ဆူဇူကီးဖလားမတိုင်မီ မြန်မာဘောလုံးအသင်း နိုင်ငံတကာခြေစမ်းပွဲ လေးပွဲကစားမည်

 အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်း နိုင်ဇော်ကပြောသည်။

၂၀၁၈ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို နိုဝင်ဘာအတွင်း ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် အုပ်စု(က)တွင် ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုအသင်းတို့နှင့် ကျရောက်နေ သည်။ မြန်မာအသင်း ခြေစမ်းပွဲယှဉ်ပြိုင်ရန် အိန္ဒိယ၊ ဘာရိန်း၊ တိုင်ပေအသင်းတို့ကို ဖိတ်ကြားထားကြောင်း ဦးဘုန်းနိုင်ဇော်က ဆိုသည်။


‘‘ဆူဇူကီးဖလားပြိုင်ပွဲမတိုင် ခင်မှာ နိုင်ငံတကာခြေစမ်းပွဲ လေး ပွဲလောက်ကစားဖို့ ပြိုင်ဘက်အသင်းတွေကို ဖိတ်ကြားထား တယ်။ လက်ရှိတော့ ထိုင်းအသင်း တစ်သင်းတည်းသာ ကစားဖို့ အ ကြောင်းပြန်ထားတယ်။ ကျန်တဲ့ အသင်းတွေကတော့ အကြောင်းမပြန်သေးဘူး’’ဟု ဦးဘုန်းနိုင်ဇော်ကပြောသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာအ တွင်း ထိုင်းလက်ရွေးစင်အသင်း နှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲယှဉ် ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ရန် စင်ကာပူနှင့် အင်ဒိုနီး ရှားအသင်းတို့က ဖိတ်ကြားထား သော်လည်း ကမ္ဘာ့အဆင့် ရပ် တည်မှုတွင် ယင်းနှစ်သင်းသည် မြန်မာအသင်းထက် အဆင့်နိမ့် နေခြင်းကြောင့် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဦးဘုန်းနိုင်ဇော် ကဆိုသည်။

ဇွန်လ ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ မြန်မာအသင်းသည် အဆင့် (၁၃၈) တွင် ရပ်တည်နေပြီး အင်ဒိုနီးရှားအသင်းက ကမ္ဘာ့အဆင့် (၁၆၄)၊ စင်ကာပူအသင်းက အဆင့် (၁၆၉)နေရာတွင် ရပ်တည်နေ သည်။

 ‘‘ဆူဇူကီးဖလားအတွက် ပြင်ဆင်ချိန် နှစ်လနီးပါးလောက် ရရှိမှာဖြစ်တာကြောင့် ကျွန်တော့် အတွက် လုံလောက်မှုရှိပါတယ်။ လက်ရှိတော့ လက်ရွေးစင်အ သင်းထက် ယူ-၂၃ အသင်းကို အရင်တာဝန်ယူရမှာဆိုတော့ ယူ -၂၃ အသင်းအတွက် အာရုံစိုက် ထားပါတယ်’’ဟု မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။

မြန်မာအသင်းသည် ဆူဇူ ကီးဖလားပြိုင်ပွဲမတိုင်မီ ပြည်ပ နိုင်ငံများတွင် သွားရောက်လေ့ ကျင့်ရန် စီစဉ်ထားသော်လည်း နည်းပြချုပ် စိတ်ကြိုက် ဆောင် ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ဦးဘုန်းနိုင်ဇော်ကပြောသည်။

Top News