သမ္မတဦးဝင်းမြင့်ကို ထိုင်းဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ခေါင်းဆောင်များဆွေးနွေး
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ယမန်နေ့က ကြိုဆိုနေစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ထိုင်းဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာက (ဇွန်လ ၁၄ ရက်)တွင်  အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး  နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။ 

တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင် ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ် သမားများ တရားဝင်အလုပ်လုပ် ကိုင်ခွင့်ရရှိရေး၊ သင့်လျော်သည့် ရပိုင်ခွင့်နှင့် ကာကွယ်စောင့် ရှောက်မှုပေးရေးတို့ ထည့်သွင်း ဆွေးနွေးသည်။ 

ဆက်လက်၍ ခေါင်းဆောင် နှစ်ဦးသည် နှစ်နိုင်ငံနယ်စပ်ဒေသ များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ် စပ်ဂိတ်များအဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စတွင် ထိုင်းနိုင်ငံက အပြုသဘောအကူ အညီပေးရေး၊ ထိုင်းနိုင်ငံ၌ ရောက် ရှိနေသော နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့ ပြန်လာရေးအ တွက် ပူးပေါင်းဆောင်ရွက်ရေး တို့ ဆွေးနွေးခဲ့သည်။ 

ထို့အပြင် နှစ်နိုင်ငံကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု နှစ် (၇၀)ပြည့်အထိမ်းအမှတ်အခမ်း အနားများ ကျင်းပရေးတို့လည်း ဆွေးနွေးခဲ့သည်ဟု  သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယင်းနောက် နိုင်ငံတော် သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တို့သည် အစိုးရအိမ်တော်၌ ကျင်း ပသည့် နှစ်နိုင်ငံ သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ပြီး ဆွေး နွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်ဟုဆိုသည်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်း နိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ(ငြိမ်း)၏ဖိတ်ကြား ချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် သွားရောက် ခြင်းဖြစ်ပြီး ဘန်ကောက်မြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် ဧရာ ဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ် သီးအစည်းအဝေးနှင့် (၉)ကြိမ် မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ်(စီအယ်လ် အမ်ဗီ) ထိပ်သီးအစည်းအဝေးတို့ ကို တက်ရောက်မည်ဖြစ်သည်။ 

သမ္မတ၏ အထက်ပါခရီးစဉ်တွင်  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြောင်း ထုတ်ပြန်သည်။ 

Top News