ချင်းတွင်း၊ စစ်တောင်းနှင့် လေးမြို့မြစ်ရေ မြင့်တက်နေပြီး ဒေသကိုးခုနေရာကွက်၍ မိုးကြီးနိုင်

 ချင်းတွင်း၊ စစ်တောင်း နှင့် လေးမြို့မြစ်ရေများ မြင့်တက် နေ၍ ပဲခူး၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်မှ မြို့လေးမြို့တွင် ရေဘေးသတိပြုနေထိုင်ရန် မိုး ဇလက သတိပေးချက်ထုတ်ပြန် သည်။


ချင်းတွင်းမြစ်ရေသည် စစ် ကိုင်းတိုင်းရှိ မော်လိုက်နှင့် မင်း ကင်းမြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။ စစ်တောင်း မြစ်ရေသည် ပဲခူးတိုင်း မဒေါက် မြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။ မိုးကြီးနေ သောကြောင့် မြေနိမ့်ပိုင်းရပ်ကွက် နှင့် ကျေးရွာများတွင် ရေကြီးနစ် မြုပ်မှု ဖြစ်ပေါ်နေစဉ် မြစ်ရေပါ မြင့်တက်လာ၍ အထူးသတိပြု နေထိုင်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာ ကျော်မိုးဦးက ပြောသည်။

‘‘မိုးကောင်းလို့ ရေကြီးနစ် မြုပ်နေတယ်။ အခုဆိုရင် မြစ်ရေ တွေပါ စိုးရိမ်ရေမှတ်အထိ တက် လာနေလို့ အရင်ကထက် ပိုသတိ ထားဖို့လိုတယ်’’ဟု ဒေါက်တာ ကျော်မိုးဦးက ပြောသည်။

မြို့နယ်လေးခုထက်မနည်း မြေနိမ့်နေရာများ၌ ရေကြီးနစ်မြုပ် မှု ရင်ဆိုင်နေရသော ရခိုင်ပြည် နယ်တွင် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်အ ထက် သုံးပေခန့်၌ ရောက်ရှိနေ သည်။ လေးမြို့မြစ်သည် မြန်မာ နိုင်ငံရှိ မြစ်များ အနက် စိုးရိမ်ရေ မှတ်အထက်သို့ ယခုနှစ်အတွင်း ပထမဆုံး ရောက်ရှိလာသည်။

ဇွန်လ ၁၃ နှင့် ၁၄ ရက် အတွင်း ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ မကွေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်၊ ကရင်၊ ရှမ်းနှင့် ချင်းပြည် နယ်တို့တွင် မိုးကောင်းခဲ့ပြီး မြို့ ၁၉ မြို့တွင် နေရာကွက် မိုးကြီး ခဲ့သည်။ ၂၄ နာရီအတွင်း ၃ ဒသမ ၆၂ လက်မ ရွာသွန်းခဲ့သော မန္တလေးတိုင်း မိုးကုတ်မြို့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၄ ရက်က လူငါးဦး သေဆုံးခဲ့သည်။

မုတ်သုံလေအား အလွန် ကောင်းနေ၍ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ကချင်၊ ချင်း၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

Top News