ဧရာဝတီတိုင်းအတွင်း တောင်ကျရေ၀င်ရောက်လာ၍ လူနေအိမ် ၈၀၀ ခန့် ရေဘေးကြုံ

ပုသိမ်-ချောင်းသာ ကားလမ်းဘေးဝဲယာတွင် တောင်ကျရေကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်စဉ် (ဓာတ်ပုံ −သက်ဆွေ)

ဧရာဝတီတိုင်းအတွင်း တောင်ကျရေ၀င်ရောက်မှုကြောင့် အိမ်ခြေ ၈၀၀ ခန့် ရေဘေးကြုံ တွေ့ပြီး အချို့နေရာများတွင် ကားလမ်းအထက် ငါးပေခွဲခန့်အ ထိ ရေမြင့်တက်နေသည်။

ဇွန်လ ၁၁ ရက်ညကစတင် ၍ မိုးသည်းထန်စွာ ရွာသွန်း သဖြင့် တောင်ကျရေများစီးဆင်း ကာ ရှောပြာကျေးရွာ အုပ်စုရှိ ကျေးရွာငါးရွာနှင့် ချောင်းသာကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာတွင် ရေ၀င်ရောက်မှုများ ဖြစ်ပွားခဲ့ ကြောင်း ရှောပြာကျေးရွာအုပ် ချုပ်ရေးမှူး ဦးခင်မောင်တင့်နှင့် ချောင်းသာ ကျေးရွာအုပ်ချုပ်ရေး မှူး ဦးတေဇာအောင်က ပြော သည်။‘‘ဒီနှစ်က ထူးထူးဆန်းဆန်း ရေကြီးတာ၊ တစ်ခါမှ ဒီလိုမျိုးရေ မကြီးဖူးဘူး။ မိုးကနှစ်ရက်၊ သုံး ရက်လောက်ရှိပြီး ရွာနေတာ၊ ဒီ မနက်တော့ တော်တော်အခြေအ နေ ဆိုးသွားတယ်။ လတ်တလော တော့ ရေလွတ်တဲ့ ဘုန်းကြီး ကျောင်းတို့၊ ကုန်းမြင့်တဲ့နေရာက အိမ်တွေကိုတော့ ပြောင်းရွှေ့နေ ကြတယ်’’ဟု ဦးခင်မောင်တင့်က ပြောသည်။

တောင်ကျရေ မြင့်တက်မှု ကြောင့် ရေဘေးရင်ဆိုင်နေရ သော ဒေသခံများသည် လာမည့် ရက်အနည်းငယ်အတွင်း ရေပြန် မကျပါက စားဝတ်နေရေး ခက်ခဲ နိုင်ကြောင်း ဦးခင်မောင်တင့်က ပြောသည်။

ထို့ပြင် ကားလမ်းအထက် ငါးပေခွဲခန့်ရေကျော်နေသည့် ခြောက်ကောက် ကျေးရွာအနီး တွင် ကမ်းခြေသို့ခရီးသွားကားများ ရပ်တန့်ထားရပြီး ယင်းနေရာအ နီးရှိ ကျေးရွာ၌လည်း ရေ၀င် ရောက်နေသောကြောင့် အဆိုပါ ခရီးသွားများ ခေတ္တတည်းခိုနေ ထိုင်ရန် ယာယီကယ်ဆယ်ရေး စခန်းများ အရေးပေါ်ဆောက်လုပ်နေကြောင်း ဦးတေဇာအောင်က ပြောသည်။

‘‘ကားလမ်းရေကျော်နေတာ က များတော့ ကားတွေပေးမဖြတ် ပါဘူး။ အချိန်နောက်ကျတဲ့အထိ ရေမကျဘူးဆိုရင်တော့ ချောင်း သာဘက်ကသူတွေကို ချောင်း သာပြန်ခေါ်သွားမယ်၊ တစ်ဖက် က သူတွေကတော့ ပုသိမ်ဘက် ပဲ လှည့်ရမှာပေါ။ လက်ရှိကတော့ စောင့်ကြည့်နေတုန်းပါပဲ’’ဟု ၎င်း က ပြောသည်။

အဆိုပါ ရေဘေးကြောင့် ကျေးရွာ ရှစ်ရွာမှ လူနေအိမ် ၁၀  လုံးခန့် မျောပါသွားပြီး လူအချို့ သစ်ပင်ကြီးများပေါ် တက်၍နေ ထိုင်နေရသဖြင့် ကျေးရွာဒေသခံ များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ကယ်ဆယ်ရေး ဆောင်ရွက်နေသည်။

အဆိုပါ ဒေသရှိ ကျေးရွာ များသည် တောင်ကြားများတွင် တည်ထားပြီး ရေလွတ်သည့်နေ ရာ၌ အဆောက်အအုံကြီးများ မရှိသဖြင့် ရွက်ဖျင်တဲများဖြင့် နေ ထိုင်ရန် စီစဉ်နေကြောင်း ဦးတေ ဇအောင်က ပြောသည်။

ရေဘေးသင့်သူများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကယ်ဆယ်ရေးဦးစီးဌာနမှ ၀န်ထမ်းများက ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများနှင့် စားနပ်ရိက္ခာ များထောက်ပံ့ရန် စီစဉ်နေသည်။

ဧရာဝတီတိုင်းဒေသကြီး တွင် ဇွန်လအတွင်း မိုးသည်းထန် စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ပွားခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများကြောင့် မိသားစုတစ် ထောင်ကျော် သဘာဝဘေးဖြင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းဘေးဒဏ်များကြောင့် သေဆုံးသူ လေးဦးရှိ ပြီး သေဆုံးသူများအနက် ဇွန်လ  ၂ ရက်က ထွက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် သည့် ကျောင်းသူတစ်ဦး ပါဝင် ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှတ်တမ်းများ၌ ဖော်ပြထားသည်။