ရိုက်တာအမှုစွဲချက်တင်သင့်၊ မတင်သင့် လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက်ကြားနာမည်

ရိုက်တာသတင်းထောက်နှစ်ဦးအား ယမန်နေ့ရုံးချိန်းက တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ရိုက်တာသတင်းထောက်နှစ်ဦးအမှုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်များပေး မည်ဖြစ်ကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

ယမန်နေ့က ရိုက်တာသတင်းထောက် နှစ်ဦးကို ၂၇ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးရာ ၂၂ ဦးမြောက် တရားလိုပြသက်သေအဖြစ် မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန (CID)မှ ရဲမှူးတင်ဝင်းမောင်ကို စစ်ဆေးရာ  တရားလိုပြသက်သေအားလုံး စစ်ဆေးပြီးဖြစ်သည်။

‘‘တရားလိုပြသက်သေတွေ စစ်ဆေးပြီးပြီဆိုတော့ လာမယ့်ရုံး ချိန်းမှာ စွဲချက်တင်သင့်၊ မတင် သင့် နှစ်ဖက်လျှောက်လဲချက်တွေပေးကြမှာပေါ့။ အဲဒီအပေါ်မူတည် ပြီး တရားသူကြီးက အမိန့်ချပေး မယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

နှစ်ဖက်လျှောက်လဲချက် များပေးရန် ဇူလိုင် ၂ ရက်တွင် ရုံးချိန်း ဆင့်ခေါ်ထားသည်။

အဆိုပါအမှုတွင် တရားလို ပြသက်သေ စုစုပေါင်း ၂၅ ဦးတင် သွင်းထားသော်လည်း လက်ရှိ ၂၂ ဦးစစ်ဆေးပြီးချိန်တွင် ကျန်သည့် တရားလို သုံးဦးကို သက်သေအ ဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ပယ်ဖျက်ခဲ့သည့် တရားလို သုံးဦးထဲတွင် ရဲတပ်ဖွဲ့မှ ထုတ် ပယ်ခံခဲ့ရသော တပ်ကြပ်ကြီး ခင် မောင်လင်းပါဝင်ပြီး ၎င်းကို ရှာဖွေမတွေ့ဟု ဆိုကာ သက်သေအဖြစ် မှ ပယ်ဖျက်ခဲ့သည်။ ကျန်သည့်နှစ်ဦးကို စစ်ဆေးရန် မလိုအပ်၍ ပယ်ဖျက်ခဲ့သည်။

‘‘ဒီနေ့တရားစွဲအဖွဲ့အစည်း က ဥပဒေအရာရှိဘက်က တင်ပြ တယ်။ သူတို့မြိတ်ဘက်မှာသွား ရှာတယ်။ ရှာတဲ့အခါမှာလည်း သူ တို့သတင်းရရှိတယ်ဆိုတဲ့နေရာ မှာ မနေပါဘူးဆိုတဲ့အကြောင်း ပြန်ကြားစာကို ရုံးတော်ကို တင်ပြ လာတယ်။ အဲဒီအတွက် အပေါ်ကနေပြီးတော့ ရှာမတွေ့တော့ဘူး ပေါ့နော်။ အဲဒါကြောင့် သူတို့တပ်ကြပ်ကြီး ခင်မောင်လင်းကို ပယ် လိုက်တာ’’ဟု ဦးသန်းဇော်အောင် က ပြောသည်။

တရားလိုဘက်မှ တပ်ကြပ် ကြီး ခင်မောင်လင်းကို သက်သေ အဖြစ်မှ ပယ်ခဲ့သော်လည်း တရားပြိုင်ဘက်က ရှာဖွေ၍ သက်သေတင်သွင်းနိုင်ကြောင်း  သတင်းထောက်များ၏  ရှေ့နေဦးခင် မောင်ဇော်က ပြောသည်။ ထို့အ ပြင် ယခုကြားနာမှုအပြီးတွင် သ တင်းထောက်များ တရားသေ လွတ်မြောက်လာရန် မျှော်လင့် ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

‘‘ဒီနေ့ထိအောင် သက်သေ တွေထွက်ဆိုတာနဲ့ ပတ်သက်ပြီး တော့ပေါ့။ ဒီနေ့ထွက်ဆိုသွားတဲ့ အမှုစစ်ကလည်း သူတို့စာရွက်စာ တမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရရှိခဲ့တယ်ဆိုတာ သူတို့ သက်သေပြနိုင်ခြင်းမရှိဘူး။ ကျွန် တော်တို့လက်ထဲကို ဘယ်လိုမျိုး ရောက်လာတယ်ဆိုတာလည်း သူတို့မပြနိုင်ဘူး’’ဟု တရားရုံးမှ ပြန်ထွက်လာသော ဖမ်းဆီးခံရိုက် တာသတင်းထောက် ကိုဝလုံးက သတင်းထောက်များအား ပြော သည်။

၎င်းတို့နှစ်ဦးဖမ်းဆီးခံရခြင်း သည် ရခိုင်ပြည်နယ်အရေး သတင်း လိုက်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရ ခြင်းဖြစ်သည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သိစေချင်ကြောင်း ကိုဝလုံးက ဆက်လက်ပြောသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် NHK သတင်းဌာနနှင့် အင် တာဗျူးတွင် ရိုက်တာသတင်း ထောက်နှစ်ဦးမှာ ရခိုင်အရေးကို သတင်းယူ၍ ဖမ်းဆီးခြင်းမဟုတ် ဘဲ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ကို ချိုးဖောက်သဖြင့် အဖမ်းခံရ ခြင်းဖြစ်ကြောင်း၊  ၎င်းတို့အပြစ် ကင်း၊ မကင်း တရားစီရင်မှုကသာ  ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံးနှင့်  ကိုကျော်စိုးဦးတို့သည် နိုင်ငံတော်လျှို့ဝှက်ချက်  အက်ဥပဒေချိုးဖောက်သည်ဆိုကာ  ခြောက်လကျော်ကြာဖမ်းဆီးခံထားရပြီး  တရားရင်ဆိုင်နေရသည်။

More in Crime Section