စပိန်နှင့် ပေါ်တူဂီ ထိပ်တိုက်တွေ့မည့်ည

ဥရုဂွေး - အီဂျစ်

ညနေ ၆နာရီခွဲ

၁၉၃၀က ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကမ္ဘာ့ဖလားနှစ်ကြိမ်ဆွတ်ခူးဖူးသော ဥရုဂွေးအနေဖြင့် ယနေ့အီဂျစ်နှင့်ပွဲစဉ်တွင် အတွေ့အကြုံအသာစီးရမှုကို အသုံးချကာ အနိုင်ယူရန်ကြိုးပမ်းမည်ဖြစ်သည်။

အီဂျစ်နှင့် ဥရုဂွေးအနေဖြင့် အုပ်စု (A)တွင် အိမ်ရှင်ရုရှားကို ကျော်ကာ (၁၆) သင်းအဆင့်သို့ တက်ရောက်မည်ဟု ခန့်မှန်းခံ ထားရသည်။

နည်းပြဟက်တာကူးပါး၏ အီဂျစ်သည် အာဖရိကဖလားကို ခုနစ်ကြိမ် စံချိန်တင်ဆွတ်ခူးထား သော်လည်း ကမ္ဘာ့ဖလားနှင့် ပတ် သက်၍ အတွေ့အကြုံနည်းပါး ခြင်းက အဓိကအဆုံးအဖြတ်ပေး မည့် အချက်ဖြစ်လာနိုင်သည်။

ပခုံးဒဏ်ရာရထားသော ဆာလက်သည် ဇွန်လ ၁၃ရက်က  အီဂျစ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်၌ တစ်နာရီခန့် အပေါ့စားလေ့ကျင့်ခန်းဆင်းခဲ့ပြီး ဥရုဂွေးနှင့်ပွဲအတွက်  ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝနေပြီဟု အီဂျစ်နည်းပြကူးပါးက အတည်ပြုသည်။

အီဂျစ်သည် နောက်ဆုံး ကစားခဲ့သည့် ခြောက်ပွဲတွင် သုံး ပွဲသရေ၊ သုံးပွဲရှုံးထားသည်။

အီဂျစ်တွင် ဆာလက်ပါဝင် ကစားပါက မိမိအနေဖြင့် ဝမ်းသာ မည်ဖြစ်ကြောင်း ဥရုဂွေးဂိုးသမား မူစလီယာက ပြောသည်။

ဥရုဂွေးသည် အုပ်စု (A) ၌ နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံး အသင်းဖြစ်ပြီး ဂိုးသွင်းစက်  ကာ ဗာနီနှင့် ဆွာရက်ဇ်ကို ပိုင်ဆိုင် ထားသည်။ ပြီးခဲ့သည့်နှစ်က ၎င်း တို့နှစ်ဦးကြား ကလပ်သွင်းဂိုး ၉၉ ပွဲတွင် ၇၁ ဂိုးအထိရှိခဲ့သည်။

ဥရုဂွေးနှင့် အီဂျစ်သည် ၂၀၀၆ ခြေစမ်းပွဲတွင် တစ်ကြိမ် သာ တွေ့ဆုံဖူးပြီး ဥရုဂွေးက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

မော်ရိုကို - အီရန်

ည ၉နာရီခွဲ

မော်ရိုကိုနှင့် အီရန်နှစ်သင်းစလုံးသည် ခံစစ်ပိုင်းအားကောင်းပြီး မော်ရိုကိုသည် အမေရိကခြေစစ်ပွဲ တတိယအကျော့တွင် တစ်ဂိုးတည်းသာ ခွင့်ပြုခဲ့ရသည့် တစ်ခုတည်းသော အသင်းဖြစ်ကာ အီရန်က AFC ခြေစစ်ပွဲတွင် ကိုးပွဲ ဆက်ပေးဂိုးမရှိခဲ့ဘဲ ဆီးရီးယားနှင့် နောက်ဆုံးပွဲတွင် နှစ်ဂိုးသာ ပေးဂိုးရှိခဲ့သည်။

အီရန်တိုက်စစ်မှူး အလီရီ ဇာဂျာဟန်ဘက်ရှ်သည် ပြီးခဲ့ သည့် ရာသီက ၎င်း၏ကလပ် အေဇက်အယ်ခ်မာအတွက် ၂၁ ဂိုးသွင်းယူ၍ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ သည်။

မော်ရိုကို ကွင်းလယ်လူ သည် လည်း အေဂျက်ဇ်အသင်းအ တွက် နယ်သာလန်လိဂ်တွင် ဂိုး ဖန်တီးမှု ၂၁ ကြိမ်ဖြင့် အများဆုံး ဖန်တီးခဲ့သည်။

၎င်းတို့ နှစ်သင်းသည် ကမ္ဘာ့ ဖလားတွင် တစ်ကြိမ်မျှတွေ့ဆုံဖူး ခြင်းမရှိဘဲ  ယခင်ကတစ်ကြိမ် တည်း  ဆုံတွေ့မှု၌ သရေကျထား သည်။

စပိန် - ပေါ်တူဂီ

ည ၁၂နာရီခွဲ

ယူရို ၂၀၁၆ ချန်ပီယံပေါ်တူဂီကို စပိန်က ပူပူနွေးနွေးခန့်ထားသောနည်းပြသစ် ဖာနန်ဒိုဟီယာရို ဦးဆောင်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ် သည်။ ပေါ်တူဂီသည် ယခုကမ္ဘာ့ ဖလားတွင် ရေပန်းစားသော အ သင်းများ၌ ပါဝင်ခြင်းမရှိဘဲ နည်း ပြ ဖာနန်ဒိုဆန်းတို့စ်လက်ထက် တွင် ၂၉ ပွဲ၌ နှစ်ပွဲရှုံးထားသည်။

စပိန်တွင် ကာဗာဂျယ်တစ် ဦးတည်းသာ ကြံ့ခိုင်မှုနှင့်ပတ် သက်၍ မသေချာဖြစ်နေပြီး ကျန် ကစားသမားများ အားလုံးပါဝင် နိုင်မည်ဖြစ်သည်။ ယင်းနှစ်သင်း သည် ယခင်က ၃၆ ကြိမ်ဆုံခဲ့ဖူး ပြီး စပိန်က ၁၈ ပွဲနိုင်ကာ ခြောက် ပွဲသာ ရှုံးထားသည်။

ယူရို ၂၀၁၂ ဆီမီးတွင် နောက်ဆုံးဆုံခဲ့သော ယင်းနှစ် သင်းသည် ၁၉၅၀ နောက်ပိုင်း နောက်ဆုံး ၁၆ ကြိမ်၌ ပေါ်တူဂီ က ငါးပွဲနိုင်၊ ခုနစ်ပွဲ သရေကျ ထားသည်။

—Ref:Thehardtackle.com

Top News