ဘောလုံးချစ်ခြင်းကြောင့် ကမ္ဘာကြီးကိုအသင်းတစ်သင်းကဲ့သို့ စည်းလုံးစေဟု ပူတင်ပြော

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဖွင့်ပွဲကို မော်စကိုမြို့ လူ ဇနီကီကွင်းတွင် ကျင်းပရာ ရုရှား သမ္မတ ဗလာဒီမာပူတင်က မမေ့ နိုင်သော ပြိုင်ပွဲမှ ရုရှားကကြိုဆို ရန် အသင့်ရှိသည်ဟု ပြောကြား ပြီး ဘောလုံးကို ချစ်မြတ်နိုးခြင်းက ကမ္ဘာကြီးကို အသင်းတစ်သင်း လို စည်းလုံးစေခဲ့သည်ဟု ပြော သည်။

အင်္ဂလိပ်အဆိုတော် ရော်ဘီ ဝီလီယံက Let me EntertainYou  နှင့် ‘Rock DJ’ အမည်ရ ပေါ့ပ်သီ ချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ သို့ သော် ပါဝင်ဖျော်ဖြေသဖြင့် အင်္ဂ လန်နှင့် ရုရှားနှစ်နိုင်ငံစလုံး၌ ဝေ ဖန်မှု ကြုံနေသည့်ဝီလီယံက ကင် မရာ ဘက်သို့ လက်ခလယ်ထောင် ပြ၍ ဖျော်ဖြေမှု စတင်ခဲ့သဖြင့် ထပ်မံ ဝေဖန်ခံနေရသည်။

—Ref:ESPN