မန္တလေးမြို့ရှိ သင်္ကန်းအရောင်းဆိုင် တစ်ဆိုင် မီးလောင်

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ သင်္ကန်းအရောင်း ဆိုင်တစ်ဆိုင် ဇွန်လ ၁၄ ရက် နံနက် ၂ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


သီရိဟေမာအရှေ့ရပ်ကွက် ၈၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်း ကြားရှိ နံကပ်နှစ်ထပ် (သင်္ကန်း ရောင်းဝယ်ရေးဆိုင်) အပေါ်ထပ် အခန်းအတွင်း သွယ်တန်းထား သော ဆွေးမြည့်ဝိုင်ယာကြိုးမှတစ် ဆင့် ထရံသို့ မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း မီးသတ်ဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးမှုမရှိသော် လည်း ၁၀ ပေ၊ ၁၅ ပေရှိ သွပ်မိုးနံ ကပ်နှစ်ထပ်တိုက်၊ သင်္ကန်းနှင့် အတွင်းပစ္စည်းအချို့ မီးလောင် ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ခုနစ်သိန်းခန့် ရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါမီးလောင်မှုနှင့်ပတ် သက်၍ ဆိုင်ပိုင်ရှင်ကို ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၂၈၅ (မီးလောင် စေမှု) ဖြင့်အမှတ် (၆) နယ်မြေစ ခန်းတွင် အမှုဖွင့်ထားသည်။

၂၀၁၇ အတွင်း မန္တလေး တိုင်းဒေသကြီးတွင် မီးလောင်မှု ၂၀၂ ကြိမ် ဖြစ်ပွားပြီး သေဆုံး သူ ခြောက်ဦးနှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃,၀၀၀ ခန့် ရှိခဲ့သည်။

Top News