■ အားကစား သတင်းတိုများ

မန်ယူအတွက်ပြီးခဲ့သည့် ရာသီက ၄၅ ပွဲတွင် ၁၁ ဂိုးသွင်းယူခဲ့သော် လည်း ပြင်သစ်လက်ရွေးစင်အသင်းတွင် ပါဝင်ခွင့်မရခဲ့သော အန်တို နီမာရှယ်သည် စာချုပ်သက်တမ်းတစ်နှစ် ကျန်သေးသော်လည်း အ သင်းပြောင်းရွှေ့လိုသည်ဟု ၎င်း၏အေးဂျင့်က ပြောသည်။


မန်ယူတိုက်စစ်မှူး ရက်ခ်ျဖို့ဒ်သည် အင်္ဂလန်အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်နှစ်ခုနှင့် လွဲချော်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် တနင်္လာနေ့ တူနီး ရှားနှင့်ပွဲတွင် ပါဝင်ရန် မသေချာဖြစ်နေသည်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘရာဇီးနိုင်ငံသားဖြစ်ပါ က ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရမည်ဖြစ်ကြောင်း ဘရာဇီးလက် ရွေး စင်ကြယ်ပွင့်ဟောင်း ရောဘတ်တိုကားလို့စ်က ပြောသည်။

ဘရာဇီးတိုက်စစ်မှူး နေမာက ၎င်းကို ပီအက်စ်ဂျီက ကမ္ဘာ့စံချိန် တင်ကြေး ယူရို ၂၂၂ သန်းပေး၍ ခေါ်ယူခဲ့သော ကြေးလောက် ၎င်း တန်ဖိုးမရှိကြောင်း ပြောသည်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အသင်းတွင် ဆက်ရှိနေမည်ဟု ကတိပြုထားသောကြောင့် ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၏ ခေါ်ယူရန် ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ထုတ်ဖော်ပြောကြားသည်။

Top News