မြစ်နှင့်ဆည်ရေများ မြင့်တက်လာစဉ် ရေဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းရန် တိုက်တွန်း

 နေရာကွက်မိုးကြီးပြီး မြစ်နှင့်ဆည်ရေများမြင့်တက်လာ စဉ် ဒေသခံများအနေဖြင့်ရေဘေး လွတ်ရာ ကြိုတင်ရွှေ့ပြောင်းနေ ထိုင်ရန် ပြည်ထောင်စုဝန်ကြီးနှင့် ဆည်မြောင်းဦးစီးဌာန တာဝန်ရှိ သူအချို့က တိုက်တွန်းပြောကြား သည်။

မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တွင် မြို့နယ်အချို့၌ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီး မကွေးတိုင်းဒေသ ကြီး၌ ရေလွှမ်းမိုးမှု ဧရိယာအ ကျယ်ပြန့်ဆုံးဖြစ်နေသည်။ ထို့အပြင် မကွေးတိုင်းရှိ ဆည် အချို့သည် ပုံမှန်ထက်ရေသို လှောင်ထားပြီး ရေပိုလွှဲများမှ ရေ ဆင်းနေချိန် မိုးဆက်လက်ရွာနေ ၍မြစ်၊ချောင်းများအနီးမှ ကျေးရွာ များ ရေကြီးနစ်မြုပ်မှုပိုမိုဆိုးရွား လာမည်ကို ဆည်တာဝန်ရှိသူအချို့က စိုးရိမ်နေသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ‘‘အ ရေးပေါ်ဖြစ်လာပြီဆိုရင် အသက် အန္တရာယ်နဲ့ စည်းစိမ်ဥစ္စာမထိ ခိုက်စေဖို့၊ ပြောင်းရွှေ့ဖို့ကျွန်တော် တို့ပြောတယ်။ ပြန်လည်နေရာချ ထားပေးဖို့လည်း ပြည်နယ်အစိုးရ နဲ့ ပြည်ထောင်စုအစိုးရပေါင်းပြီး တာဝန်ယူတယ်။ ပြည်သူအနေနဲ့ ဆုံးဖြတ်ချက်ချသင့်တာက ညွှန် ကြားချက်ကို လိုက်နာသင့်တယ်။ လိုက်နာသင့်တယ်ဆိုတာက အ မိန့်အရမဟုတ်ဘူးနော်။ ပူးပေါင်း ဆောင်ရွက်သင့်တာ။ ဘာကြောင့် လဲဆိုတော့ အသက်နဲ့ အိုးအိမ်က အရေးကြီးဆုံးမို့လို့’’ ဟု ပြော သည်။

မင်းဘူး၊ စကုမြို့အထက်ရှိ အိုင်းမဆည်သည် နှစ် ၄၀အတွင်း အမြင့်ဆုံးရေမှတ်သို့ ရောက်ရှိနေ  ကြောင်း ဦးဝင်းဇော်ထွန်း(ဦးစီးမှူး(မြို့ပြ)) က သတိပေးသည်။

ပွင့်ဖြူမြို့နယ်အထက်ရှိကြီး အုံကြီးဝ တမံသည်လည်းရေသို လှောင်မှုများပြားနေပြီး ဒေသ တွင်း၌ မိုးကောင်းနေ၍ချောင်း များ ရေတိုးနေပြီးတောင်ကျရေ လည်း ဆင်းနိုင်သောကြောင့် လတ်တလောရေကြီးနစ်မြုပ်နေ သည့်ကျေးရွာများအနေဖြင့် အ ထူးသတိပြုနေထိုင်ရန် ဆည်တွင် တာဝန်ကျနေသောဌာနဆိုင်ရာ ၀န်ထမ်းများက လူမှုကွန်ရက်မှ တစ်ဆင့် မကြာခဏသတိပေး သည်။

ဇွန်လ ၁၄ ရက်အခြေအနေ အရ ၂၀၁၅ က ဆိုးရွားသောရေ ဘေးရင်ဆိုင်ခဲ့ရသည့် ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်တို့တွင် မြေ နိမ့်ရပ်ကွက်နှင့် ကျေးရွာများအ တွင်း ယခင်နေ့များထက် ရေ၀င် လာပြီး အရေးပေါ်ရွှေ့ပြောင်းနေ သည်။

နေအိမ်ခေါင်မိုးများ ရေထိ သည်အထိ ရေကြီးနစ်မြုပ်နေ သော်လည်း ဒေသခံအချို့သည် ကယ်ဆယ်ရေးစခန်းများတွင်ရွှေ့ ပြောင်းနေထိုင်ရန် ငြင်းဆန်နေ၍ အခက်တွေ့နေကြောင်း ဒေသ တွင်းလူမှုရေးအဖွဲ့များက ဆို သည်။

လတ်တလော ရာသီဥတုအ ခြေအနေအရ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်း၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ချင်း၊ ကရင်နှင့်မွန်ပြည် နယ်တွင် နေရာကွက် မိုးကြီး နိုင်သေးကြောင်း မိုးဇလက သတိ ပေးထားသည်။

လာမည့် နှစ်ရက်ခန့်တွင် အလယ်ပိုင်းဒေသများ၌ မိုးအားလျော့လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

More in News Section

Top News