သမ္ဗန်နစ်မြုပ်၍ ပျောက်ဆုံးသူလေးဦးကို ရှာမတွေ့သေး၊ သားနှင့် ချွေးမ အသက်ရှင်ရန် မျှော်လင့်နေကြောင်း မိခင်ပြော

ရန်ကုန်မြစ်အတွင်း နစ် မြုပ်ခဲ့သည့် သမ္ဗန်မှ ပျောက်ဆုံး နေသူလေးဦးကို ရဲတပ်ဖွဲ့နှင့် မီး သတ်တပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေ နေပြီး ယမန်နေ့ညအထိမတွေ့ ရှိသေးကြောင်း ဆိပ်ကမ်းမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

‘‘ကျွန်မသားနဲ့ချွေးမ အ သက်ရှင်လျက် ပြန်လာမယ်လို့ပဲ မျှော်လင့်ပါတယ်’’ ဟု ပျောက်ဆုံး နေသူ လေးဦးအနက်သားနှင့် ချွေးမပါဝင်နေသည့်အပေါ် မိခင် ဒေါ်ပါးပါးကပြောသည်။ 

ပျောက်ဆုံးနေသူလေးဦး သည်  ကမာကသွယ်ရပ်ကွက် နေကိုရာဂျားနှင့်ဇနီးမဒါးနီ၊ဗညား ဒလရပ်ကွက်နေ မဥမ္မာလွင်နှင့် စက်မြေရပ်ကွက်နေ  မဆန်းသီး တို့ဖြစ်သည်။  ၎င်းတို့လေးဦးသည် အသက် (၂၆) နှစ်မှ (၃၀)အတွင်းရှိလူငယ်များဖြစ်သည်။ 

‘‘ကျွန်မသားက မနှစ်ကမှ မင်္ဂလာဆောင်ထားတာ။ ဒီလ ၂၈ ရက်နေ့ဆိုတစ်နှစ်ပြည့်ပြီ။ သူတို့ က မင်္ဂလာဈေးမှာ အအေးရောင်း ကြတာ။ မနက် ၇နာရီခွဲဆိုသွား ပြီ။ ည ၈နာရီဆိုပြန်ရောက်တယ်။  ပုံမှန်ပဲ။ မှောက်တဲ့ သမ္ဗန်မှာ သူ တို့လင်မယားပါသွားတယ်ဆိုတာ ကို ဆေးရုံရောက်နေတဲ့ ဆယ် ထားတဲ့သူတွေပြောမှသိတာ’’ ဟု  ကိုရာဂျား၏ မိခင်ဒေါ်ပါးပါးက ပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၃ရက် ည ၈နာရီခွဲက မော်တင်စဥ့် အိုးတန်းသမ္ဗန်ဆိပ်မှ ဒလဘက် ခြမ်း ကမာကသွယ်သမ္ဗန်ဆိပ်သို့ ထွက်ခွာလာသည့်  သမ္ဗန်တစ်စီး စက်ပျက်ပြီး  ရေစီးဖြင့်မျောပါ ကာ ဆူးလေဆိပ်ခံတံထားအမှတ် (၂) နှင့် အမှတ် (၃)အကြားနစ်မြုပ်ခဲ့သည်။ 

နစ်မြုပ်ခဲ့သည့် သမ္ဗန်တွင် မောင်းနှင်သူအပါအ၀င်ခရီးသည် ၁၃ ဦးလိုက်ပါပြီးလူ ၉ ဦးကိုကယ်တင်နိုင်ကာ အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး  ပျောက်ဆုံးနေသည်။ 

ရန်ကုန်ဘက်မှ ဒလဘက်သို့ ပြေးဆွဲနေသည့် သမ္ဗန်ဆိပ် ၁၀ ခု ခန့်ရှိပြီး  ခရီးသည်သောင်းဂဏန်း ခန့်  နေ့စဥ့်ပို့ဆောင်ပေးနေရပြီး သမ္ဗန်တစ်စီး၏  တစ်ရက်တာပြေးဆွဲမှုခေါက်ရေသည် ပျမ်းမျှ ၃၀ခန့်ရှိကြောင်း ကမာကသွယ်ဆိပ် အတွင်းရေးမှူးကပြောသည်။ 

‘‘လူတွေက အစိုးရသင်္ဘော  နဲ့သိပ်မကူးကြဘူး။ သမ္ဗန်ပဲစီး ကြတာ။ အေးအေးဆေးဆေးသ မားတွေလောက်ပဲအစိုးရသင်္ဘော ပဲစီးကြတာ။ အချိန်နဲ့အလုပ်လုပ် ရတဲ့သူတွေက သမ္ဗန်ပဲစီးကြတာ များတယ်’’ ဟု ၎င်းကပြောသည်။ 

သမ္ဗန်နစ်မြုပ်မှုနှင့် ပတ် သက်ပြီး မောင်းနှင်သူကျော်မင်း ကို ဆိပ်ကမ်းမြို့မရဲစခန်းက အ မှုဖွင့် ဖမ်းဆီးအရေးယူထား သည်။ 

Top News