တရုတ်နိုင်ငံတွင် မြန်မာအလုပ်သမား ၁၃ ဦး မှိုစားပြီး အစာအဆိပ်သင့်

တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမား ၁၃ ဦးသည် မှိုစားမိရာမှ အစာအဆိပ်သင့်ပြီး မူဆယ်ဆေးရုံတွင်  ခြောက်ဦး တက်ရောက်ကုသနေကာ  တစ်ဦးသည်  စိုးရိမ်ရသည့်အခြေအနေ ရှိနေသည်။

ကချင်ပြည်နယ်နှင့် ထိစပ် နေသော တရုတ်နိုင်ငံ ကျန်ဖုန်း မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ခြောက်ဦး သည်  ဇွန်လ ၁၃ ရက်က အစာအဆိပ်သင့်သည့်  လက္ခဏာဖြင့် မူဆယ်ဆေးရုံသို့  ရောက်ရှိလာ သည်။

‘‘ဇွန်လ ၁၁ ရက် နေ့ခင်းမှာ မှိုစားကြတယ်။ အဲဒီညမှာ အစာ အဆိပ်သင့်ပြီး ကျန်ဖုန်းဆေးရုံ တက်ရတယ်။ အဲဒီကနေ ပိုက်ဆံ မတတ်နိုင်တော့လို့ မူဆယ်ကို ရောက်လာကြတယ်လို့ဆိုတယ်။ စစချင်းနှစ်ဦးက စိုးရိမ်ရတယ်။ အခုကတော့ တစ်ဦးက သက်သာပြီး တစ်ဦးပဲ စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်’’ဟု မူဆယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

အစာအဆိပ်သင့်သူများ သည် ကျန်ဖုန်းမြို့နယ်မှ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင် နေသူများဖြစ်ပြီး ကျန်ခုနစ်ဦးသည် လမ်းစရိတ်မရှိသဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်မလာနိုင်ဟု    မူဆယ်ဆေးရုံနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောသည်။ 

အလုပ်သမားများသည် မကွေးတိုင်းဒေသကြီး မြို့နယ်အချို့မှ ဖြစ်သည်။

‘‘တရုတ်ဘက်က လှေဆိပ် မှာ ကျန်ခဲ့တယ်ပြောတယ်။ ပိုက် ဆံမရှိလို့ လိုက်လာလို့ မရတာ တဲ့။ ဘယ်လှေဆိပ်လဲဆိုတာ မေး မရဘူး။ ဆေးရုံရောက်လာဖို့ လို တယ်။ ကျန်ခဲ့တဲ့ သူတွေအတွက် ကျွန်မတို့လည်း စိတ်ပူနေတာ’’ဟု မူဆယ်ဆေးရုံမှ ဆေးလူမှုဆက် ဆံရေးမှူး ဒေါ်မြမြစန်းကပြော သည်။

အစာအဆိပ်သင့်သူများ သည် တရုတ်နိုင်ငံဆေးရုံတွင် ဆေးကုသစဉ် မြန်မာငွေကျပ် ၁၆ သိန်းခန့်ရှိသော တရုတ်နိုင်ငံသုံး ယွမ်ရှစ်ထောင် ဆေးကုသခပေးခဲ့ရပြီးနောက်  ငွေမရှိတော့၍  မူဆယ်ဆေးရုံသို့ ထွက်ခွာလာခြင်း ဖြစ်သည်။

အဆက်အသွယ်ပြတ်နေ သော ကျန်ခုနစ်ဦးကို ချိတ်ဆက်နိုင်ရေး မူဆယ်မြို့ခံလူမှု ရေးအဖွဲ့များက တရုတ်နိုင်ငံဘက်မှ မြန်မာလူမှုရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ 

Top News