ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်းက ထိုင်းချောင်ဘူရီအမျိုးသမီးအသင်းကို အနိုင်ရ

မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းချောင်ဘူရီအမျိုးသမီးအသင်း ခြေစမ်းပွဲယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - MFF)

 မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း သည် ထိုင်းခြေစမ်းခရီးစဉ် ဒုတိယပွဲတွင် ထိုင်းကလပ် ချောင်ဘူရီအမျိုးသမီးအသင်းကို ၃-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ဇွန်လ ၁၄ ရက် ညနေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် မြန်မာ အမျိုးသမီးအသင်းသည် အသင်း ခေါင်းဆောင်အဖြစ် သန်းသန်း ထွေးက တာဝန်ယူပြီး အရန်ကစားသမားများဖြင့် ပွဲထွက်ခဲ့ သည်။


အဆိုပါပွဲတွင် မြန်မာအ သင်းသည် ချောင်ဘူရီအသင်းကို ဖိအားပေးကစားနိုင်ပြီး ပွဲချိန် ပထမပိုင်း၌ သန်းသန်းထွေး၊ နီ လာဝင်း၊ ရီရီဦးတို့ သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ချောင်ဘူရီ အသင်းက ချေပဂိုးတစ်ဂိုး ပြန် လည်ရရှိသော်လည်း နောက်ပိုင်းမိနစ်များ၌ မြန်မာအသင်းကထိန်းကစားနိုင်ခဲ့သဖြင့် ပွဲအပြီး တွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အာဆီယံပြိုင်ပွဲ အကြိုအဖြစ် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီးအသင်းသည် ပထမခြေစမ်းပွဲတွင် ထိုင်းလက်ရွေးစင်နှင့် တစ်ဂိုးစီ သရေကျပြီး ချောင်ဘူရီ ကလပ်အသင်းနှင့် ဒုတိယခြေ စမ်းပွဲ၌ နိုင်ပွဲရရှိခြင်းဖြစ်သည်။

 မြန်မာအမျိုးသမီးအသင်း သည် ဇွန်လ ၁၆ ရက်တွင် ထိုင်း လက်ရွေးစင် အမျိုးသမီးအသင်း နှင့် တတိယမြောက် ခြေစမ်းပွဲ ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇွန်လ ၁၇ ရက်၌ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ၂၀၁၈ အာဆီယံအမျိုးသမီး ချန် ပီယံရှစ်ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။

Top News