လက်ရှိ ဂျာမနီအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်စွဲစဉ်ကလို မတောင့်တင်းဟု တိုနီခရုဇ်ပြော

ယခုနှစ်ကမ္ဘာ့ဖလား ကို ဂျာမနီအသင်းထပ်မံရယူ မည်ဆိုသော ခန့်မှန်းချက်များကို ဂျာမနီကွင်းလယ်လူ တိုနီခရုဇ် က ပယ်ချပြီး လက်ရှိမိမိတို့အသင်း သည် ၂၀၁၄  ကမ္ဘာ့ဖလားဗိုလ်စွဲစဉ်ကကဲ့သို့  အင်အားတောင့်တင်းခြင်းမရှိဟု ပြောကြားသည်။

ဂျိုအာချင်လိုကိုင်တွယ်နေ သည့် ဂျာမနီသည် ၂၀၁၄ ဗိုလ်လု ပွဲတွင် အာဂျင်တီးနားကို အချိန်ပို ၌ ၁-၀ ဂိုးရလဒ်ဖြင့် အနိုင်ယူပြီး လက်ရှိချန်ပီယံဖြစ်ကာ  ၂၀၁၈ ကမ္ဘာ့ဖလားကို ထပ်မံရယူမည်ဟု တစ်ပေးခံထားရသည်။

သို့သော် ခရုဇ်က ယင်းဖိ အားကို ပယ်ချပြီး ၎င်းတို့အသင်း သည် တစ်ချိန်က အင်အားတောင့် တင်းခဲ့သလိုမျိုး  မဟုတ်တော့ဟု ပြောသည်။ ‘‘ရှင်းရှင်းလေးပါ။ ဒါဟာ (ကမ္ဘာ့ ဖလားထပ်ဗိုလ်စွဲဖို့) လွယ်ကူတဲ့အလုပ်တစ်ခု မဟုတ် ပါဘူး။ နောက်ဆုံးကမ္ဘာ့ဖလား ပြိုင်ပွဲ ၂၀ မှာ အဲဒါမျိုးလုပ်နိုင်ခဲ့ တာ နှစ်သင်းတည်းရှိပါတယ်။ ဒီ အခြေအနေက တကယ့်ဇာတ် လမ်းကို ဖော်ပြနေပါတယ်’’ ဟု ခရုဇ်က သတင်းထောက်များအား ပြောကြားသည်။

‘‘ကျွန်တော်တို့ အသင်းမှာ ရော တခြားအသင်းတွေမှာပါ အ ခြေအနေတွေက ပြောင်းလဲသွား ပါပြီ’’ ဟု ခရုဇ်က ပြောသည်။

မိမိတို့သည် အသင်းကြီးအ နည်းငယ်နှင့်သာ ကစားထားပြီး မိမိတို့ အင်အားမတောင့်တင်းခဲ့၊ မကြီးစိုးနိုင်ခဲ့ကြောင်းနှင့် ယင်းအ ခြေအနေက မိမိတို့အတွက် ရှင်း လင်းသော ပုံရိပ်တစ်ခုကိုဖော်ပြ နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဂျာမနီသည် အုပ်စု (F) တွင် မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီး ယားတို့နှင့် ရင်ဆိုင်ရမည်ဖြစ် သည်။            —Ref:Skysport

Top News