ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒဏ်ရာမရအောင် ရှောင်တိမ်းကစားရန် ဟာဇက်ကို အသင်းဖော်ကီဗင်ဒီဘရိုင် သတိပေး

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်လ်ဂျီယံ အသင်းခေါင်း ဆောင် အီဒင်ဟာဇက်အနေဖြင့် ကြမ်းကြမ်းတမ်းတမ်း ဘောလုံး ဖျက်ထုတ်ခံရမှု မှန်သမျှကို သတိ ရှိရှိ ရှောင်တိမ်းကစားရန်လို ကြောင်း အသင်းဖော် ကစားသ မား ကီဗင်ဒီဘရိုင်က သတိပေးသည်။


ပြိုင်ဘက်ကစားသမားများ ၏ ကြမ်းတမ်းသောဖျက်ထုတ်မှု အမြောက်အမြား ကြုံတွေ့ခဲ့ရပြီး နောက် ဟာဇက်သည် ကော်စ တာရီကာကို ၄-၁ ဂိုးဖြင့် အနိုင်ရ သည့်ပွဲ၌ ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး မိနစ် ၇၀ တွင် ဒမ်ဘီလီ နှင့် လူစားလဲခံခဲ့ရသည်။

ကွင်းအတွင်းမှ ထော့နဲ့ထော့ နဲ့ဖြင့် ထွက်ခွာခဲ့ရပြီး ယင်းခြေ ထောက်ဒဏ်ရာသည် အသေးစား ဒဏ်ရာဖြစ်ကြောင်း ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်က ပြောကြား ပြီး ဇွန်လ ၁၈ ရက်တွင်ကစားမည့် ပနားမားနှင့်အဖွင့်ပွဲစဉ်၌ ပါဝင် ကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေ သည်ဟုဆိုသည်။

‘‘တကယ်လို့ ခင်ဗျားအနေနဲ့ ခြေစွမ်းကောင်းနေမယ်ဆိုရင် လူ တွေက ခင်ဗျားကို လူချကစားဖို့ ကြိုးစားကြမှာပါ။ သူကစားတဲ့ နေရာက တစ်ဖက်ကစားသမား တွေ အများကြီး ပိတ်ဆို့ခုခံတဲ့နေ ရာဖြစ်ပြီး လူချခံရတဲ့နေရာပါ။ သူလူချခံရလို့ ကျွန်တော်တို့ အ လွတ်တည်ကန်ဘောရတဲ့အခါ အဲဒါက အခွင့်ကောင်းတစ်ခု ဖြစ် ပါတယ်။ သူ့အနေနဲ့ ဘာဆက်ဖြစ် မလဲဆိုတာ တွက်ချက်ဖို့ လိုပါ တယ်။ တတ်နိုင်သမျှ အေးအေး ဆေးဆေး ကစားဖို့ ကြိုးစားရမှာ ပါ။ တစ်ခါတလေမှာ အဲဒါက မ လွယ်ကူပေမယ့် သူ့အနေနဲ့ ကြိုး စားသင့်ပါတယ်’’ ဟု ဒီဘရိုင်က ပြောသည်။

ကမ္ဘာ့အဆင့် (၃) ဘယ်လ် ဂျီယံသည် အုပ်စု (G) တွင် အင်္ဂ လန်၊ တူနီးရှား၊ ပနားတို့နှင့်အတူ ကျရောက်နေပြီး နောက်တစ်ဆင့် တက်မည်ဟု ခန့်မှန်းထားကြ သည်။—Ref:Thesun.com

Top News