သာကူးမဟုတ်ကြောင်း သူရဦးရွှေမန်း တုံ့ပြန်

ဓာတ်ပုံ − ရဲနိုင်

မဲရှုံးမည်ကို ကြိုသိသော ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနီးသို့ ရောက်ရှိခဲ့သည်ဆိုသည့် ပြောကြားချက် များအပေါ် သူရဦးရွှေမန်းက ၎င်း သည် သာကူးမဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။

‘‘ရှုံးမှာ ကြောက်လို့ လည်း သွားပြီးခိုတာမဟုတ် ဘူး။ သာကူးလည်း မဟုတ်ဘူး’’ ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကရွေးကောက် ပွဲတွင် အနိုင်ရရှိမည်ဟုယုံကြည် ထားသောကြောင့် ၎င်းတို့အနိုင် ရရှိပါက ဒေါ်အောင်ဆန်းစုကြည် ကို ထိုက်တန်သည့်နေရာယူ၍ လာရောက်ကူညီကာ တာဝန်ယူ လုပ်ကိုင်ပေးရန် ကမ်းလှမ်းခဲ့ပြီး ၎င်းရှုံးနိမ့်ပါက ဒေါ်အောင်ဆန်း စုကြည် သဘောအတိုင်းဟု ပြောဆိုခဲ့ကြောင်း သူရဦးရွှေမန်း ကဆိုသည်။

ယမန်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်တွင်ပြုလုပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာခုံရုံးအဖွဲ့နုတ်ထွက် ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက် စာအုပ်မိတ်ဆက်ပွဲ၌ မီဒီယာ များက ယခင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုး သိန်းရေးသားသော ‘ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်း စိန်’ စာအုပ်တွင် အချို့ပါတီထိပ် တန်းခေါင်းဆောင်များသည် မဲရှုံး မည်ကိုကြိုတင်မျှော်မှန်းထားသ ဖြင့် သာကူးများလိုလို၊ မှန်ပြောင်း များလိုလို သူခိုးဓားရိုးကမ်းကြပါ တော့သည်ဆိုသည့် အချက်ကို မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

‘‘ခြံခုန်တယ်တို့၊ သာကူးတို့၊ ဘာညာဘာညာ သူ့ဘာသာပြော ချင်တဲ့သူပြော၊ ကြိုက်တဲ့သူပြော၊ အဲဒီတော့ကိုယ်ကမခံချင်ဘူးဆို ရင် အဲဒါတွေက သူ့ဆီပြန်ရောက် သွားလိမ့်မယ်’’ ဟု သူရဦးရွှေမန်း က ပြောသည်။

ထို့နောက်လက်ရှိ ၎င်းလုပ် ကိုင်ဆောင်ရွက်နေခြင်းများနှင့် ပတ်သက်၍ ‘‘ရှင်းရှင်းပြောမယ် ဆိုရင် နာမည်နဲ့ပြောမယ်။ အဲဒီ အစ်မ(ဒေါ်အောင်ဆန်းစုကြည်)အတွက်လည်းမဟုတ်ဘူး။ အဲဒီ ပါတီအတွက်လည်းမဟုတ်ဘူး။ ကျွန်တော်ဒီလိုပဲပြောတယ်’’ ဟု ၎င်းကဆိုသည်။

ဦးစိုးသိန်း၏ စာအုပ်ပါအ ချက်အချို့နှင့်ပတ်သက်၍ ဦးစိုး  သိန်းသည် ၎င်းနှင့်သူငယ်ချင်းဖြစ် သဖြင့် တုံ့ပြန်စရာမလိုဘဲဦးစိုး သိန်း၏ ထင်မြင်ယူဆချက်များ သည် ၎င်း၏လွတ်လပ်ခွင့်ပင်ဖြစ် ကြောင်း သူရဦးရွှေမန်းက ဆို သည်။

‘‘အဲဒီလို ထင်မြင်ပြောဆိုမှု တွေက တစ်ဖက်ကိုထိခိုက်တယ် ဆိုရင်(သို့မဟုတ်)နိုင်ငံအတွက် စည်းလုံးညီညွတ်မှုပျက်ပြားစေ မယ်ဆိုရင်တော့ သူပြောတာသူ့ ဘာသာသူပဲ ဆုံးဖြတ်ပါ။ ဒါ့အ ပြင် ပတ်ဝန်းကျင်ကပဲဆုံးဖြတ်ဖို့ လိုတယ်လို့ပြောချင်ပါတယ်’’ ဟု သူရဦးရွှေမန်းက ဆိုသည်။

သူရဦးရွှေမန်းက သမ္မတ မဖြစ်ရ၍ သမ္မတဟောင်းဦးသိန်း စိန်ကို ပိုမိုတိုက်ခိုက်ခဲ့သည်ဟုစွပ် စွဲချက်အပေါ်မည်သို့တုံ့ပြန်ရန်ရှိ ကြောင်း မီဒီယာများက မေးမြန်း ရာ ‘‘သမ္မတဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျွန်တော်တို့ ကို ဟိုတုန်းကပြည်သူကရွေးချယ် တဲ့သူဖြစ်ပြီးတော့ ပြည်သူကဒီနေ ရာကိုပို့တာမဟုတ်ဘူး။ ကျွန် တော်တို့အထက်က အဖွဲ့အစည်း ကနေ ရွေးပြီးတော့မဲနှိုက်ပြီးသား မျိုး။ မင်းက ဒီဟာယူဆိုတဲ့ ပို့တဲ့ နေရာဒီဟာတွေအတွက် ကျွန် တော်ကငြင်းပိုင်ခွင့်လည်း မရှိ ဘူး။ ငြင်းပယ်လို့လည်း မရဘူး။ တစ်ခုပဲရှိတယ်။ ကိုယ့်ပေးတဲ့တာ ၀န်ကျေအောင်လုပ်ဖို့ပဲ’’ ဟု သူရ ဦးရွှေမန်းကဆိုသည်။

ဆက်လက်၍ သမ္မတ ဟောင်း ဦးသိန်းစိန်နှင့် သူရဦးရွှေ မန်းကြား သဘောထားကွဲလွဲသည် ဆိုခြင်းမှာ ဖြစ်နိုင်ပြီး လူတစ်ဦးနှင့် တစ်ဦး သဘောထားထပ်တူကျ ရန် မဖြစ်နိုင်ကြောင်း ၎င်းက၀န်ခံ သည်။

‘‘ဒီသဘောထားမတူတဲ့ကိစ္စ တွေက နိုင်ငံအတွက်ဆိုလို့ရှိရင် တော့ ညှိဖို့လိုတာပေါ့။ ဘယ်ဟာ အကျိုးရှိမလဲ ဒါကိုလက်ခံရမှာ ပေါ့’’ ဟု ၎င်းကပြောသည်။

သူရဦးရွှေမန်းအနေဖြင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့်မနီးကပ်ဘဲ တပ်မတော် တွင် ဆက်ရှိနေပါက မည်သို့ ဆောင်ရွက်မည်နည်းဟု မေးမြန်း မှုအပေါ် ‘‘ဒီအချိန်မှာ တပ်မတော် က အရာရှိတစ်ယောက်ဖြစ်နေ မယ်ဆိုရင် ကိုယ့်နိုင်ငံကောင်းဖို့ အဓိကစဉ်းစားမှာပါ’’ ဟု ၎င်းက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် တွင် လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်၌ နိုင်ငံခြား သားတစ်ဦးထည့်သွင်းမှုကို တပ်မ တော်နှင့် အစိုးရသဘောထားကွဲ လွဲနေမှုသည် နှစ်ဖက်တင်းမာမှု များဖြစ်လာနိုင်မည်လားဟု မီဒီယာများက မေးမြန်းခဲ့သည်။

ထိုမေးမြန်းမှုကို သူရဦးရွှေ မန်းက ‘‘ဒီတစ်ခုက ညှိလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ အဲဒီ တော့နိုင်ငံအတွက် ဖြစ်ပေါ်လာ တဲ့အခြေအနေတွေကို အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ဆုံး ဖြတ်ချက်တစ်ခုအပေါ်မှာ တစ် ယောက်နဲ့တစ်ယောက်မသိသေး လို့ ဒီလိုအထင်မြင်လွဲတာပါ’’ ဟု မှတ်ချက်ပြုသည်။

More in News Section

Top News