အိမ်ရှင်ရုရှား ဆော်ဒီအာရေးဗီးယားကို ငါးဂိုးပြတ်သွင်းယူပြီး အဖွင့်လှ

 ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားက ပွဲဦးထွက်တွင် ဆော်ဒီ အာရေးဗီးယားကို ဂိုးပြတ်အနိုင် ရပြီး သုံးမှတ်ရယူခဲ့သည်။

ရုရှားအတွက် ဂါဇင်စတီးက ဦးဆောင်ဂိုးသွင်းပြီး ချယ်ရီချေဗ့် က ဒုတိယဂိုး သွင်းယူကာ အရပ် အမောင်းကောင်းသော ဇူဘာက တတိယဂိုးသွင်းယူသည်။

၂၀၁၈ ကမ္ဘာ့ဖလား ပထမ ဆုံး အဝါကတ်အဖြစ် ဂိုလိုဗင် ပြသခံရပြီး ၎င်းသည် ၁၉၈၆ နောက်ပိုင်း ကမ္ဘာ့ဖလားတွင် နှစ် ဂိုးဖန်တီးပေးသော ပထမဆုံး ရုရှားက စားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဆော်ဒီအာရေးဗီးယားသည် အများမျှော်လင့်သလိုပင် ရုရှား ကို မယှဉ်နိုင်ခဲ့ပေ။ ယခုပွဲ၏ အ ကောင်းဆုံးကစားသမားဆုရ ချယ်ရီချေဗ့်၏ အချိန်ပိုသွင်း ဂိုးအပါအဝင် ဂိုလိုဗင်၏ အလွတ်တည် ကန်သော သွင်းဂိုးများနှင့်အတူ နောက်ဆုံး စက္ကန့်အထိ ဂိုးသွင်း ယူနိုင်ပြီးအိမ် ရှင်အသင်းမျက်နှာ ပန်းလှခဲ့ သည်။

အုပ်စု (A) တွင် ပထမဆုံး သုံးမှတ်ရရှိသော အိမ်ရှင်ရုရှား သည် ဥရုဂွေးနှင့်အတူ နောက် တစ်ဆင့်သို့တက်မည်ဟု တစ်ပေး ခံထားရသည်။

သို့သော် ဘောလုံးပွဲဝေဖန် သူများက ဆော်ဒီအာရေးဗီးယား၏ ခြေစွမ်းအပေါ် ပြစ်တင်ဝေဖန်မှုများပြားနေပြီး ဥရုဂွေးဆိုပါက ဆော်ဒီကို ဂိုးပေါင်းများစွာ သွင်းယူနိုင်မည်ဟု ပြောဆိုကြသည်။

ရုရှားနည်းပြ စတန်နီစ ဖေက်ဗ်က အသင်းသားများ၏ စွမ်းဆောင်ရည်ကို ချီးကျူးပြီး ရုရှားသည် ယခုပြိုင်ပွဲတွင် တစ်စုံတစ်ရာ လုပ်ပြနိုင်ကြောင်း ယခု ပွဲရလဒ်က သက်သေခံနေသည်ဟု ပြောသည်။

‘‘ကျွန်တော် လောလောဆယ် ခံစားနေရတာကို ဖော်ပြဖို့စကား လုံးမရှိပါဘူး။ ဒဏ်ရာတွေ ကြောင့် အခက်ကြုံခဲ့တဲ့ ကျွန် တော့်မိသားစုအတွက် အရမ်း ပျော်ရွှင်မိပါတယ်’’ဟု ချယ်ရီ ချော့ဗ်ကပြောသည်။

‘‘ကျွန်တော်တို့ မမျှော်လင့် တဲ့ ရှုံးပွဲကြီးနဲ့ ကြုံခဲ့တယ်။ ကျွန် တော်တို့ နည်းဗျူဟာပြောင်းရပါ မယ်’’ဟု ဆော်ဒီနည်းပြကဆို သည်။                 —Ref:BBC

Top News