အိမ်အကူများအတွက် ဥပဒေရေးဆွဲပေးရန် အချက်ရှစ်ချက်ကို အလုပ်သမားအဖွဲ့အစည်းများထုတ်ပြန်

အပြည်​ပြည်​ဆိုင်​ရာအိမ်​အကူအလုပ်​သမားများ​နေ့ အထိမ်းအမှတ်​၊ အသိပညာ​ပေးလှုပ်​ရှားမှုကို ဇွန်​လ ၁၆ရက်​တွင်​ ကမာရွတ်​မြို့နယ်​ရှိ ဂျန်းရှင်းစကွဲစင်​တာ၌ ပြုလုပ်နေစဉ် (ဓာတ်ပုံ−ခင်မို့မို့လွင်)

 မြန်မာနိုင်ငံတွင် အိမ် အကူအလုပ်သမားများကို ကာ ကွယ်စောင့်ရှောက်ပေးသည့် ဥပဒေပြဋ္ဌာန်းချက်များမရှိသဖြင့် ပြည်တွင်း၊ ပြည်ပရှိ အိမ်အကူ အလုပ်သမားများ ခေါင်းပုံဖြတ် ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း အလုပ်သမားအဖွဲ့အစည်းများက စုပေါင်း၍ ကြေညာချက်ထုတ်ပြန် သည်။

ယမန်နေ့က ဂျန်းရှင်းစကွဲ စင်တာ၌ ပြုလုပ်သော အပြည် ပြည်ဆိုင်ရာ အိမ်အကူများနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အ ရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ ကွန်ရက်က ကြေညာချက်ထုတ် ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် အာရှတွင် နိုင်ငံတကာသို့    အိမ်အကူစေ လွှတ်မှုနှုန်း ဒုတိယအများဆုံးဖြစ် ၍ အိမ်အကူများကို ကာကွယ် သည့် ဥပဒေပြဋ္ဌာန်းပေးရန် လို အပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဆက် သွယ်ရေးအရာရှိချုပ် Piyamal Pichawongeက အဆိုပါ အခမ်း အနားတွင် ပြောကြားသည်။

‘‘ဒီလောက်များနေတဲ့ အ လုပ်သမားတွေ များနေတာ တောင် ဒီအလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေရှိမနေတာ ကျွန်မအနေနဲ့ တွေးလို့တောင်မရဲ တဲ့အထိ အန္တရာယ်ရှိတဲ့ အခြေအ နေဖြစ်ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

အာရှတွင် နိုင်ငံတကာသို့ အိမ်အကူလုပ်သားများ တင်ပို့မှု အများဆုံးဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၌  အိမ်အကူများအတွက်သီးသန့်ဥပဒေရေးဆွဲထားကြောင်း နှင့် မြန်မာနိုင်ငံရှိ အလုပ်သမား ဥပဒေများတွင် အိမ်အကူများကို အလုပ်သမားအဖြစ် မသတ်မှတ် ကြောင်း ဥပဒေပညာရှင်များက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပ သို့ တရားဝင်အိမ်အကူအလုပ် သမားများအဖြစ် သွားရောက် လုပ်ကိုင်လိုသည့် အမျိုးသမီးများ ကို အစိုးရက   တားမြစ်ပိတ်ပင်မှု ကြောင့်  ၎င်းတို့သည်  ဥပဒေအ ကာအကွယ်မရရှိဘဲ အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးမှုများရင်ဆိုင်နေရကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အပြင် ကြေညာချက်တွင် အိမ်အကူအလုပ်သမားနှင့် အ လုပ်ရှင်များအတွက် ကာကွယ် စောင့်ရှောက်မှုပေးသည့် ဥပဒေ တစ်ရပ် ရေးဆွဲပြဋ္ဌာန်းပေးရန်၊ ပြည်ပသို့ သွားရောက်လုပ်ကိုင်လို သည့် အိမ်အကူအလုပ်သမားများ အား  ကျွမ်းကျင်မှုဆိုင်ရာ သင် တန်းကျောင်းများ ဖွင့်လှစ်သင် ကြားပေးကာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာဖြင့် အစိုးရက တာဝန်ယူ စေလွှတ်နိုင်ရေး ဆောင်ရွက်ရန် နှင့် အကြောင်းအမျိုးမျိုးကြောင့် အိမ်အကူအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေးအိမ် အကူများကို အထူးကာကွယ် စောင့်ရှောက်ရန် စသည့်အချက်များအပါအဝင် အချက်ရှစ်ချက် အကြံပြုထားသည်။

အလုပ်သမားအရေး ကူညီ ဆောင်ရွက်နေသည့် အနာဂတ် အလင်းတန်းအဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ‘‘ပြည် တွင်းမှာ အိမ်အကူနဲ့ပတ်သက်တဲ့ ဥပဒေရှိမှ ပြည်ပမှာရှိတဲ့ ကိုယ့် နိုင်ငံက အိမ်အကူတွေကိုလည်း ကာကွယ်ပေးလို့ရမှာပါ။ ကိုယ့် နိုင်ငံမှာ ဥပဒေရှိမှ တခြားနိုင်ငံ တွေနဲ့ MoU ထိုးတာတွေ လုပ်လို့ရနိုင်မယ်။ အရင်ဆုံး ပြည်တွင်းမှာ ဥပဒေရှိလာဖို့ လိုအပ်ပါတယ်’’ ဟု ပြောကြားသည်။

ပြည်တွင်းတွင် ဖြစ်ပွားသည့် အိမ်အကူကို နှိပ်စက်သည့် မှုခင်း များ၌  လွန်ခဲ့သည့်  ၂ နှစ်က ဖြစ်ပွားသော အင်းဝအပ်ချုပ်ဆိုင် တွင် ဆယ်ကျော်သက်အရွယ် အိမ်အကူနှိပ်စက်ခံရမှုသည် ထင် ရှားသည်။ အဆိုပါ မိန်းကလေးနှစ်ဦးသည် နှစ်ရှည်ပိတ်လှောင်ထား၍ လက်ချောင်း ၁၀ ချောင်း လှန်ချိုး ခံခဲ့ရသည်။ ယခုနှစ်အတွင်း မီဒီယာတွင် ဖော်ပြသော အိမ်အကူ နှင့်ပတ်သက်သည့် ထင်ရှားသော မှုခင်းများ၌   သာကေတမြို့ နယ်ရှိ အသက် (၁၁)နှစ်အရွယ် အိမ်အကူကို ပိတ်လှောင်ပြီး အဓမ္မကျင့်ခြင်း၊ မန္တလေးတိုင်းရှိ အသက် (၂၅)နှစ်အရွယ် အိမ်အ ကူကို ရှစ်နှစ်ကြာ ပိတ်လှောင် ထား၍ အက်စစ်ဖြင့်ပက်ကာ နှိပ် စက်ခြင်းတို့ပါဝင်ခဲ့သည်။   ထို့အပြင် စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်ကိုင်သူ မြန်မာမိန်းကလေးကိုယ့်ကိုယ်ကိုယ်  သတ်သေမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။