ပြိုင်ပွဲဝင်ဗျူဟာကို ပြောင်းလဲမည်မဟုတ်ဟု ဂျာမနီနည်းပြပြောကြား

ရုရှားကမ္ဘာ့ဖလားအုပ်စု (F) အဖွင့်ပွဲစဉ်တွင် မက္ကဆီကိုကို ၁-၀ ဂိုးဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့် ခဲ့သော်လည်း ၎င်းတို့၏ပြိုင်ပွဲဝင် ဗျူဟာကို ပြောင်းလဲမည်မဟုတ် ဟု လက်ရှိကမ္ဘာ့ချန်ပီယံ ဂျာမနီ အသင်းနည်းပြ ဂျိုအာချင်လိုက ပြောသည်။


ဂျာမနီသည် ဘောလုံးပိုင် ဆိုင်မှု ၆၁ ရာခိုင်နှုန်းဖြင့် ဂိုးပေါက်တည့်မှု ကိုးကြိမ်ရှိခဲ့သော်လည်း ဂိုးသမားအိုချိုအာ လက်စွမ်းပြမှုနှင့်အတူ မက္ကဆီကို၏ လျင်မြန်သော တန်ပြန်တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ၁၉၈၂ ကမ္ဘာ့ဖလားတွင် အယ်လ်ဂျီးရီးယားကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်၌ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။

ယင်းသို့ ရလဒ်ဆိုးရွားခဲ့သော်လည်း မိမိတို့၏နည်းဗျူဟာကို ပြောင်းလဲမည်မဟုတ်ဟု ဂျိုအာချင်လိုက အလေးအနက်ထားပြောကြားသည်။ သို့သော် အချို့သော အမှားအယွင်းများကို ဖြေရှင်းရန်လိုအပ်သည်ဟု ၎င်းကဝန်ခံပြောကြားသည်။

‘‘ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်ဗျူဟာကို သေချာပေါက်ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်အားသာချက်တွေအပေါ်မှာပဲ အာရုံ စိုက်ရပါမယ်’’ ဟု ဂျိုအာချင်လိုက ထပ်လောင်းပြောကြားသည်။

 —Ref:Sportsmole.co.uk