ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧကနှစ်သိန်းကျော်ပျက်စီး

ရေလွှမ်းမိုးမှုကြုံနေသော လယ်ယာမြေအချို့(ဓာတ်ပုံ − ဇော်ဇော်)

 ရေကြီးနစ်မြုပ်မှု ကြောင့် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် စိုက်ဧကနှစ်သိန်းကျော် ပျက်စီးပြီး နှမ်းစိုက်ဧကပျက်စီးမှု အများဆုံးဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်  ဦးမျိုးတင့်ထွန်းက ပြောသည်။

ရေနစ်မြုပ်သော စိုက်ဧက နှစ်သိန်းကျော်အနက်  နှမ်းစိုက် ဧက ငါးသောင်းကျော်ပါဝင်ပြီး စပါးစိုက်ဧက ၂,၅၀၀ ကျော်၊ ပဲ မျိုးစုံနှင့်အခြားရာသီပေါ်သီးနှံများ ပါဝင်ကြောင်း ၎င်းကဆိုသည်။


 ဇွန်လဆန်းကစတင်၍ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး ရခိုင်နှင့်မွန်ပြည်နယ် တွင် နေရာကွက်မိုးကြီးပြီး ရေကြီးနစ်မြုပ်မှုများရှိခဲ့သည်။

ရေကြီးနစ်မြုပ်မှုတွင် စစ် ကိုင်းတိုင်းက အများဆုံးဖြစ်ပြီးနစ် မြုပ်လယ်ယာမြေများ ပြန်လည် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာန များမှတာဝန်ရှိသူများ ပါဝင်သော ဌာနတွင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ဆွေးနွေးခဲ့ကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန်ကဆိုသည်။

‘‘အခုအဲဒါကို ဒီနေ့(ဇွန်လ ၁၈ ရက်)အစည်းအဝေးလေးလုပ်ကြ တယ်။ နှမ်းသမားတွေကလည်း နှမ်းပြန်စိုက်လို့မရဘူး။ မိုးကလာ နေပြီ။ အဲဒီလယ်တွေမှာ စပါးပြန် စိုက်ဖို့၊ အဲဒီမှာလိုတာက မျိုးရှိ မယ်။ ထွန်ယက်ရေးပိုင်းရှိမယ်။ အဲဒါလေးတွေ ဘယ်လိုလုပ်ကြ မလဲဆိုတာ ဒီနေ့ဆွေးနွေးကြ တယ်’’ ဟု ၎င်းကဆက်လက်ပြော ကြားသည်။

ဝန်ကြီးဌာနက လက်ရှိပျက် စီးသော နှမ်းစိုက်ဧကများမှ တောင်သူများသည် မည်သည့်သီး နှံပြန်လည်စိုက်ပျိုးမည်ကို စာရင်း အတိအကျကောက်ယူပြီးမှသာ အကူအညီပေးရေး  ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ဦးမျိုးတင့် ထွန်းကဆိုသည်။

‘‘ခုလောလောဆယ်မှာ နွေ နှမ်းစိုက်တဲ့ တောင်သူတွေက ဘယ်နှဧက  စပါးပြန်စိုက်မှာလဲ၊ အဲဒီအတွက် စပါးဘယ်လောက် လိုမလဲ၊ ထွန်ယက်ရေးအတွက် ဧကဘယ်လောက်ရှိမလဲ၊ ဒီအ တွက် ဒီဇယ်ဆီဘယ်လောက်လို မလဲ။ အဲဒါလေးတွေအသေးစိတ် တွက်ဖို့လိုမယ်’’ ဟု ဦးမျိုးတင့် ထွန်းက ပြောသည်။

ယင်းသို့ ပြန်လည်စိုက်ပျိုး မည့် ဧကအတိအကျရရှိပါက စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှု လယ်ယာဦးစီးဌာနမှ မျိုးရရှိရေး နှင့် ထွန်ယက်ရေးကိစ္စရပ်များကူ ညီမည်ဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘အခုညှိထားတာကတော့ ဘာပဲဖြစ်ဖြစ် ခုမှဇွန်ပဲရှိသေးတော့ စပါး စိုက်နိုင်မယ်ဆိုရင် ကောင်း ကောင်းအချိန်မီတယ်။ အဲဒီတော့ ပြန်စိုက်ဖြစ်အောင်လုပ်ဖို့ ကြိုး စားနေတယ်’’ ဟု ဦးမျိုးတင့်ထွန်း ကဆိုသည်။

၂၀၁၇ ကတစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် စိုက်ဧကငါးသိန်း ကျော်ရေကြီးနစ်မြုပ်ပြီး စပါးစိုက် ဧကနှစ်သိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဦးမျိုးတင့်ထွန်းကပြော သည်။