ရန်ကုန်တွင် ကျင်းပမည့် MMA ပြိုင်ပွဲ၌ ပြည်တွင်းတွဲဆိုင်းတစ်ဆိုင်း ထပ်တိုးရန်စီစဉ်

MMA ၀ိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါ တို့၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန် ပီယံကာကွယ်ပွဲပါဝင်သည့် MMAပြိုင်ပွဲတွင် ပြည်တွင်းတွဲဆိုင်းတစ်ဆိုင်း ထပ်တိုးရန် စီစဉ်ထားကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးဇေသီဟကပြောသည်။

Spirit of A Warrior အမည် ဖြင့် ကျင်းပမည့် ယင်းပြိုင်ပွဲကို ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ ပြုလုပ်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မူလက အောင်လ အန်ဆန်၏ ချန်ပီယံကာကွယ်ပွဲ အပါအ၀င် ပြည်ပတွဲဆိုင်းရှစ် ဆိုင်း ပါဝင်ပြီး ယခုအခါ စောဒါ ၀ိတ်နှင့် မိုက်ရိုင်းတို့ယှဉ်ပြိုင်မည့် ပြည်တွင်းတွဲဆိုင်း ထပ်တိုးကျင်း ပရန် စီစဉ်နေကြောင်း ဦးဇေသီဟ က ပြောသည်။


‘‘ပြီးခဲ့တဲ့ WLC-5  ပြိုင်ပွဲကို ကြည့်ပြီး စောဒါဝိတ်နှင့် မိုက်ရိုင်းတို့ တွဲဆိုင်းကို ထည့်ဖို့ One Championship က စီစဉ်လိုက်ပါ တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ကို ဆေးစစ်တာ လုပ်ရဦးမှာပါ။ ဆေးစစ်တာ အောင်ရင်တော့ ပြည်တွင်းတွဲဆိုင်းတစ်ဆိုင်း ထပ် တိုးကျင်းပသွားမှာပါ’’ဟု ၎င်းက ပြောသည်။

ပြည်ပတွဲဆိုင်း ရှစ်ဆိုင်းတွင် စတားရောဝိတ်တန်း၌ ဖိလစ်ပိုင်နိုင်ငံသား မီဒိုနှင့် ထိုင်းနိုင်ငံသား ကွန်ဆီချိုင်း၊ ဖယ်သာဝိတ်တန်းတွင် ထိုင်းနိုင်ငံသား ပါပရာထိုင်းနှင့် တရုတ်နိုင်ငံသား မာဂျေဝမ်၊ ဘရာဇီးနိုင်ငံသား ရာဖေးနူနက်စ် နှင့် ဂျပန်နိုင်ငံသား ရာမာဒါတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။ ဘန်တန်ဝိတ်တန်း စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်ပြီး ဘရာဇီးနိုင်ငံသား လီအန်ဒရိုအစ်ဆာနှင့် အိုက်စလန်နိုင်ငံသား ရိုမန်အယ်ဗာရက်စ်၊ အာဖဂန်နစ္စတန်နိုင်ငံသား အာမက်နှင့် တရုတ်နိုင်ငံသား ချန်းလီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့အပြင် လိုက်ဝိတ်တန်းတွင် သြစတြေးလျနိုင်ငံသား အီလော့ကွမ်တန်နှင့် အမေရိကန်နိုင်ငံသား မက်သရူးဆမ်ပါ၊ ဘန်တန်ဝိတ်တန်းတွင် ထိုင်းနိုင်ငံသား တာကာဒါတောင်းနှင့် ဆိုက်ပရပ်နိုင်ငံသား ပန်နီကော့တို့ ထိုးသတ် မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မစ်ဒယ် ၀ိတ်တန်း ချန်ပီယံကာကွယ်ပွဲအ ဖြစ် ထိုးသတ်မည် အောင်လအန် ဆန်သည် မူလက ဘရာဇီးနိုင်ငံ သား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ဒဏ်ရာပြဿ နာကြောင့် ပြိုင်ဘက်ပြောင်းလဲခဲ့ ခြင်းဖြစ်သည်။

အောင်လအန်ဆန်၏ ပြိုင်ဘက် ကန်ဟက်ဆီဂါဝါသည် ၂၀၁၀ ပြည့်နှစ်က စတင်ကာ ဂျပန်နိုင်ငံ၏ MMA ပြိုင်ပွဲများ ဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ထိုးသတ်ခဲ့ပြီး Deep MMA အလွတ်တန်းချန်ပီယံဖြစ်သည်။ အသက်(၃၁)အရွယ် ကန် ဟက်ဆီဂါဝါသည် MMA ပြိုင်ပွဲ ၁၉ ပွဲ ထိုးသတ်ခဲ့ကာ ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးထားသည်။ (၃၃)နှစ်အရွယ် အောင်လအန် ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၂ ပွဲ ယှဉ်ပြိုင်ပြီး ၂၂ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။

Top News