ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့တက်ရောက်ရေး လွယ်ကူမည်မဟုတ်ဟု မက်ဆီပြောကြား

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၎င်းတို့အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့ တက်ရောက်ရေး လွယ်ကူသော ခရီးလမ်းဖြစ်မည်မဟုတ်ဟု ပြောကြားသည်။


နည်းပြဆမ်ပါအိုလီ၏ အာဂျင်တီးနားအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးသော အသင်းများအနက် တစ်သင်းဖြစ် သော်လည်း အုပ်စုအဆင့်တွင် ခရိုအေးရှား၊ နိုင်ဂျီးရီးယားနှင့် အိုက်စလန်တို့ကို ဖြတ်ကျော်ရမည်ဖြစ်သည်။

အာဂျင်တီးနားသည် ခြေစွမ်းပွဲများတွင် ရလဒ်ပိုင်းကောင်းမွန်သော်လည်း မက်ဆီက ၎င်းတို့အနေဖြင့် အုပ်စု (D) ထိပ်ဆုံးနေရာရရှိရေး အသင်း ဖော်များအားလုံး စွမ်းဆောင်ရည်ကောင်းပြသရမည်ဟု ပြောသည်။

မက်ဆီ (၃၀) နှစ်က ‘‘ခရိုအေးရှားဟာ ဥရောပလိဂ်ကြီးတွေမှာ ကစားနေတဲ့ ကစားသမားတွေပါဝင်တဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ အတွက် အန္တရာယ်ပေးနိုင်တဲ့ အသင်းဖြစ်ပါတယ်’’ ဟု The Express သတင်းဌာနအား ပြောကြားသည်။

‘‘နိုင်ဂျီးရီးယားနဲ့ပတ်သက်လို့ ကျွန်တော်တို့ များများစားစားကြီး သိမထားပါဘူး။ ဒါပေမဲ့ အာဖရိကအသင်းတွေဟာ ပုံမှန်ဆိုသလို ဖိအားပေးလေ့ရှိ ပြီး အားကောင်းပါတယ်။ ကစားရခက်ပါတယ်’’ ဟု ၎င်းကထပ်လောင်းပြောကြားသည်။ အာဂျင်တီးနားသည် စနေနေ့တွင် အိုက်စလန်နှင့် ကမ္ဘာ့ ဖလားပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာဂျင်တီးနားသည် မက်ဆီ၏ ဟက်ထရစ်ဂိုးဖြင့် နောက်ဆုံးပွဲရောက်မှ ကမ္ဘာ့ဖလားဝင်ခွင့် သေချာခဲ့သည်။

၂၀၁၅ က ချီလီနှင့်အတူ အာဂျင်တီးနားကို ပင်နယ်တီဖြင့်အနိုင်ယူပြီး ကိုပါအမေရိကဖလားရရှိခဲ့သော နည်းပြဆမ်ပါအိုလီက အာဂျင်တီး နားအတွက် ကမ္ဘာ့ဖလားအောင်မြင်မှု ဆောင်ကြဉ်းပေးရန် မျှော်လင့်ထားသည်။ သို့သော် မက်ဆီက​၎င်းတို့အနေဖြင့် နောက်တစ်ဆင့် တက်ရေး ခြေစွမ်းပိုင်း အထူးကောင်းမွန်ရန်လိုသည်ဟု ပြောသည်။

အာဂျင်တီးနားသည် ဒီမာရီယာ၊ မက်ဆီ၊ ဟီဂူအင်၊ဒိုင်ဘာလာ၊ အဂူရိုစသော ကစားသမားကောင်းများနှင့် စုဖွဲ့ထားပြီး ယခုနှစ် ကမ္ဘာ့ဖလားဗိုလ်စွဲရန် ရေပန်းစားနေသော အသင်းများအနက် တစ်သင်းဖြစ်သည်။

—Ref:SportsMole

Top News