင်းပနေသည်။

မြန်မာနိုင်ငံတွင် ဆင်အက ဖြင့် နာမည်ကျော်သည့်ကျောက် ဆည်မြို့၌ ကျောက်ဆည်ပရီးမီး ယားလိဂ်ဟု အမည်ပေးထားသည့် အပျော်တမ်းဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည် မှာ နှစ်ရာသီတိုင်ပြီဖြစ်သည်။ တတိယမြောက်ရာသီ ၂၀၁၈-၁၉ ပြိုင်ပွဲကို ယမန်နေ့(ဇွန်လ ၁၄ ရက်)က စတင်နေပြီဖြစ်သည်။နှစ် ကျော့စနစ်ကျင်းပသည့် ကျောက် ဆည်ပရီးမီးယားလိဂ်သည် မြန် မာနိုင်ငံတွင် ကျင်းပနေသည့်အ ပျော်တမ်းပြိုင်ပွဲများအနက် လိဂ် ပုံစံကျင်းပသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနက ကျင်းပပေးသည့် ဘောလုံးပြိုင်ပွဲသည် တစ်နှစ်လျှင် တစ်ကြိမ်သာရှိသဖြင့် ကျောက် ဆည်မြို့မှ ဘောလုံးကန်လိုသည့် ၀ါသနာရှင်များ အားမရပေ။ ထို့ ကြောင့် နေ့စဉ်ကျောက်ဆည်မြို့ ၏တစ်ကွင်းတည်းသော မြို့နယ် ကွင်းတွင် အပျော်တမ်းကလပ်အ သင်းများချိန်းပွဲကစားရာမှ ပွဲများ များကစားနိုင်စေရန် စီစဉ်ရာ ကျောက်ဆည်ပရီးမီးယားလိဂ် ပေါ်ထွက်လာသည်။ ပထမရာသီ အဖြစ် ၂၀၁၆ က စတင်ကျင်းပခဲ့ရာတစ်သင်းနှင့်တစ်သင်းကစား သမားအကောင်း၊ အညံ့မျှတစေ ရန် ကစားသမားများကိုမဲနှိုက်၍ အသင်းရွေးချယ်သည့်စနစ်ဖြင့် စတင်ခဲ့သည်။

‘‘ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့က ကျွန်တော်တို့နဲ့ မစိမ်းဘူးလေ။ ဒါ ကြောင့် ပြိုင်ပွဲကို ပရီးမီးယားလိဂ် နဲ့အနီးစပ်ဆုံးတူအောင် ဖန်တီးခဲ့ ကြတယ်’’ ဟု ပြိုင်ပွဲကျင်းပရန် ဦး ဆောင်သူကိုတာရာစည်သူက ဆို သည်။

ပြိုင်ပွဲကျင်းပရေးစည်းမျဉ်း များကို အတိအကျရေးဆွဲထား ခြင်းမရှိသော်လည်း ဗြိတိန်နိုင်ငံ ပရီးမီးယားလိဂ်တွင် သတ်မှတ် ထားသည့် စည်းမျဉ်းများအတိုင်း ကျင်းပသည်ဟု ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများကဆိုသည်။

ကျောက်ဆည်ပရီးမီးယား လိဂ်ပြိုင်ပွဲ စတင်ကျင်းပချိန်တွင် အသင်းရှစ်သင်းဖြင့်စတင်ခဲ့သော် လည်း ဒုတိယရာသီ၌အသင်း အရေအတွက်တိုးလာခဲ့ပြီး ၁၆ သင်း၊ ယခုနှစ်တတိယမြောက်ရာ သီတွင် ၁၈ သင်း အထိရှိလာ သည်။ ယခုနှစ်ရာသီတွင် မြန်မာ့ လက်ရွေးစင်ကစားသမား ဟောင်း လာကျဲအိုလွယ်ဦးဆောင် သည့် မန္တလေးမြို့ခံကလပ်အ သင်းတစ်သင်းပင် ၀င်ရောက်ယှဉ် ပြိုင်နေသည်။

ကျောက်ဆည်ပရီးမီးယား လိဂ်စတင်ပြီး နောက်တစ်နှစ် ၂၀၁၇ တွင် ပြိုင်ပွဲကျင်းပရေးက ကျောက်ဆည်ချန်ပီယံရှစ်(ပထမ တန်း)၊ ရွှေဆည်ဖလား၊ ကျောက် ဆည်စူပါကပ်၊ ကလေးလိဂ်ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲများဆက်လက်ကျင်းပ ခဲ့သည်။ ကျောက်ဆည်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် လက်ရှိပြိုင်ပွဲဝင် ခုနစ်သင်းယှဉ်ပြိုင်နေသည်။ ရွှေ ဆည်ဖလား၊ ကျောက်ဆည်စူပါ ကပ်ပြိုင်ပွဲများသည်ရှုံးထွက်ပြိုင်ပွဲများဖြစ်ပြီး ကျောက်ဆည်ပရီးမီး ယားလိဂ်နှင့် ချန်ပီယံရှစ်အသင်း များပါဝင်ယှဉ်ပြိုင်သည်။

ကျောက်ဆည်ပရီးမီးယား လိဂ်နှင့် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် က စားသမား ၅၀၀ ခန့်ရှိသည်။ သို့ သော် အပျော်တမ်းပြိုင်ပွဲဖြစ်သ ဖြင့်ကစားသမားများ လစာရရှိ ခြင်းမရှိပေ။

လစာငွေရရှိခြင်းမရှိသော် လည်း ပြိုင်ပွဲပုံစံစနစ်တကျကစား နေသဖြင့် ကျေနပ်မိကြောင်း ကျောက်ဆည်ပရီးမီး ယားလိဂ် ပြိုင်ပွဲဝင်ကစားသမားအချို့က ပြောသည်။

‘‘လစာကတော့ မရဘူးပေါ့။ အဓိကကတော့ ပွဲကိုကောင်း ကောင်းကန်နေရဖို့ ကျွန်တော်တို့ အတွက် အရေးကြီးတာပေါ့။ ဒိုင် နဲ့ကွင်းကောင်းကောင်းနဲ့ စနစ်တ ကျပြိုင်ပွဲပုံစံ ကန်နေရဖို့ပဲလို တယ်။ အသင်းပိုင်ရှင်တွေက လမ်းစရိတ်လိုမျိုး။ အအေးတိုက် တာမျိုးလောက်ပဲ ထောက်ပံ့ရ တယ်’’ ဟု ကျောက်ဆည်ပရီးမီး ယားလိဂ်ပြိုင်ပွဲဝင်ကစားသမား တစ်ဦးကဆိုသည်။

တစ်ရာသီလျှင် ပြိုင်ပွဲဝင်အ သင်းတစ်သင်းအနေဖြင့် ပွဲ ၄၀ ခန့်ယှဉ်ပြိုင်ရကြောင်း ကျောက် ဆည်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မြတ်သွယ်အသင်းပိုင်ရှင် ကို အောင်အောင်ကပြောသည်။ ကို အောင်အောင်သည် မြတ်သွယ် အသင်းပိုင်ရှင်ဖြစ်သလို အသင်း ခေါင်းဆောင်ကစားသမားတစ်ဦး လည်း ဖြစ်သည်။

‘‘ကစားသမားတွေကတော့ ဆိုင်ကအလုပ်သမားလေးတွေ ရယ်။ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကန်ကြတာ။ ၀င်ကြေး၊ ပွဲကန် ကြေး၊ အင်္ကျီတစ်ရာသီသုံးစုံချုပ် တာကအစကိုယ်တိုင်ပဲအကုန်အ ကျခံတယ်’’ ဟု ကိုအောင်အောင် က ဆိုသည်။ ကျောက်ဆည်ပရီးမီး ယားလိဂ်ဝင်အသင်းတစ်သင်း၏ အသုံးစရိတ်သည် တစ်ရာသီလျှင် ကျပ် ၁၅ သိန်းခန့်ကုန်ကျကြောင်း အသင်းပိုင်ရှင်အချို့က ဆိုသည်။

ကျောက်ဆည်ပရီးမီးယား လိဂ်ပြိုင်ပွဲဝင်ကြေးအနေဖြင့် ပထမရာသီတွင် ကစားသမား တစ်ဦးလျှင် တစ်ရာသီအတွက် တစ်ထောင်ကျပ်ကောက်ခံခဲ့ပြီး ဒုတိယရာသီ၌ တစ်ဦးလျှင် နှစ် ထောင်၊ ပွဲနေ့တွင် တစ်သင်းလေး ထောင်ကျပ် ကောက်ခံသည်။ အဆိုပါကောက်ခံရရှိငွေများကို ဘောလုံးကောက်သည့် ကလေး များ၊ ဒိုင်လူကြီး၊ ကွင်းထိန်းသိမ်း စရိတ်များအတွက် အသုံးပြု သည်။ တတိယရာသီအတွက် သတ်မှတ်ထားသည့်နှုန်းသည် ပြိုင်ပွဲဝင်တစ်ဦး တစ်ရာသီစာ  သုံးထောင်ကျပ်နှင့်ပွဲတစ်ပွဲတွင် တစ်သင်းလျှင် သုံးထောင်ကျပ် ဖြစ်သည်။

‘‘စပွန်ဆာ ရတယ်ဆိုရင် တော့ တချို့အရာတွေပိုကောင်း အောင်လုပ်လို့ရတာပေါ့။ ဒါပေမဲ့ ဒီအတိုင်းလည်း အဆင်ပြေနေ တာပါပဲ’’ ဟု ကိုတာရာစည်သူက ဆိုသည်။

ကျောက်ဆည်ပရီးမီးယား လိဂ်ကျင်းပလာသည်မှာ တတိယ ရာသီသို့ ရောက်လာပြီဖြစ်သော် လည်း ပရိသတ်အားပေးမှုမများ သေးဘဲ ပွဲတစ်ပွဲလျှင် ပရိသတ် ၁၀၀ ခန့်သာရှိသေးကြောင်း အ သင်းပိုင်ရှင်များကဆိုသည်။ ပွဲ တစ်ပွဲကန်လျှင် ကစားသမားများ နှင့်ကစားသမားများ၏ မိတ်ဆွေ များကသာ လာရောက်ကြည့်ရှု လေ့ရှိကြောင်း ဆိုသည်။

ကျောက်ဆည်ပရီးမီးယား လိဂ်နှင့် ချန်ပီယံရှစ်ပြိုင်ပွဲနှစ်ခု ဖြစ်လာချိန်တွင် ပြိုင်ပွဲကျင်းပသူ များက တန်းတက်၊ တန်းဆင်း စနစ်ကို လာမည့်ရာသီ၌စတင် အကောင်အထည်ဖော်ရန် စီစဉ် ထားသည်။ ချန်ပီယံရှစ်ပြိုင်ပွဲမှ ချန်ပီယံအသင်းနှင့် ပရီးမီးယား လိဂ်မှ အောက်ဆုံးအသင်းတစ် သင်းကို ခြေစစ်ပွဲတစ်ပွဲယှဉ်ပြိုင် ကစားစေပြီး အနိုင်ရရှိသည့်အ သင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်စေမည့်စနစ် ရေးဆွဲထားသည်။

ပြိုင်ပွဲဝင်အသင်းများကိုပြိုင် ပွဲပြီးဆုံးချိန်တွင် အမှတ်တရဆု ဖလား၊ ဆုတံဆိပ်များချီးမြှင့် သည်။ ၂၀၁၆-၁၇ ရာသီက ချန် ပီယံဆုအသင်းကို ဆုကြေးငွေ ကျပ်တစ်သိန်းနှင့် ဆုဖလား၊ ဆင့် ပွားဖလား၊ ရွှေတံဆိပ်ဆုများချီး မြှင့်ခဲ့သလို ပြိုင်ပွဲဝင်အသင်းတိုင်း ကို ဆုကြေးငွေနှင့်အမှတ်တရ ဆုတံဆိပ်များပေးအပ်ခဲ့သည်။ ၂၀၁၇-၁၈ ဒုတိယရာသီတွင် ပြိုင်ပွဲဝင်အသင်းများလာသဖြင့် အသင်းတိုင်းကို ဆုကြေးငွေပေး အပ်နိုင်ခြင်းမရှိသော်လည်း ပထ မ၊ ဒုတိယ၊ တတိယအသင်းများ ကို ဆုကြေးပေးအပ်နိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများ က ဆိုသည်။

တန်းတက်၊ တန်းဆင်းစနစ် ရှိလာတော့မည့် ကျောက်ဆည် လိဂ်တွင် ကစားသမားအပြောင်း အရွှေ့ဈေးကွက်လည်း ရှိနေ သည်။ တတိယရာသီမစတင်မီက ပြီးခဲ့သည့်ရာသီ  အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်သည့် အောင်ကိုသည် ပြောင်း ရွှေ့ကြေးကျပ်ရှစ်သောင်းဖြင့် အ ပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့သည်။ ၎င်းပြောင်းရွှေ့ကြေး ပမာဏ သည် လက်ရှိအချိန်ထိ အများဆုံး စံချိန်တင်ထားသည်။

ထို့အပြင် ကျောက်ဆည် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ လူငယ် ကစားသမားအချို့သည် မြန်မာ လိဂ်လူငယ်ကလပ်အသင်းများ သို့ ရောက်ရှိမှုများရှိလာသည်။ နောက်ပိုင်းတွင် မြန်မာလိဂ်က လပ်အသင်းများနှင့် လက်ရွေးစင် အသင်းအတွက် အားထားရမည့် ကစားသမားများ ကျောက်ဆည် လိဂ်မှ ပေါ်ထွက်လာရန် ပြိုင်ပွဲ ကျင်းပရေးက ရည်မှန်းထား သည်။

ပြိုင်ပွဲတွင် ကစားသမားကန့် သတ်ချက်မရှိသောကြောင့် တစ် ခါတစ်ရံရာသီနားသည့်အချိန်မျိုး ၌ မြန်မာလိဂ်မှ ကစားသမားအချို့ ပင် လာရောက်ကစားလေ့ရှိ သည်။

ပြိုင်ပွဲဝင်အသင်းများအနေ ဖြင့် ကစားသမား ၃၀ ဦးကိုမှတ်ပုံ တင်နိုင်ပြီး တစ်ခါတစ်ရံလာ ရောက်ကစားသည့် ဧည့်သည်က စားသမားများအတွက် မှတ်ပုံ တင်စာရင်းတွင် နေရာလွတ်များ ပေးထားကြောင်း၊ ကစားသမား တစ်ဦးအနေဖြင့် အသင်းနှစ်သင်း တွင် မကစားရန်သာကန့်သတ် ထားကြောင်း ပြိုင်ပွဲကျင်းပရေး ကဆိုသည်။

မြန်မာလိဂ်ကလပ်အသင်း များမှ ကစားသမားများသွား ရောက်ကစားခြင်းသည် လိဂ်ကို လူ ပိုမိုစိတ်ဝင်စားစေမည်ဖြစ် သော်လည်း ကစားခွင့်မပြုသင့် ကြောင်း မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦး ဘုန်းနိုင်ဇော်ကပြောသည်။

‘‘လူစိတ်ဝင်စားတာမှန်ပေ မယ့် ကစားသမားတစ်စုံတစ်ခုဖြစ် သွားရင် နောက်ပိုင်းမှာအများကြီး ဆိုးကျိုးဖြစ်သွားနိုင်တယ်’’ ဟု ၎င်းကပြောသည်။ သို့သော် ကျောက်ဆည်လိဂ်ပြိုင်ပွဲကို စနစ် တကျကျင်းပနိုင်ရေး ကူညီနိုင် သည်များကူညီရန် အဆင်သင့်ရှိ ကြောင်း ဦးဘုန်းနိုင်ဇော်ကဆို သည်။

‘‘ဒေသက ဘောလုံးကိုစိတ် ၀င်စားတဲ့ဒေသတစ်ခုဖြစ်တယ်။ ဒီဒေသမှာ လိဂ်ပုံစံမျိုးပြိုင်ပွဲကို ကွင်းကောင်းကောင်းနဲ့ စနစ်တ ကျကျင်းပနိုင်တယ်ဆိုတာ ဂုဏ် ယူစရာကိစ္စတစ်ခုပါ။ ဘောလုံးပွဲ တွေကျင်းပရတာမလွယ်ဘူးဆို တာ ကျွန်တော်တို့အသိဆုံးပါ။ အခက်အခဲတွေအများကြီးရှိတဲ့ အထဲက ကျောက်ဆည်ကတော့ အောင်အောင်မြင်မြင်လုပ်ပေးနိုင် တယ်ဆိုတာ သိထားရလို့ ဘော လုံးအဖွဲ့ချုပ်အနေနဲ့ ၀မ်းသာပါ တယ်’’ ဟု ဦးဘုန်းနိုင်ဇော်ကပြော သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ နည်းပြသင်တန်းများ၊ ဒိုင် သင်တန်းများလာရောက်ပို့ချပေး စေလိုကြောင်း ကျောက်ဆည် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ဒုံးပျံအ သင်းပိုင်ရှင်ကိုဇော်က ဆိုသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိအမှတ်ပြုတဲ့ဒေသတွင်း လိဂ်ဆိုရင် ကစားနေတဲ့ကစား သမားတွေပိုပြီး အားတက်နိုင်တာ ပေါ့’’ ဟု ၎င်းကဆက်လက်ပြော သည်။

ကျောက်ဆည်မြို့ဘောလုံး ကွင်းတွင် ယခင်က ဘောလုံးက စားသူအနည်းငယ်သာရှိခဲ့သော် လည်း ကျောက်ဆည်ပရီးမီးယား လိဂ်စတင်ကျင်းပချိန်တွင် အ သင်းများလိဂ်ပုံစံစနစ်တကျ က စားလာနိုင်သည်ကို တွေ့ရ ကြောင်း ဘောလုံးပရိသတ်တစ် ဦးဖြစ်သည့် ဒေသခံကိုအောင်ခိုင် က ပြောသည်။

‘‘အရင်က တစ်ပွဲတိုးပုံစံနဲ့ ကန်နေတဲ့ကစားသမားတွေအနေ နဲ့လည်း ကိုယ်ပိုင်လေ့ကျင့်ခန်း တွေ ပြုလုပ်ပြီးလိဂ်ပွဲကန်နေတဲ့ အတွက် ကစားသမားတွေ တိုး တက်မှုကို တွေ့မြင်ရပါတယ်’’ ဟု ကိုအောင်ခိုင်က ဆိုသည်။

ယခုကဲ့သို့ ဘောလုံးပြိုင်ပွဲ ရှိနေသဖြင့် လူငယ်များအားက စားစိတ်ဝင်စားမှုပိုများလာပြီး မူး ယစ်ဆေးသုံးစွဲမှုကဲ့သို့ မကောင်း မှုများပြုလုပ်ခြင်းလျော့နည်းလာ မည်ဟု သုံးသပ်မိကြောင်း ကျောက်ဆည်မြို့ခံဦးအောင်သူ ကဆိုသည်။

 

ကျောက်ဆည်ပရီးမီးယားလိဂ်- ပြိုင်ပွဲဝင် ၁၈ သင်း

ကျောက်ဆည်ချန်ပီယံရှစ်- ပြိုင်ပွဲဝင်ခုနစ်သင်း

ပြိုင်ပွဲဝင်ကစားသမား- ၅၀၀ ခန့်

ပြိုင်ပွဲဝင် အသက်အငယ်ဆုံးကစားသမား- (၁၄)နှစ်

ပြိုင်ပွဲဝင် အသက်အကြီးဆုံးကစားသမား- (၄၆)နှစ်

ဘောလုံးကွင်းအရေအတွက်- (၁)ကွင်း

လက်ရှိအချိန်ထိ ကစားသမား

ပြောင်းရွှေ့ကြေးအများဆုံးပမာဏ- ကျပ် (၈၀,၀၀၀)

Top News