အာဂျင်တီးနားနည်းပြ၏ နည်းဗျူဟာကို ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာဝေဖန်

နည်းပြဆမ်ပါအိုလီ၏ နည်းဗျူဟာကို အာဂျင်တီးနား ဂန္ထဝင်ကစား သမားမာရာဒိုနာက  ဝေဖန်လိုက်ပြီး ဆမ်ပါအိုလီအနေဖြင့် ရာထူးဆက်မြဲလိုလျှင် အခြေအနေတိုး တက်ရမည်ဟုဆိုသည်။

မက်ဆီပင်နယ်တီလွဲချော်မှု နှင့်အတူ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် တွင် မျက်နှာသစ်အိုက်စလန်ကို အံ့အားသင့်ဖွယ် တစ်ဂိုးစီသရေ ကျသည့်ပွဲ၌ မာရာဒိုနာ တက် ရောက်အားပေးခဲ့သည်။

‘‘ဒီပုံစံအတိုင်းဆက်သွားနေ ရင်တော့ ဆမ်ပါအိုလီဟာ အာ ဂျင်တီးနားကို ပြန်လာလို့မရနိုင်ပါ ဘူး။ အိုက်စလန်နဲ့ပွဲမှာ ထုတ်ခဲ့တဲ့ နည်းဗျူဟာက ရှက်စရာပါပဲ။ အိုက်စလန်ကစားသမားတွေဟာ ပျမ်းမျှအရပ် ၁ ဒသမ ၉ မီတာ ရှည်ပေမယ့် ကျွန်တော်တို့က ထောင့်ကန်ဘောအကုန်လုံးကို အမြင့်ဘော တင်ပေးခဲ့ပါတယ်။ ဘောလုံးကို အတိုပေးပြီး အနိမ့် ဘောနဲ့ ကစားခဲ့တာမရှိပါဘူး။ ကစားသမားတွေကို အပြစ်မတင် ပါဘူး။ ပြင်ဆင်မှု မရှိခဲ့တာကို အပြစ်တင်တာပါ’’ ဟု မာရာဒိုနာ က ပြောသည်။

ခရိုအေးရှားနှင့်ပွဲတွင် မက် ဆီကို အဓိကအားပြုပြီး ကစား မည်ကို စိုးရိမ်ပူပန်ကြောင်း  မာ ရာဒိုနာက ပြောကြားနိုင်ဂျီးရီးယား နှင့်ပွဲလည်း စိုးရိမ်နေသည်။

‘‘မက်ဆီက သူတို့ရဲ့ အဓိက ဘောလုံးထွက်ပေါက်ပါ။ နိုင်ဂျီး ရီးယားကလည်း အတွေ့အကြုံရှိ တာကြောင့် ဒုက္ခက ရှေ့မှာစောင့် နေပါတယ်။ နိုင်ဂျီးရီးယားဟာ တန်ပြန်တိုက်စစ်ဘယ်လိုဆင်ရ မလဲဆိုတာသိပြီး ဘယ်လိုဂိုးသွင်း ရမလဲဆိုတာ သိပါတယ်’’ ဟု မာ ရာဒိုနာက ပြောသည်။

—Ref:Breaking112.com