လိင်တူချင်း အဓမ္မကျင့်ခံရသည့် အမျိုးသား၌ အိတ်ခ်ျအိုင်ဗီပိုး ရှိ၊ မရှိ စက်တင်ဘာတွင် စစ်ဆေးမည်

 မယ်လိမ့်လုံစားသောက် ဆိုင်အမှုတွင် အမျိုးသားချင်း အဓမ္မပြုကျင့်ခံရသူ၌ အိတ်ခ်ျအိုင် ဗီပိုးရှိ၊ မရှိ  စက်တင်ဘာတွင် စစ် ဆေးမည်ဖြစ်ကြောင်း တရားလို ၏ မိတ်ဆွေ မဟန်နာကဆိုသည်။

‘‘လက်ရှိမှာတော့ ဆေးမ သောက်ရဘူး။ ခဏဆေးဖြတ် ထားတယ်။ သွေးစစ်ပြီးမှစောင့် ကြည့်ရဦးမယ်။ အဲဒီလိုပုံစံမျိုးပါ။ စစ်ဆေးပြီးမှ ဆေးစစ်ချက်အဖြေ သိရမှာပါ။ လောလောဆယ်မှာ သူ့ကျန်းမာရေးက အဆင်ပြေပါ တယ်’’ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မတ်လက စား သောက်ဆိုင်ပိုင်ရှင်အမျိုးသား က အသက် (၂၂) နှစ်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသားကို လိင် တူချင်း အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ သည်။ ပြုကျင့်သူသည် အိတ်ခ်ျ အိုင်ဗီပိုးရှိနေသဖြင့် ဆိုင်ဝန်ထမ်း အမျိုးသားသည် အေအာရ်တီ ဆေး တစ်လသောက်ခဲ့ရပြီး ကူး စက်ခံရမှု ရှိ၊ မရှိ သိရှိရန်ခြောက် လအကြာတွင် စစ်ဆေးရခြင်း ဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် တရား ရုံးက ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဓမ္မတာနှင့် ဆန့်ကျင်၍ အဓမ္မပြု ကျင့်မှုဖြင့် ရုံတင်စစ်ဆေးနေကာ ဇွန်လ ၂၇ ရက်တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားသည်။