လာမည့်ပရီးမီးယားလိဂ်ရာသီ ပွဲဦးထွက်တွင် အာဆင်နယ်နှင့် မန်စီးတီး၊ မန်ယူနှင့် လက်စတာ ကစားမည်

၂၀၁၈-၁၉ ပရီးမီးယား လိဂ် ရာသီပထမဆုံးပွဲစဉ်များ၌ ချန်ပီယံမန်စီးတီးသည် အာဆင် နယ်အိမ်ကွင်းသို့ သွားရောက် ရင်ဆိုင်ရမည်ဖြစ်ကာ မန်ယူက လက်စတာစီးတီးကို လက်ခံ ကစားရမည်ဖြစ်သည်။


ပေါင်သန်း ၈၅၀ တန် ဘော လုံးကွင်းသစ်ဆောက်လုပ်ထား သော စပါးသည် နယူးကာဆယ် နှင့် ပွဲဦးထွက်ရင်ဆိုင်မည်ဖြစ် ကာ လီဗာပူးက ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ချန်ပီယံ ရှစ်တွင် ဗိုလ်စွဲပြီး တန်းတက်လာ သော ဝုဖ်ဗာဟမ်တန်သည် အဲဗာ တန်နှင့် ရင်ဆိုင်မည်ဖြစ်ကာ တန်းတက်ဖူဟမ်က ခရစ္စတယ်ပဲ လေ့စ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ချယ်လ်ဆီးသည် ဟက်ဒါ ဖီးလ်အိမ်ကွင်းသို့ သွားရောက်ရင် ဆိုင်ရမည်ဖြစ်ပြီး ဆောက်သမ် တန်က ဘန်လေကို လက်ခံက စားရမည်ဖြစ်သည်။

အာဆင်နယ် နည်းပြသစ် အမ်မရီသည် မန်စီးတီးနှင့်ရင်ဆိုင် ပြီးနောက် ချယ်လ်ဆီးနှင့်တွေ့ဆုံ ရမည်ဖြစ်ရာ ၎င်းအနေဖြင့် စမ်း သပ်မှုများ ကြုံတွေ့မည်ဖြစ်သည်။

စပါးသည် ၎င်းတို့၏ ကွင်း သစ်ပြီးစီးချိန် စက်တင်ဘာ ၁၅ (သို့မဟုတ်) ၁၆ ရက်တွင်လီဗာပူးနှင့် ရင်ဆိုင်ရန် ရှိနေသည်။

ပရီးမီးယားလိဂ်က ပွဲစဉ် ၃၈၀ စလုံးအတွက် ယှဉ်ပြိုင်မည့် ရက်စွဲများကို ကြေညာခဲ့သော် လည်း ရုပ်သံထုတ်လွှင့်ခွင့်ဆိုင်ရာ ဆုံးဖြတ်စရာများကြောင့် ပွဲကစား ချိန်များကိုမူကြေညာခြင်း မရှိ သေးပေ။   —Ref:Goal/BBC

Top News