အပြောင်းအလဲပြုလုပ်ရန် အချိန်မရှိတော့ဟု စပိန်နည်းပြသစ်ဟီယာရိုဝန်ခံ

စပိန်နည်းပြသစ်ဖာနန်ဒိုဟီယာရိုက မိမိအနေဖြင့်အသင်းကိုအပြောင်းအလဲတစ်စုံတစ်ရာပြုလုပ်ရန် အချိန်မရတော့ကြောင်းဝန်ခံပြောကြားသည်။  

လူပါတီဂူကို ရုတ်တရက် ထုတ်ပယ်ခဲ့သဖြင့် ပေါ်တူဂီနှင့်ပွဲအတွက် စပိန်အသင်း၏ ပြင်ဆင်နေမှုများ အခက်တွေ့စေခဲ့သည်။  

ရီးရဲလ်မက်ဒရစ်နှင့် စပိန်အသင်းခေါင်းဆောင်ဟောင်း ဟီယာရိုအနေဖြင့် စပိန်အသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များကို ကိုင်တွယ်ကြီးကြပ်မည်ဖြစ်ပြီး လက်ရှိ ကစားသမားများအပေါ် သြဇာလွှမ်းမိုးမှု အနည်းငယ်သာရှိမည်ကို သိရှိကြောင်း၊ သို့သော် အကောင်းဆုံးစွမ်းဆောင်မည်ဖြစ်ကြောင်း ပြောသည်။ ဟီယာရိုသည်ယခုနည်းပြရာထူးကို လက်မခံမီက စပိန်အသင်း၏ အားကစား ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

‘‘ဒါက ကောင်းမွန်တဲ့စိန်ခေါ်မှုဖြစ်သလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့်ရဖို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အတူတကွတွဲကစားခဲ့တဲ့ကစားသမားအစုအဖွဲ့ ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်ဟာ  အားကစား ညွှန်ကြားရေးမှူးဖြစ်တာကြောင့် တွန်းအားပေးနိုင်မှုက ကြီးမားမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ၂ နှစ်လောက်ကြိုးစားလာတဲ့ အလုပ်တစ်ခုကို ရက်ပိုင်းအတွင်း မပြောင်းလဲနိုင်ပါဘူး။ ဒီအချိန်ကစပြီး ပေါ်တူဂီနဲ့ ပွဲမတိုင်မီအများကြီးပြောင်းလဲဖို့  ကျွန်တော်တို့မှာ စွမ်းရည်မရှိပါဘူး’’ ဟု ဟီယာရိုက ပြောသည်။ 

—Ref:dailymail.co.uk

Top News