တိုက်စစ်မှူးဆွာရက်ဇ် ရင့်ကျက်လာပြီဟု ဥရုဂွေးနည်းပြပြော

(Reuters)

၂၀၁၄ ဘရာဇီးကမ္ဘာ့ ဖလားတွင် အီတလီနောက်ခံလူ ချီလီနီ၏ပခုံးကို ကိုက်ခဲ့သော တိုက်စစ်မှူး ဆွာရက်ဇ်သည် ယင်းအငြင်းပွားဖွယ် လုပ်ရပ်များ ကြောင့် ရင့်ကျက်သော ကစား သမားတစ်ဦး ဖြစ်လာသည်ဟု ဥရုဂွေးနည်းပြ အော်စကာတာ ဘာရက်ဇ်က ပြောသည်။

ဆွာရက်ဇ်သည် ယင်းအုပ်စု အဆင့် အီတလီနှင့်ပွဲတွင် ကျူး လွန်ခဲ့သော လုပ်ရပ်ကြောင့်ဘောလုံးနှင့်ဆိုင်သော လှုပ်ရှားမှုအားလုံးမှ လေးလတားမြစ်ခံခဲ့ရ သည်။


ယင်းကဲ့သို့ အငြင်းပွားဖွယ် ဖြစ်ရပ်များ ရှိခဲ့သော်လည်း ဘာ စီလိုနာက ဆွာရက်ဇ်ကို လီဗာပူး မှ ခေါ်ယူခဲ့ပြီး ၎င်းသည် အောင် မြင်မှုများ ရရှိခဲ့သည်။

ကာဗာနီနှင့်အတူ ဥရုဂွေး တိုက်စစ်ကို ဦးဆောင်မည့် ဆွာ ရက်ဇ်သည် ယခုအခါ ရင့်ကျက် နေပြီဟု တာဘာရက်ဇ်က ပြော ကြားသည်။

‘‘ဆွာရက်ဇ်ဟာ ဒီပြိုင်ပွဲကို အရမ်းရင့်ကျက်တဲ့ ကစားသမား တစ်ယောက်အနေနဲ့ ပါဝင်လာ တာပါ။ သူ့ကို ကျွန်တော် ၂၀၀၆ ကတည်းက သိလာတာကြာပါပြီ’’ဟု တာဘာရက်ဇ်က သတင်း ထောက်များအား ပြောကြား သည်။

 ဘရာဇီးတွင် ချီလီနီကို ကိုက်ခဲ့သော လုပ်ရပ်က ဆွာ ရက်ဇ် ရင့်ကျက်လာရန် အထောက်အကူ ဖြစ်ခဲ့သည်ဟု တာဘာရက်ဇ်က ပြောသည်။

၎င်းသည် ဥရုဂွေးကို စတုတ္ထ အကြိမ် ဦးဆောင်ကာကမ္ဘာ့ဖလား ယှဉ်ပြိုင်မှု စတင်မည်ဖြစ်ပြီး ယင်းဘိုကာဂျူနီယာ နည်းပြဟောင်း က ယခုပြိုင်ပွဲတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်ရန် အတွေ့အကြုံ ကောင်းနှင့် အရည်အသွေးမျိုးကို ဥရုဂွေးအသင်းက ပိုင်ဆိုင်ထား သည်ဟု ပြောသည်။

ဆွာရက်ဇ်သည် ချီလီနီနှင့် ယင်းဖြစ်ရပ် မတိုင်မီကလည်း အငြင်းပွားဖွယ်ရာ လုပ်ရပ်များ ကြောင့် ပွဲပယ်ခံခဲ့ရသည်။

—Ref: Sport skeeds

Top News