ရခိုင်ပြည်နယ် လေးမြို့နယ်ရှိ ကျေးရွာများ ရေမြုပ်နေ၍ ဒေသခံအချို့ပြောင်းရွှေ့

အမ်းမြို့မှ ရေမြုပ်မိသားစုများကို မီးသတ်တပ်ဖွဲ့ဝင်များက ပြောင်းရွေ့ပေးနေစဉ် (ဓာတ်ပုံ − ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့)

မိုးသည်းထန်ကာ တောင်ကျရေနှင့် ချောင်းရေတက် မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်ရှိ ကျေးရွာအချို့ ရေ နစ်မြုပ်နေကာ ဒေသခံအချို့ ပြောင်းရွှေ့နေရကြောင်း ရခိုင် ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါမြို့နယ်များတွင် ရေ နစ်မြုပ်မှုသည် ဇွန်လ ၁၂ ရက်က စတင်ဖြစ်ပေါ်နေပြီး ရေကျမသွားဘဲ တဖြည်းဖြည်းတက်လာသဖြင့် လူအများ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြောင်း အမ်းမြို့နယ်မှရေဘေးကူညီရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဦးအောင်ကိုက ပြောသည်။

ဇွန်လ ၁၄ ရက်က အမ်းမြို့ နယ် အမှတ် (၃)ရပ်ကွက် အောက်ကျင်းတွင် နေအိမ်အလုံး ၂၀ ရေနစ်မြုပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ပြောင်းရွှေ့ပေးခဲ့ပြီး မြောက်ဦးမြို့ လက်ကောက်ဈေး ရပ်ကွက်ရှိ ကံချေစု၌ မိသားစုဝင်များကိုဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် လေဆင်နှာ မောင်းနှင့် လေပြင်းတိုက်ခတ်မှု ကြောင့် မာန်အောင်မြို့နယ် ဆား ချက်ကျေးရွာနှင့် မီးလောင် ထောင့်ကျေးရွာရှိ အိမ်ခြောက်လုံး ပြိုကျပြီး ဓမ္မာရုံတစ်ခု အနည်း ငယ်ပျက်စီးကြောင်း  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေဆင်နှာမောင်းနှင့် လေ ပြင်းတိုက်ခတ်မှုသည် ဇွန်လ ၁၃ ရက်က ဖြစ်ပွားပြီး အိမ်အချို့ ပျက်စီးရုံမှအပ ထိခိုက်ဒဏ်ရာရ သူမရှိကြောင်း ဆားချက်ကျေး ရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

‘‘ရာသီဥတုကြမ်းနေတာ မေလကုန်ပိုင်းက ဖြစ်ပါတယ်။ လေတိုက်လို့ အုန်းပင်တွေလည်း ခဏခဏလဲပြီးတော့  လူနေအိမ် တွေကို  မကြာခဏဖိမိနေတယ်။ အခုလည်း လေဆင်နှာမောင်းနဲ့ လေပြင်းကြောင့် လူနေအိမ်တချို့ ပျက်စီးခဲ့ရတယ်’’ဟုကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

မာန်အောင်မြို့နယ် အပါ အဝင် ရခိုင်ပြည်နယ်တွင် မေလ နောက်ဆုံးပတ်က တိုက်ခတ် သည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် လေဆင်နှာ မောင်းတိုက်ခတ်ခြင်းများ ဇွန်လ နောက်ဆုံးပတ်အထိ ဖြစ်ပေါ် နေသည်။

တောင်ကုတ်မြို့နယ် မြို့ တောင်ကျေးရွာနှင့် နန်းရွာကုန်း ကျေးရွာတွင် ဇွန်လ ၁၁ ရက်က လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် လူနေအိမ် ၃၄ လုံးနှင့် အများပိုင်အဆောက်အအုံ ခုနစ် ခုပျက်စီးခဲ့သည်။

Top News