ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေး မောင်တောဒေသသို့ သွားရောက်

ကုလအထူးအကြံပေးနှင့်အဖွဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖြတ်ကျော်တံတားသို့ သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ − MOI)

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် ခရစ္စတင်းရှယန်နာဘာဂီနာသည် ဇွန်လ ၁၈ရက်က မောင်တောဒေ သသို့သွားရောက်ကာ ပြန်လည်  လက်ခံရေးလုပ်ငန်းများ ဆောင် ရွက်ထားမှုကိုကြည့်ရှုခဲ့ပြီး  နယ်စပ်မျဉ်းအနီးတွင် နေထိုင်နေ သော   ဘင်္ဂါလီများနှင့်တွေ့ဆုံခဲ့သည်။ 

ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးကို လူဝင်မှုကြီး ကြပ်ရေးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးကိုကိုသော်က ပြန် လည်ဝင်ရောက်လာသူများအ တွက် စိစစ်ဆောင်ရွက်ရမည့်ကိစ္စ များ၊ NV ကတ်အကြောင်း၊ ထုတ် ပေးနိုင်ရန် အချက်အလက်များ၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူ ဟုတ်၊ မဟုတ်စိစစ်ချက်များရှင်း လင်းပြောကြားသည်။ 

ယင်းနောက် ၎င်းသည်နယ် စပ်ခြံစည်းရိုးအနီးနယ်စပ်မျဉ်း တွင် နေထိုင်နေသော ဘင်္ဂါလီများကို တွေ့ဆုံပြီး ပန်းတောပြင် ဘင်္ဂါလီကျေးရွာ၊ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ခဲ့သည်။ 

၎င်းသည် ဇွန်လ ၁၇ရက်က  ရခိုင်ပြည်နယ်သို့ ရောက်ရှိလာ ပြီးမြေပုံနှင့် စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းအချို့သို့ သွားရောက်လေ့လာခဲ့ကာ ပြည် နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်လည်း တွေ့ဆုံခဲ့သည်။ 

မစ္စစ်ခရစ္စတင်းရှယန်နာဘာ ဂီနာသည် ဇွန်လ ၁၃ရက်က နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ကူညီဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။